အင်္ဂလိပ်ဒိုင်မိုက်ကယ်အိုလီဗာရဲ့ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက်ကြောင့် အထုတ်ခံခဲ့ရတဲ့ ဒေါ့မွန်ရဲ့မတ်ဟမ်မဲလ်

အင်္ဂလိပ်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာဟာမနေ့ညတုန်းကဒေါ့မွန်နှင့်အေဂျက်စ်တို့ပွဲစဉ်တွင်မတ်ဟမ်မဲလ်ကိုအနီကတ်ပြထုတ်ပယ်မှုအတွက်အကြီးအကျယ်ဝေဖန်မှုနှင့်ရင်ဆိုင်နေရပါတယ်။

အသက်၃၂နှစ်ရှိဂျာမနီနောက်ခံလူမတ်ဟမ်မဲလ်ဟာအန်တိုနီကိုလျောထိုးဖျက်ထုတ်ခဲ့ပေမယ့်တိုက်ရိုက်လျောထိုးဖျက်ထုတ်တာမဟုတ်ဘဲရှေ့သို့လျောထိုးကာတားဆီးခဲ့တာဖြစ်ပါတယ်။အန်တိုနီကမတ်ဟမ်မဲလ်ရဲ့ခြေထောက်ကိုတက်နင်းခဲ့ပါတယ်။

မတ်ဟမ်မဲလ်ဟာအပြစ်မဲ့တဲ့ဘောလုံးဖျက်ထုတ်မှုပြုလုပ်ခဲ့တာဖြစ်ပြီးအန်တိုနီရဲ့အနည်းငယ်မျှသာထိတွေ့မှုရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်အန်တိုနီဟာကွင်းထဲမှာအကယ်ဒမီရှော့သရုပ်ဆောင်မှုမျိုးဖြင့်လူးလိမ့်နေမှုနဲ့အတူပရီးမီးယားလိဂ်ဒိုင်လူကြီးဟာဟမ်မဲလ်ကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

အိုလီဗာဟာVAR ဒိုင်လူကြီးဖြစ်တဲ့အင်္ဂလိပ်ဒိုင်အတ်ဝဲလ်ရဲ့အကြံပြုမှုရယူခဲ့ပါတယ်။ဒါပေမယ့်အတ်ဝဲလ်ကကွင်းဘေးရှိမော်နီတာတွင်ပြန်လည်ကြည့်ပြီးသုံးသပ်ရန်အကြံပေးခဲ့ခြင်းမရှိခဲ့ပါဘူး။

တကယ်လို့များအိုလီဗာသာကွင်းဘေးမော်နီတာမှာပြန်လည်ကြည့်ခဲ့မယ်ဆိုရင်သူ့အနီကတ်ကိုပယ်ဖျက်လိုက်မှာသေချာနေပါတယ်။

ဒေါ့မွန်ဟာပွဲချိန်၂၉မိနစ်မှာဟမ်မဲလ်အထုတ်ခံရလို့တစ်ယောက်အလျှော့နဲ့ကစားရပေမယ့်ပွဲချိန်၃၉မိနစ်မှာပင်နယ်တီရရှိပြီးမာကိုရူးစ်ရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်အေဂျက်စ်ဟာပွဲချိန်၇၃မိနစ်မှာတာဒစ်ရဲ့ဂိုးနဲ့ချေပဂိုးခဲ့ရပါတယ်။ယင်းနောက်ပွဲချိန်၈၃မိနစ်နှင့်နာကျင်အချိန်ပိုတို့မှာဟယ်လာနှင့်ကလပ်စ်ဆင်တို့ကအေဂျက်စ်အတွက်အနိုင်ဂိုးသွင်းယူသွားလို့ အေဂျက်စ်က၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

အဂၤလိပ္ဒိုင္မိုက္ကယ္အိုလီဗာရဲ႕ဆိုး႐ြားလွတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ အထုတ္ခံခဲ့ရတဲ့ ေဒါ့မြန္ရဲ႕မတ္ဟမ္မဲလ္

