အင်္ဂလန်-အီတလီပွဲကို ကိုင်တွယ်မယ့်ဒိုင်လူကြီးကိုးပါးစ်မှာ စူပါမားကက်ပိုင်ရှင်သန်းကြွယ်သူဌေးတစ်ဦးဖြစ်

လာမယ့်တနင်္ဂနွေနေ့မှာအင်္ဂလန်နှင့်အီတလီတို့ဟာဝင်ဘာလေကွင်းမှာယူရို၂၀၂၀ဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။ယူအီးအက်ဖ်အေဟာအင်္ဂလန်နှင့်အီတလီတို့ရဲ့ယူရိုဗိုလ်လုပွဲကိုကိုင်တွယ်ဖို့ဒတ်ချ်ဒိုင်လူကြီးဘီယွန်ကိုးပါးစ်အားခန့်အပ်ထားပါတယ်။

ဘီယွန်းကိုးပါးစ်မှာစူပါမားကက်များပိုင်ဆိုင်တဲ့သန်းကြွယ်သူဌေးဖြစ်ကြောင်းသိရပါတယ်။အသက်၄၈နှစ်ရှိဒတ်ချ်ဒိုင်လူကြီးဟာ၂၀၁၆ခုနှစ်တုန်းကပင်ပေါင်၁၁.၅သန်းအထိပိုင်ဆိုင်သူဖြစ်ပြီးသူနေထိုင်ရာမြို့မှာစီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

သူ့ကိုဂျာမနီနယ်စပ်အနီးအိုလ်ဒင်ဇယ်မှာမွေးဖွားပါတယ်။သူဟာယင်းမြို့မှာစူပါမားကက်ပိုင်ရှင်ထားတဲ့အပြင်ဆံပင်အလှပြုပြင်ရေးဆိုင်လည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

ဒါ့အပြင်ကိုးပါးစ်ဟာနယ်သာလန်နှင့်ဘယ်လ်ဂျီယံနိုင်ငံများတလွှားတွင် စတိုးဆိုင်ဖွင့်ရောင်းချနေတဲ့ Jumbo စတိုးအား သူတို့မြို့ရဲ့ကိုယ်စားလှယ်အဖြစ်ရယူလုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

သူဟာအလုပ်ကိုကောင်းမွန်ကြီးကြပ်အောင်မြင်အောင်စွမ်းဆောင်နိုင်မှုကြောင့်၂၀၁၆ခုနှစ်တုန်းက အကောင်းဆုံး Jumbo Franchisee ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာတက္ကသိုလ်တုန်းကစီးပွားရေးရပ်ဖြင့်အောင်မြင်ခဲ့ပေမယ့်လည်းအဖိုးဖြစ်သူခြေရာနင်းကာဒိုင်လူကြီးလုပ်ခဲ့သူဖြစ်ပါတယ်။

အဖိုးဖြစ်သူအင်ဒရေဗန်လီဝင်ဟာ၁၉၆၃ခုနှစ်တုန်းကအက်သလက်တီကိုအားစပါးစ်ကအနိုင်ရရှိတဲ့ရှုံးထွက်ဗိုလ်များဖလားဗိုလ်လုပွဲကိုကြီးကြပ်ခဲ့သူဖြစ်ပါတယ်။

ကိုးပါးစ်ဟာ၂၀၀၂ခုနှစ်မှာပရော်ဖက်ရှင်နယ်ဒိုင်လောကသို့ဝင်ရောက်ခဲ့ပြီးသုံးနှစ်အတွင်းမှာဒတ်ချ်အဆင့်မြင့်တန်းလိဂ်မှာကိုင်တွယ်ခွင့်ရခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်တုန်းကဒတ်ချ်အဆင့်မြင့်တန်းပွဲပွဲ၂၀အထိကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

သူဟာ၂၀၀၆ခုနှစ်တုန်းကဖီဖာရဲ့နိုင်ငံတကာပြိုင်ပွဲများဒိုင်စာရင်းမှာထည့်သွင်းခြင်းခံခဲ့ရတာကြောင့်နိုင်ငံတကာပွဲကြီးများနှင့်စိမ်းသူမဟုတ်ပါဘူး။

သူဟာ၂၀၁၃နှင့်၂၀၁၈ခုနှစ်တို့တွင်ယူရိုပါလိဂ်ဗိုလ်လုပွဲအားကြီးကြပ်ခဲ့သလို၂၀၁၄ခုနှစ်တုန်းကရီးရဲလ်မက်ဒရစ်ကအက်သလက်တီကိုအားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်းကြီးကြပ်ခဲ့ပါတယ်။

သူဟာအင်္ဂလန်ယူ-၂၁ ကိုဂျာမနီယူ-၂၁က ၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့၂၀၀၉ယူရို၂၁ဗိုလ်လုပွဲကိုလည်းကြီးကြပ်ခဲ့ပါတယ်။ထိုစဉ်ကဂျာမနီယူ-၂၁အသင်းမှာမန်နူရယ်နူအာနှင့်ဟမ်မဲလ်တို့ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်ယူ-၂၁မှကစားသမားတွေကတော့ယခုအင်္ဂလန်အသင်းမှာမပါဝင်ပါဘူး။

