အင်္ဂလန်-ပြင်သစ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲလက်မှတ် ပေါင် ၅၀၀၀ အထိမြင့်တက်

အင်္ဂလန်နှင့်ပြင်သစ်တို့ရင်ဆိုင်ကစားကြမယ့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်လက်မှတ်ဈေးနှုန်းမှာသတ်မှတ်ဈေးနှုန်းထက်၂၈ဆအထိမြင့်တက်ကာပေါင်၅၀၀၀အထိမြင့်မားနေပါတယ်။

အင်္ဂလန်ဟာလာမယ့်စနေနေ့ညတွင်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့နှစ်ကြိမ်ဆက်တိုက်တက်နိုင်ရေးအတွက်ပြင်သစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ယင်းပွဲစဉ်အတွက် category 2 လက်မှတ်ဈေးနှုန်းမှာပေါင်၁၇၅ပဲရှိပါတယ်။

ဒါပေမဲ့ပရိသတ်များကလက်မှတ်များအလျှင်အမြန်ဝယ်ယူနေကြမှုနှင့်အတူအချို့မှာမှောင်ခိုဈေးကွက်တွင်ဈေးအဆမတန်တင်ပြီးရောင်းချရေးအခွင့်အရေးရရှိလာကြပါတယ်။

အင်္ဂလန်နှင့်ပြင်သစ်တို့ရဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲကိုဖီဖာတရားဝင်ဝက်ဘ်ဆိုက်တွင်ဈေးနှုန်းပေါင်၁၇၅သာသတ်မှတ်ထားပေမဲ့အခြားလက်မှတ်ရောင်းချတဲ့ဝက်ဘ်ဆိုက်များမှာတော့ပေါင်၅၀၀၀အထိဈေးနှုန်းမြှင့်ကာရောင်းချနေပါတယ်။

အဆိုပါပမာဏမှာမူရင်းဈေးနှုန်းထက်၂၈ဆပိုများပြားတဲ့ပမာဏလည်းဖြစ်ပါတယ်။

Al Bayt Stadium တွင်ကစားမယ့်ယင်းပွဲစဉ်ကိုအင်္ဂလန်ပရိသတ်၉၅၀၀ ဝန်းကျင်လာရောက်ကြည့်ရှုမယ်လို့ခန့်မှန်းရပါတယ်။

ဒါပေမဲ့အင်္ဂလန်အသင်းဟာဒက်လန်းရိုက်စ်မှာလေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိမှုနှင့်အတူကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲကိုလွဲဖွယ်ရှိနေပါတယ်။ဒက်လန်းရိုက်စ်မှာဖျားနာနေမှုကြောင့်လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိပါဘူး။

ZawGyi

အဂၤလန္-ျပင္သစ္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲလက္မွတ္ ေပါင္ ၅၀၀၀ အထိျမင့္တက္

အဂၤလန္ႏွင့္ျပင္သစ္တို႔ရင္ဆိုင္ကစားၾကမယ့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္လက္မွတ္ေဈးႏႈန္းမွာသတ္မွတ္ေဈးႏႈန္းထက္၂၈ဆအထိျမင့္တက္ကာေပါင္၅၀၀၀အထိျမင့္မားေနပါတယ္။

အဂၤလန္ဟာလာမယ့္စေနေန႔ညတြင္ကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္သို႔ႏွစ္ႀကိမ္ဆက္တိုက္တက္ႏိုင္ေရးအတြက္ျပင္သစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ယင္းပြဲစဥ္အတြက္ category 2 လက္မွတ္ေဈးႏႈန္းမွာေပါင္၁၇၅ပဲရွိပါတယ္။

ဒါေပမဲ့ပရိသတ္မ်ားကလက္မွတ္မ်ားအလွ်င္အျမန္ဝယ္ယူေနၾကမႈႏွင့္အတူအခ်ိဳ႕မွာေမွာင္ခိုေဈးကြက္တြင္ေဈးအဆမတန္တင္ၿပီးေရာင္းခ်ေရးအခြင့္အေရးရရွိလာၾကပါတယ္။

အဂၤလန္ႏွင့္ျပင္သစ္တို႔ရဲ႕ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲကိုဖီဖာတရားဝင္ဝက္ဘ္ဆိုက္တြင္ေဈးႏႈန္းေပါင္၁၇၅သာသတ္မွတ္ထားေပမဲ့အျခားလက္မွတ္ေရာင္းခ်တဲ့ဝက္ဘ္ဆိုက္မ်ားမွာေတာ့ေပါင္၅၀၀၀အထိေဈးႏႈန္းျမႇင့္ကာေရာင္းခ်ေနပါတယ္။

အဆိုပါပမာဏမွာမူရင္းေဈးႏႈန္းထက္၂၈ဆပိုမ်ားျပားတဲ့ပမာဏလည္းျဖစ္ပါတယ္။

Al Bayt Stadium တြင္ကစားမယ့္ယင္းပြဲစဥ္ကိုအဂၤလန္ပရိသတ္၉၅၀၀ ဝန္းက်င္လာေရာက္ၾကည့္ရႈမယ္လို႔ခန႔္မွန္းရပါတယ္။

ဒါေပမဲ့အဂၤလန္အသင္းဟာဒက္လန္း႐ိုက္စ္မွာေလ့က်င့္ခန္းဆင္းႏိုင္ျခင္းမရွိမႈႏွင့္အတူကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲကိုလြဲဖြယ္ရွိေနပါတယ္။ဒက္လန္း႐ိုက္စ္မွာဖ်ားနာေနမႈေၾကာင့္ေလ့က်င့္ခန္းဆင္းႏိုင္ျခင္းမရွိပါဘူး။