အင်္ဂလိပ်ကလပ်နှစ်ခုကို ဝယ်ယူရန် ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ R9

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုဟာဘရန့်ဖို့ဒ်နှင့်ချာလ်တန်အသင်းကိုဝယ်ယူရန်ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်ငြင်းပယ်ကာစပိန်ကလပ်ရီးရဲလ်ဗယ်လာဒိုးလစ်တွင်ရင်းနှီးမြှပ်နှံမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ရော်နယ်ဒိုဟာလန်ဒန်အခြေစိုက်ကလပ်နှစ်ခုတွင်ရင်းနှီးမြှပ်နှံရန်ကမ်းလှမ်းမှုရရှိပေမယ့်လည်းရင်းနှီးမြှပ်နှံမှုပြုလုပ်ရမယ့်ပမာဏကအလွန်များပြားမှုကြောင့်ငြင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်မှာတော့ဗယ်လာဒိုးလစ်အသင်းရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်းကိုယူရိုသန်း၃၀ဖြင့်ဝယ်ယူခဲ့ပြီးကလပ်ဥက္ကဌရာထူးကိုရယူခဲ့ပါတယ်။

ဘရာဇီးနှင့်အတူကမ္ဘာ့ဖလားနှစ်ကြိမ်ရရှိခဲ့တဲ့ရော်နယ်ဒိုက “ကျွန်တော်ကအသင်းတစ်သင်းဝယ်ဖို့ရှာနေတယ်။ဒီအတွက်အတွက်လူတစ်ချို့ဆီကအကူအညီရထားတယ်။အင်္ဂလန်မှာဝယ်ယူဖို့အခွင့်အရေးအများကြီးရခဲ့တယ်။အခုလည်းရနေတုန်းပဲ။ဒါပေမယ့်ဒီကကလပ်တွေကအခြားဥရောပကကလပ်တွေထက်ဈေးနှုန်းကအရမ်းမြင့်လွန်းတယ်။စိတ်ဝင်စားဖို့ကောင်းတော့တော်တော်ကောင်းတယ်။အခုပရီးမီးယားလိဂ်ကဘောလုံးလောကကိုဦးဆောင်နေတာအားလုံးလည်းမြင်ကြမှာပါ။ဒါပေမယ့်အခြားလိဂ်တွေကတော့ငွေကြေးပိုင်းနဲ့ကြည့်ရင်ဝယ်ယူဖို့ကအကောင်းဆုံးပါ။ပြီးတော့အင်္ဂလိပ်ဘောလုံးမှာယှဉ်ပြိုင်ရတာအရမ်းခက်တယ်။ပေါင်သန်း၅၀နဲ့အထက်မြှပ်နှံရမယ့်ဟာတွေချည်းပါပဲ။နောက်ဆုံးတော့ဈေးသက်သာတဲ့ဗယ်လာဒိုးလစ်မှာမြှပ်နှံဖို့ဆုံးဖြတ်ခဲ့တယ်။ကျွန်တော်ကလည်းမက်ဒရစ်မှာဆိုတော့အဆင်အပြေဆုံးလည်းဖြစ်နေတယ်။မက်ဒရစ်နဲ့ဗယ်လာဒိုးလစ်ကအရမ်းနီးတော့အချိန်ပြည့်ဦးစီးနိုင်တယ်။ကျွန်တော့်အတွက်တော့အကောင်းဆုံးဆုံးဖြတ်ချက်ချခဲ့တာလို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုက်စစ်မှူးကတစ်နေ့တွင်အင်္ဂလိပ်ဘောလုံးလောကတွင်ရင်းနှီးမြှပ်နှံမှုပြုလုပ်လာနိုင်ကြောင်းလည်းဆိုသွားပါတယ်။ဒါကြောင့်တစ်နေ့တွင်အင်္ဂလိပ်ဘောလုံးကလပ်တစ်ခုရဲ့ဒါရိုက်တာ Box တွင်ရော်နယ်ဒိုကိုမြင်တွေ့ရနိုင်ပါသေးတယ်။