အဂၤလိပ္ဒိုင္လူႀကီးမိုက္ကယ္အိုလီဗာဟာမေန႔ညတုန္းကေဒါ့မြန္ႏွင့္ေအဂ်က္စ္တို႔ပြဲစဥ္တြင္မတ္ဟမ္မဲလ္ကိုအနီကတ္ျပထုတ္ပယ္မႈအတြက္အႀကီးအက်ယ္ေဝဖန္မႈႏွင့္ရင္ဆိုင္ေနရပါတယ္။

အသက္၃၂ႏွစ္ရွိဂ်ာမနီေနာက္ခံလူမတ္ဟမ္မဲလ္ဟာအန္တိုနီကိုေလ်ာထိုးဖ်က္ထုတ္ခဲ့ေပမယ့္တိုက္႐ိုက္ေလ်ာထိုးဖ်က္ထုတ္တာမဟုတ္ဘဲေရွ႕သို႔ေလ်ာထိုးကာတားဆီးခဲ့တာျဖစ္ပါတယ္။အန္တိုနီကမတ္ဟမ္မဲလ္ရဲ႕ေျခေထာက္ကိုတက္နင္းခဲ့ပါတယ္။

မတ္ဟမ္မဲလ္ဟာအျပစ္မဲ့တဲ့ေဘာလုံးဖ်က္ထုတ္မႈျပဳလုပ္ခဲ့တာျဖစ္ၿပီးအန္တိုနီရဲ႕အနည္းငယ္မွ်သာထိေတြ႕မႈရွိခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္အန္တိုနီဟာကြင္းထဲမွာအကယ္ဒမီေရွာ့သ႐ုပ္ေဆာင္မႈမ်ိဳးျဖင့္လူးလိမ့္ေနမႈနဲ႔အတူပရီးမီးယားလိဂ္ဒိုင္လူႀကီးဟာဟမ္မဲလ္ကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

အိုလီဗာဟာVAR ဒိုင္လူႀကီးျဖစ္တဲ့အဂၤလိပ္ဒိုင္အတ္ဝဲလ္ရဲ႕အႀကံျပဳမႈရယူခဲ့ပါတယ္။ဒါေပမယ့္အတ္ဝဲလ္ကကြင္းေဘးရွိေမာ္နီတာတြင္ျပန္လည္ၾကည့္ၿပီးသုံးသပ္ရန္အႀကံေပးခဲ့ျခင္းမရွိခဲ့ပါဘူး။

တကယ္လို႔မ်ားအိုလီဗာသာကြင္းေဘးေမာ္နီတာမွာျပန္လည္ၾကည့္ခဲ့မယ္ဆိုရင္သူ႔အနီကတ္ကိုပယ္ဖ်က္လိုက္မွာေသခ်ာေနပါတယ္။

ေဒါ့မြန္ဟာပြဲခ်ိန္၂၉မိနစ္မွာဟမ္မဲလ္အထုတ္ခံရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားရေပမယ့္ပြဲခ်ိန္၃၉မိနစ္မွာပင္နယ္တီရရွိၿပီးမာကို႐ူးစ္ရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ေအဂ်က္စ္ဟာပြဲခ်ိန္၇၃မိနစ္မွာတာဒစ္ရဲ႕ဂိုးနဲ႔ေခ်ပဂိုးခဲ့ရပါတယ္။ယင္းေနာက္ပြဲခ်ိန္၈၃မိနစ္ႏွင့္နာက်င္အခ်ိန္ပိုတို႔မွာဟယ္လာႏွင့္ကလပ္စ္ဆင္တို႔ကေအဂ်က္စ္အတြက္အႏိုင္ဂိုးသြင္းယူသြားလို႔ ေအဂ်က္စ္က၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။