‌ဆောက်ဂိတ်အတွက်ကံကောင်းတာကတော့၂၀၁၈ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တုန်းကကိုးပါးစ်ကိုင်တွယ်တဲ့ဆွီဒင်နှင့်ပွဲမှာအနိုင်ရခဲ့ပါတယ်။ဒါ့အပြင်အင်္ဂလန်ယူ-၂၀အသင်း ၂၀၁၇ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဗီနီဇွဲလားကိုအနိုင်ရစဉ်ကကိုးပါးစ်ကိုင်တွယ်ခဲ့တာပါ။

ကိုးပါးစ်ဟာအီတလီနှစ်ပွဲကိုလည်းကိုင်တွယ်ဖူးပါတယ်။ကိုးပါးစ်ဟာ၂၀၁၄ကမ္ဘာ့ဖလားအုပ်စုတုန်းကအီတလီကိုပြင်သစ်ကနိုင်ပွဲကိုကြီးကြပ်ခဲ့သလိုအီတလီကအင်္ဂလန်ကို၂-၁ဂိုးနဲ့အနိုင်ရတဲ့အုပ်စုပွဲကိုလည်းကြီးကြပ်ခဲ့ပါတယ်။

အင်္ဂလန်နှင့်အီတလီတို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲမှာလက်ထောက်ဒိုင်လူကြီးများအဖြစ်ဒက်ချ်ဒိုင်များဖြစ်ကြတဲ့ဆန်ဒါဗန်ရိုးကယ်နှင့်အာဝင်းဇိန်းထရာတို့ကကြီးကြပ်သွားပါမယ်။စတုတ္ထဒိုင်အဖြစ်ကားလို့စ်ဒယ်ကာရိုဂရန်ဒီကတာဝန်ယူမှာဖြစ်ပြီးVAR ဒိုင်အဖြစ်ဂျာမန်ဒိုင်လူကြီးဘာစတီယန်ဒန်ကတ်ကတာဝန်ယူပါမယ်။

ZawGyi

အဂၤလန္-အီတလီပြဲကို ကိုင္တြယ္မယ့္ဒိုင္လူႀကီးကိုးပါးစ္မွာ စူပါမားကက္ပိုင္ရွင္သန္းႂကြယ္သူေဌးတစ္ဦးျဖစ္

လာမယ့္တနဂၤေႏြေန႔မွာအဂၤလန္ႏွင့္အီတလီတို႔ဟာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။ယူအီးအက္ဖ္ေအဟာအဂၤလန္ႏွင့္အီတလီတို႔ရဲ႕ယူ႐ိုဗိုလ္လုပြဲကိုကိုင္တြယ္ဖို႔ဒတ္ခ်္ဒိုင္လူႀကီးဘီယြန္ကိုးပါးစ္အားခန႔္အပ္ထားပါတယ္။

ဘီယြန္းကိုးပါးစ္မွာစူပါမားကက္မ်ားပိုင္ဆိုင္တဲ့သန္းႂကြယ္သူေဌးျဖစ္ေၾကာင္းသိရပါတယ္။အသက္၄၈ႏွစ္ရွိဒတ္ခ်္ဒိုင္လူႀကီးဟာ၂၀၁၆ခုႏွစ္တုန္းကပင္ေပါင္၁၁.၅သန္းအထိပိုင္ဆိုင္သူျဖစ္ၿပီးသူေနထိုင္ရာၿမိဳ႕မွာစီးပြားေရးစြမ္းေဆာင္ရွင္တစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။

သူ႔ကိုဂ်ာမနီနယ္စပ္အနီးအိုလ္ဒင္ဇယ္မွာေမြးဖြားပါတယ္။သူဟာယင္းၿမိဳ႕မွာစူပါမားကက္ပိုင္ရွင္ထားတဲ့အျပင္ဆံပင္အလွျပဳျပင္ေရးဆိုင္လည္းပိုင္ဆိုင္သူျဖစ္ပါတယ္။

ဒါ့အျပင္ကိုးပါးစ္ဟာနယ္သာလန္ႏွင့္ဘယ္လ္ဂ်ီယံႏိုင္ငံမ်ားတလႊားတြင္ စတိုးဆိုင္ဖြင့္ေရာင္းခ်ေနတဲ့ Jumbo စတိုးအား သူတို႔ၿမိဳ႕ရဲ႕ကိုယ္စားလွယ္အျဖစ္ရယူလုပ္ေဆာင္ေနသူလည္းျဖစ္ပါတယ္။

သူဟာအလုပ္ကိုေကာင္းမြန္ႀကီးၾကပ္ေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္မႈေၾကာင့္၂၀၁၆ခုႏွစ္တုန္းက အေကာင္းဆုံး Jumbo Franchisee ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာတကၠသိုလ္တုန္းကစီးပြားေရးရပ္ျဖင့္ေအာင္ျမင္ခဲ့ေပမယ့္လည္းအဖိုးျဖစ္သူေျခရာနင္းကာဒိုင္လူႀကီးလုပ္ခဲ့သူျဖစ္ပါတယ္။