ZawGyi

အဂၤလိပ္ကလပ္ႏွစ္ခုကို ဝယ္ယူရန္ ကမ္းလွမ္းျခင္းခံခဲ့ရတဲ့ R9

ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးေရာ္နယ္ဒိုဟာဘရန႔္ဖို႔ဒ္ႏွင့္ခ်ာလ္တန္အသင္းကိုဝယ္ယူရန္ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္ျငင္းပယ္ကာစပိန္ကလပ္ရီးရဲလ္ဗယ္လာဒိုးလစ္တြင္ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ေရာ္နယ္ဒိုဟာလန္ဒန္အေျခစိုက္ကလပ္ႏွစ္ခုတြင္ရင္းႏွီးျမႇပ္ႏွံရန္ကမ္းလွမ္းမႈရရွိေပမယ့္လည္းရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ရမယ့္ပမာဏကအလြန္မ်ားျပားမႈေၾကာင့္ျငင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္မွာေတာ့ဗယ္လာဒိုးလစ္အသင္းရဲ႕ရွယ္ယာ၅၁ရာခိုင္ႏႈန္းကိုယူ႐ိုသန္း၃၀ျဖင့္ဝယ္ယူခဲ့ၿပီးကလပ္ဥကၠဌရာထူးကိုရယူခဲ့ပါတယ္။

ဘရာဇီးႏွင့္အတူကမာၻ႔ဖလားႏွစ္ႀကိမ္ရရွိခဲ့တဲ့ေရာ္နယ္ဒိုက “ကြၽန္ေတာ္ကအသင္းတစ္သင္းဝယ္ဖို႔ရွာေနတယ္။ဒီအတြက္အတြက္လူတစ္ခ်ိဳ႕ဆီကအကူအညီရထားတယ္။အဂၤလန္မွာဝယ္ယူဖို႔အခြင့္အေရးအမ်ားႀကီးရခဲ့တယ္။အခုလည္းရေနတုန္းပဲ။ဒါေပမယ့္ဒီကကလပ္ေတြကအျခားဥေရာပကကလပ္ေတြထက္ေဈးႏႈန္းကအရမ္းျမင့္လြန္းတယ္။စိတ္ဝင္စားဖို႔ေကာင္းေတာ့ေတာ္ေတာ္ေကာင္းတယ္။အခုပရီးမီးယားလိဂ္ကေဘာလုံးေလာကကိုဦးေဆာင္ေနတာအားလုံးလည္းျမင္ၾကမွာပါ။ဒါေပမယ့္အျခားလိဂ္ေတြကေတာ့ေငြေၾကးပိုင္းနဲ႔ၾကည့္ရင္ဝယ္ယူဖို႔ကအေကာင္းဆုံးပါ။ၿပီးေတာ့အဂၤလိပ္ေဘာလုံးမွာယွဥ္ၿပိဳင္ရတာအရမ္းခက္တယ္။ေပါင္သန္း၅၀နဲ႔အထက္ျမႇပ္ႏွံရမယ့္ဟာေတြခ်ည္းပါပဲ။ေနာက္ဆုံးေတာ့ေဈးသက္သာတဲ့ဗယ္လာဒိုးလစ္မွာျမႇပ္ႏွံဖို႔ဆုံးျဖတ္ခဲ့တယ္။ကြၽန္ေတာ္ကလည္းမက္ဒရစ္မွာဆိုေတာ့အဆင္အေျပဆုံးလည္းျဖစ္ေနတယ္။မက္ဒရစ္နဲ႔ဗယ္လာဒိုးလစ္ကအရမ္းနီးေတာ့အခ်ိန္ျပည့္ဦးစီးႏိုင္တယ္။ကြၽန္ေတာ့္အတြက္ေတာ့အေကာင္းဆုံးဆုံးျဖတ္ခ်က္ခ်ခဲ့တာလို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္တိုက္စစ္မႉးကတစ္ေန႔တြင္အဂၤလိပ္ေဘာလုံးေလာကတြင္ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္လာႏိုင္ေၾကာင္းလည္းဆိုသြားပါတယ္။ဒါေၾကာင့္တစ္ေန႔တြင္အဂၤလိပ္ေဘာလုံးကလပ္တစ္ခုရဲ႕ဒါ႐ိုက္တာ Box တြင္ေရာ္နယ္ဒိုကိုျမင္ေတြ႕ရႏိုင္ပါေသးတယ္။