အင်္ဂလန်-ဒိန်းမတ်ပွဲသွားကြည့်လို့ အလုပ်အထုတ်ခံခဲ့ရတဲ့ အမျိုးသမီး

အမျိုးသမီးတစ်ဦးဟာဝင်ဘာလေကွင်းမှာအင်္ဂလန်နှင့်ဒိန်းမတ်တို့ကစားတဲ့ပွဲယူရို၂၀၂၀ပွဲကိုသွားကြည့်လို့အလုပ်ထုတ်ခံခဲ့ရပါတယ်။

အသက်၃၇နှစ်ရှိနီနာဖာရိုးကီဟာ Composite Prime မှာDigital Content Producer အဖြစ်အလုပ်လုပ်နေသူဖြစ်ပြီးဗုဒ္ဓဟူးနေ့တုန်းကအင်္ဂလန်ရဲ့သမိုင်းဝင်အောင်ပွဲကိုကွင်းထဲသို့ကိုယ်တိုင်သွားရောက်ကြည့်ခဲ့ပါတယ်။

ယင်းနေ့မှာသူဟာဝန်ထမ်းနည်းပါးမှုကြောင့်အလုပ်ကိုမဖြစ်မနေတက်ရပါမယ်။ဒါပေမယ့်သူမကလည်းယူရိုပွဲကိုသွားကြည့်ချင်တာကြောင့်နေထိုင်မကောင်းဘူးဆိုပြီးအလုပ်မသွားဘဲယူရိုဆီမီးပွဲသွားကြည့်ခဲ့ပါတယ်။

ကံဆိုးချင်တော့သူမနဲ့သူငယ်ချင်းဖြစ်သူတို့ကွင်းထဲမှာအောင်ပွဲခံနေတာကိုရုပ်သံကရိုက်ကူးပြီးထုတ်လွှင့်ပြသခဲ့ချိန်မှာတော့သူမရဲ့အလိမ်ပေါ်သွားပါတယ်။ပြောရမယ်ဆိုရင်ပထမပိုင်းမှာအင်္ဂလန်ဘက်ကချေပဂိုးသွင်းလိုက်ပြီးတဲ့နောက်အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

သူမနဲ့သူငယ်ချင်းဖြစ်သူတို့ဝင်ဘာလေကွင်းမှာအောင်ပွဲခံနေတာကိုရုပ်သံကင်မရာက Zoom ဆွဲပြီးအနီးကပ်ရိုက်ကူးပြသခဲ့ပါတယ်။

နီနာဟာလန်ဒန်မှာမနက်၆နာရီအထိနေခဲ့ပြီးဘရက်ဖို့ဒ်သို့နံနက်၆နာရီရထားဖြင့်ပြန်လာခဲ့ပါတယ်။ဒါပေမယ့်လမ်းပေါ်မှာဘဲသူမအလုပ်ထုတ်ခံလိုက်ရကြောင်းသိရပါတယ်။

နီနာက “ပွဲကိုကျွန်မရောက်နေတာသိတယ်လို့ပြောပါတယ်။ကျွန်မကိုယ်တိုင်ကလည်းလုပ်ခဲ့တယ်။နောင်တတော့ရမိတယ်။ဘယ်သူမှအလုပ်ထုတ်မခံချင်ဘူး။ဘာပဲဖြစ်ဖြစ် ဒီပွဲကိုမကြည့်ဖြစ်လိုက်လို့နောင်တရမိမှာတော့စိုးမိတယ်။နောက်တစ်ကြိမ်ဒီလိုကြုံဦးမယ်ဆိုရင်လည်းလုပ်ပါဦးမယ်”လို့ပြောကြားသွားပါတယ်။

တစ်ဖက်တွင် ကုမ္ပဏီကလည်း နီနာဘက်ကသာအင်္ဂလန်ပွဲသွားကြည့်မယ်ဆိုပြီးရိုးသားစွာအကြောင်းကြားလာခဲ့မယ်ဆိုရင်သွားကြည့်ခွင့်ပေးမှာဖြစ်ပြီးအထုတ်မှာမဟုတ်‌ ကြောင်းဆိုထားပါတယ်။