အဖိုးျဖစ္သူအင္ဒေရဗန္လီဝင္ဟာ၁၉၆၃ခုႏွစ္တုန္းကအက္သလက္တီကိုအားစပါးစ္ကအႏိုင္ရရွိတဲ့ရႈံးထြက္ဗိုလ္မ်ားဖလားဗိုလ္လုပြဲကိုႀကီးၾကပ္ခဲ့သူျဖစ္ပါတယ္။

ကိုးပါးစ္ဟာ၂၀၀၂ခုႏွစ္မွာပေရာ္ဖက္ရွင္နယ္ဒိုင္ေလာကသို႔ဝင္ေရာက္ခဲ့ၿပီးသုံးႏွစ္အတြင္းမွာဒတ္ခ်္အဆင့္ျမင့္တန္းလိဂ္မွာကိုင္တြယ္ခြင့္ရခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဒတ္ခ်္အဆင့္ျမင့္တန္းပြဲပြဲ၂၀အထိကိုင္တြယ္ခြင့္ရခဲ့ပါတယ္။

သူဟာ၂၀၀၆ခုႏွစ္တုန္းကဖီဖာရဲ႕ႏိုင္ငံတကာၿပိဳင္ပြဲမ်ားဒိုင္စာရင္းမွာထည့္သြင္းျခင္းခံခဲ့ရတာေၾကာင့္ႏိုင္ငံတကာပြဲႀကီးမ်ားႏွင့္စိမ္းသူမဟုတ္ပါဘူး။

သူဟာ၂၀၁၃ႏွင့္၂၀၁၈ခုႏွစ္တို႔တြင္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအားႀကီးၾကပ္ခဲ့သလို၂၀၁၄ခုႏွစ္တုန္းကရီးရဲလ္မက္ဒရစ္ကအက္သလက္တီကိုအားအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္းႀကီးၾကပ္ခဲ့ပါတယ္။

သူဟာအဂၤလန္ယူ-၂၁ ကိုဂ်ာမနီယူ-၂၁က ၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့၂၀၀၉ယူ႐ို၂၁ဗိုလ္လုပြဲကိုလည္းႀကီးၾကပ္ခဲ့ပါတယ္။ထိုစဥ္ကဂ်ာမနီယူ-၂၁အသင္းမွာမန္ႏူရယ္ႏူအာႏွင့္ဟမ္မဲလ္တို႔ပါဝင္ခဲ့ပါတယ္။ အဂၤလန္ယူ-၂၁မွကစားသမားေတြကေတာ့ယခုအဂၤလန္အသင္းမွာမပါဝင္ပါဘူး။

‌ေဆာက္ဂိတ္အတြက္ကံေကာင္းတာကေတာ့၂၀၁၈ကမာၻ႔ဖလားကြာတားဖိုင္နယ္တုန္းကကိုးပါးစ္ကိုင္တြယ္တဲ့ဆြီဒင္ႏွင့္ပြဲမွာအႏိုင္ရခဲ့ပါတယ္။ဒါ့အျပင္အဂၤလန္ယူ-၂၀အသင္း ၂၀၁၇ကမာၻ႔ဖလားဗိုလ္လုပြဲမွာဗီနီဇြဲလားကိုအႏိုင္ရစဥ္ကကိုးပါးစ္ကိုင္တြယ္ခဲ့တာပါ။

ကိုးပါးစ္ဟာအီတလီႏွစ္ပြဲကိုလည္းကိုင္တြယ္ဖူးပါတယ္။ကိုးပါးစ္ဟာ၂၀၁၄ကမာၻ႔ဖလားအုပ္စုတုန္းကအီတလီကိုျပင္သစ္ကႏိုင္ပြဲကိုႀကီးၾကပ္ခဲ့သလိုအီတလီကအဂၤလန္ကို၂-၁ဂိုးနဲ႔အႏိုင္ရတဲ့အုပ္စုပြဲကိုလည္းႀကီးၾကပ္ခဲ့ပါတယ္။

အဂၤလန္ႏွင့္အီတလီတို႔ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလက္ေထာက္ဒိုင္လူႀကီးမ်ားအျဖစ္ဒက္ခ်္ဒိုင္မ်ားျဖစ္ၾကတဲ့ဆန္ဒါဗန္႐ိုးကယ္ႏွင့္အာဝင္းဇိန္းထရာတို႔ကႀကီးၾကပ္သြားပါမယ္။စတုတၳဒိုင္အျဖစ္ကားလို႔စ္ဒယ္ကာ႐ိုဂရန္ဒီကတာဝန္ယူမွာျဖစ္ၿပီးVAR ဒိုင္အျဖစ္ဂ်ာမန္ဒိုင္လူႀကီးဘာစတီယန္ဒန္ကတ္ကတာဝန္ယူပါမယ္။