အင်္ဂလန်-အီရန်ပွဲကို ကိုင်တွယ်မဲ့ ဒိုင်လူကြီးမှာ ဖလာမင်ဂို-ဖလူးမီးနက်စ်ပွဲတွင် ကစားသမား ၅ ဦကို အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးဖြစ်နေ

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စု(ခ)အဖွင့်ပွဲအဖြစ်ကစားလာမယ့်ယနေ့ညအင်္ဂလန်နှင့်အီရန်ပွဲစဉ်ကိုဘရာဇီးဒိုင်လူကြီးရာဖေးလ်ကလပ်စ်ကကြီးကြပ်လာပါမယ်။

ရာဖေးလ်ကလပ်စ်ဟာပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပွဲစဉ်အဖြစ်ယနေ့ညအင်္ဂလန်နှင့်အီရန်ပွဲကိုကြီးကြပ်လာမှာလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့၂၀၂၁ခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲတွင်ကိုလံဘီယာနှင့်ပီရူးပွဲတို့ရဲ့တတိယနေရာလုပွဲအပါအဝင်ပွဲများကိုကြီးကြပ်ခဲ့သူဖြစ်ပါတယ်။

အသက်၄၃နှစ်ရှိဒိုင်လူကြီးဟာ၂၀၁၉ ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အခြားဘရာဇီးဒိုင်လူကြီးဝီလ်တွန်တမ်ပါအိုနှင့်အတူရွေးချယ်ခြင်းခံထားရပါတယ်။

ကလပ်စ်ဟာမကြာခဏအနီကတ်၊အဝါကတ်သုံးတတ်တဲ့ဒိုင်လူကြီးအဖြစ်နာမည်ကြီးသူဖြစ်ရာအင်္ဂလန်နှင့်အီရန်ကစားသမားများအနေဖြင့်အထူးသတိထားရပါမယ်။

သူဟာအဝါကတ်၁၁၄ကတ်အထိအသုံးပြုထားရာတစ်ပွဲပျမ်းမျှ၄.၆၇နှုန်းအဝါကတ်ပြပါတယ်။

သူဟာယခုရာသီတွင်ဘရာဇီးစီးရီးအေပွဲ၂၄ပွဲကြီးကြပ်ထားရာတွင်လည်းကစားသမား၁၀ဦးကိုအနီကတ်ပြထုတ်ပယ်ထားပါတယ်။

အထင်ရှားဆုံးကတော့စက်တင်ဘာတုန်းကဖလာမင်ဂိုနှင့်ဖလူးမီးနက်စ်တို့ရဲ့ပွဲစဉ်ရဲ့ပွဲချိန်မိနစ်၉၀တွင်ကစားသမား၅ဦးအနီကတ်ပြထုတ်ခံတာဖြစ်ပါတယ်။

ZawGyi

အဂၤလန္-အီရန္ပြဲကို ကိုင္တြယ္မဲ့ ဒိုင္လူႀကီးမွာ ဖလာမင္ဂို-ဖလူးမီးနက္စ္ပြဲတြင္ ကစားသမား ၅ ဦကို အနီကတ္ျပခဲ့တဲ့ ဒိုင္လူႀကီးျဖစ္ေန

၂၀၂၂ ကမာၻ႔ဖလားအုပ္စု(ခ)အဖြင့္ပြဲအျဖစ္ကစားလာမယ့္ယေန႔ညအဂၤလန္ႏွင့္အီရန္ပြဲစဥ္ကိုဘရာဇီးဒိုင္လူႀကီးရာေဖးလ္ကလပ္စ္ကႀကီးၾကပ္လာပါမယ္။

ရာေဖးလ္ကလပ္စ္ဟာပထမဆုံးအႀကိမ္ကမာၻ႔ဖလားပြဲစဥ္အျဖစ္ယေန႔ညအဂၤလန္ႏွင့္အီရန္ပြဲကိုႀကီးၾကပ္လာမွာလည္းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့၂၀၂၁ခုႏွစ္ကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္ကိုလံဘီယာႏွင့္ပီ႐ူးပြဲတို႔ရဲ႕တတိယေနရာလုပြဲအပါအဝင္ပြဲမ်ားကိုႀကီးၾကပ္ခဲ့သူျဖစ္ပါတယ္။

အသက္၄၃ႏွစ္ရွိဒိုင္လူႀကီးဟာ၂၀၁၉ ဖီဖာယူ-၂၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အျခားဘရာဇီးဒိုင္လူႀကီးဝီလ္တြန္တမ္ပါအိုႏွင့္အတူေ႐ြးခ်ယ္ျခင္းခံထားရပါတယ္။

ကလပ္စ္ဟာမၾကာခဏအနီကတ္၊အဝါကတ္သုံးတတ္တဲ့ဒိုင္လူႀကီးအျဖစ္နာမည္ႀကီးသူျဖစ္ရာအဂၤလန္ႏွင့္အီရန္ကစားသမားမ်ားအေနျဖင့္အထူးသတိထားရပါမယ္။

သူဟာအဝါကတ္၁၁၄ကတ္အထိအသုံးျပဳထားရာတစ္ပြဲပ်မ္းမွ်၄.၆၇ႏႈန္းအဝါကတ္ျပပါတယ္။

သူဟာယခုရာသီတြင္ဘရာဇီးစီးရီးေအပြဲ၂၄ပြဲႀကီးၾကပ္ထားရာတြင္လည္းကစားသမား၁၀ဦးကိုအနီကတ္ျပထုတ္ပယ္ထားပါတယ္။

အထင္ရွားဆုံးကေတာ့စက္တင္ဘာတုန္းကဖလာမင္ဂိုႏွင့္ဖလူးမီးနက္စ္တို႔ရဲ႕ပြဲစဥ္ရဲ႕ပြဲခ်ိန္မိနစ္၉၀တြင္ကစားသမား၅ဦးအနီကတ္ျပထုတ္ခံတာျဖစ္ပါတယ္။