ZawGyi

အဂၤလန္-ဒိန္းမတ္ပြဲသြားၾကည့္လို႔ အလုပ္အထုတ္ခံခဲ့ရတဲ့ အမ်ိဳးသမီး

အမ်ိဳးသမီးတစ္ဦးဟာဝင္ဘာေလကြင္းမွာအဂၤလန္ႏွင့္ဒိန္းမတ္တို႔ကစားတဲ့ပြဲယူ႐ို၂၀၂၀ပြဲကိုသြားၾကည့္လို႔အလုပ္ထုတ္ခံခဲ့ရပါတယ္။

အသက္၃၇ႏွစ္ရွိနီနာဖာ႐ိုးကီဟာ Composite Prime မွာDigital Content Producer အျဖစ္အလုပ္လုပ္ေနသူျဖစ္ၿပီးဗုဒၶဟူးေန႔တုန္းကအဂၤလန္ရဲ႕သမိုင္းဝင္ေအာင္ပြဲကိုကြင္းထဲသို႔ကိုယ္တိုင္သြားေရာက္ၾကည့္ခဲ့ပါတယ္။

ယင္းေန႔မွာသူဟာဝန္ထမ္းနည္းပါးမႈေၾကာင့္အလုပ္ကိုမျဖစ္မေနတက္ရပါမယ္။ဒါေပမယ့္သူမကလည္းယူ႐ိုပြဲကိုသြားၾကည့္ခ်င္တာေၾကာင့္ေနထိုင္မေကာင္းဘူးဆိုၿပီးအလုပ္မသြားဘဲယူ႐ိုဆီမီးပြဲသြားၾကည့္ခဲ့ပါတယ္။

ကံဆိုးခ်င္ေတာ့သူမနဲ႔သူငယ္ခ်င္းျဖစ္သူတို႔ကြင္းထဲမွာေအာင္ပြဲခံေနတာကို႐ုပ္သံက႐ိုက္ကူးၿပီးထုတ္လႊင့္ျပသခဲ့ခ်ိန္မွာေတာ့သူမရဲ႕အလိမ္ေပၚသြားပါတယ္။ေျပာရမယ္ဆိုရင္ပထမပိုင္းမွာအဂၤလန္ဘက္ကေခ်ပဂိုးသြင္းလိုက္ၿပီးတဲ့ေနာက္အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

သူမနဲ႔သူငယ္ခ်င္းျဖစ္သူတို႔ဝင္ဘာေလကြင္းမွာေအာင္ပြဲခံေနတာကို႐ုပ္သံကင္မရာက Zoom ဆြဲၿပီးအနီးကပ္႐ိုက္ကူးျပသခဲ့ပါတယ္။

နီနာဟာလန္ဒန္မွာမနက္၆နာရီအထိေနခဲ့ၿပီးဘရက္ဖို႔ဒ္သို႔နံနက္၆နာရီရထားျဖင့္ျပန္လာခဲ့ပါတယ္။ဒါေပမယ့္လမ္းေပၚမွာဘဲသူမအလုပ္ထုတ္ခံလိုက္ရေၾကာင္းသိရပါတယ္။

နီနာက “ပြဲကိုကြၽန္မေရာက္ေနတာသိတယ္လို႔ေျပာပါတယ္။ကြၽန္မကိုယ္တိုင္ကလည္းလုပ္ခဲ့တယ္။ေနာင္တေတာ့ရမိတယ္။ဘယ္သူမွအလုပ္ထုတ္မခံခ်င္ဘူး။ဘာပဲျဖစ္ျဖစ္ ဒီပြဲကိုမၾကည့္ျဖစ္လိုက္လို႔ေနာင္တရမိမွာေတာ့စိုးမိတယ္။ေနာက္တစ္ႀကိမ္ဒီလိုႀကဳံဦးမယ္ဆိုရင္လည္းလုပ္ပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

တစ္ဖက္တြင္ ကုမၸဏီကလည္း နီနာဘက္ကသာအဂၤလန္ပြဲသြားၾကည့္မယ္ဆိုၿပီး႐ိုးသားစြာအေၾကာင္းၾကားလာခဲ့မယ္ဆိုရင္သြားၾကည့္ခြင့္ေပးမွာျဖစ္ၿပီးအထုတ္မွာမဟုတ္‌ ေၾကာင္းဆိုထားပါတယ္။