အင်္ဂလန်-အီတလီယူရိုဗိုလ်လုပွဲကို ပရွက်ပျံများ အကြီးအကျယ်ဒုက္ခပေးနိုင်

အင်္ဂလန်နှင့်အီတလီတို့ရင်ဆိုင်ကစားကြမယ့်ယူရို၂၀၂၀ဗိုလ်လုပွဲမှာပရွတ်ပျံများရဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

အင်္ဂလန်နှင့်အီတလီတို့ဟာယနေ့ညတွင်လန်ဒန်ရှိဝင်ဘာလေကွင်းမှာယူရို၂၀၂၀ဗိုလ်လုပွဲရင်ဆိုင်ကစားကြရပါမယ်။ဒါပေမယ့်ရေဒါတွင်ဖော်ပြမှုအရလန်ဒန်ကောင်းကင်ယံတွင်သန်းပေါင်းများစွာသောပရွတ်ပျံများပျံသန်းနေကြောင်းတွေ့ရပါတယ်။

ပရွတ်ပျံများဟာလန်ဒန်ရှိအားကစားပွဲများကိုဒုက္ခပေးလာတဲ့နှစ်အတန်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။၂၀၁၇ခုနှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတုန်းတင်းနစ်ပွဲယှဉ်ပြိုင်နေစဉ်ပရွတ်ပျံများတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ယခုအချိန်မှာမိတ်လိုက်ရာသီဖြစ်ရာပရွတ်ပျံများဟာမိတ်လိုက်ရန်အတွက်သန်းချီကာ စုဝေးပျံသန်းနေကြတာလည်းဖြစ်ပါတယ်။

ZawGyi




