အင်္ဂလိပ်ဒိုင်လူကြီး အန်တိုနီတေလာရဲ့ နှစ်ဝါတစ်နီ ပြသခြင်းခံခဲ့ရပေမယ့် အထုတ်မခံခဲ့ရတဲ့ ဒိုင်နမိုကိဗ်စတား

အင်္ဂလိပ်ဒိုင်လူကြီးအန်တိုနီတေလာဟာမနေ့ညတုန်းကချန်ပီယံလိဂ်ပွဲစဉ်မှာကြီးမားတဲ့အမှားတစ်ခုပြုလုပ်ပြီးအရှက်ရခဲ့ပြန်ပါတယ်။

အသက်၄၂နှစ်ရှိပရီးမီးယားလိဂ်ဒိုင်လူကြီးဟာယခုရာသီမှာအငြင်းပွားစရာကောင်းတဲ့ဆုံးဖြတ်ချက်များချမှုကြောင့်ဝေဖန်မှုများနှင့်ရင်ဆိုင်လာခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာမနေ့ညတုန်းကချန်ပီယံလိဂ်ပွဲစဉ်မှာနောက်ထပ်အမှားတစ်ခုကျူးလွန်ခဲ့ပြန်ပါတယ်။

အင်္ဂလိပ်ဒိုင်လူကြီးဟာဒိုင်နမိုကိဗ်နှင့်ဘင်ဖီကာတို့ရဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အားကြီးကြပ်ခဲ့ပါတယ်။

ဂိုးမရှိသရေကျတဲ့ယင်းပွဲစဉ်ရဲ့ပွဲပြီးဖို့၁၀မိနစ်အလိုမှာအန်တိုနီတေလာဟာမာရီယိုကိုဖျက်ထုတ်မှုပြုလုပ်ခဲ့တဲ့ဒိုင်နမိုကိဗ်စတားဒီနိုင်းဂါမတ်ရှ်ကိုချက်ချင်းပင်အဝါကတ်ပြသပြီးအနီကတ်ဆက်ပြကာထုတ်ပယ်ခဲ့ပါတယ်။

တကယ်တော့အန်တိုနီတေလာဟာဂါမတ်ရှ်ကိုအစောပိုင်းတုန်းကအဝါကတ်တစ်ကတ်ပြသခံထားရတယ်ဆိုပြီးနှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခဲ့တာပါ။

ဒါပေမယ့်တကယ်တမ်းမှာတော့ဂါမတ်ရှ်ကပထမဆုံးအကြိမ်အဝါကတ်ပြသခံခဲ့ရတာပါ။

ယူကရိန်းလက်ရွေးစင်ဟာအနီကတ်ပြသခံရလို့အံဩသင့်ခဲ့ပြီးချက်ချင်းဘဲစောဒကတက်ခဲ့ပါတယ်။

ယင်းနောက်မှာတော့ဒိုင်လူကြီးတေလာဟာသူ့အမှားကိုသိသွားပြီးဆုံးဖြတ်ချက်ကိုပြန်လည်ပြောင်းခဲ့ပါတယ်။

တေလာဟာဩဂုတ်လ၂၈ရက်နေ့တုန်းကလီဗာပူးနှင့်ချဲလ်ဆီးတို့တစ်ဂိုးစီသရေကျတဲ့ပွဲမှာဂိုးစည်းပေါ်မှာလက်ထိဘောဖြစ်ခဲဲ့တဲ့ရီစီဂျိမ်းစ်ကိုအနီကတ်ပြထုတ်ပယ်ပြီးလီဗာပူးဘက်သို့ပင်နယ်တီပေးမှုအတွက်ဝေဖန်မှုခံခဲ့ရပါတယ်။

ယင်းဖြစ်ရပ်ကြောင့်ပရိသတ်များဟာပရီးမီးယားလိဂ်ပွဲများကိုအန်တိုနီတေလာအားကြီးကြပ်ခွင့်မပေးရေးအတွက်ထောက်ခံလက်မှတ်ကောက်ခံမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

ZawGyi

အဂၤလိပ္ဒိုင္လူႀကီး အန္တိုနီေတလာရဲ႕ ႏွစ္ဝါတစ္နီ ျပသျခင္းခံခဲ့ရေပမယ့္ အထုတ္မခံခဲ့ရတဲ့ ဒိုင္နမိုကိဗ္စတား

အဂၤလိပ္ဒိုင္လူႀကီးအန္တိုနီေတလာဟာမေန႔ညတုန္းကခ်န္ပီယံလိဂ္ပြဲစဥ္မွာႀကီးမားတဲ့အမွားတစ္ခုျပဳလုပ္ၿပီးအရွက္ရခဲ့ျပန္ပါတယ္။

အသက္၄၂ႏွစ္ရွိပရီးမီးယားလိဂ္ဒိုင္လူႀကီးဟာယခုရာသီမွာအျငင္းပြားစရာေကာင္းတဲ့ဆုံးျဖတ္ခ်က္မ်ားခ်မႈေၾကာင့္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္လာခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာမေန႔ညတုန္းကခ်န္ပီယံလိဂ္ပြဲစဥ္မွာေနာက္ထပ္အမွားတစ္ခုက်ဴးလြန္ခဲ့ျပန္ပါတယ္။

အဂၤလိပ္ဒိုင္လူႀကီးဟာဒိုင္နမိုကိဗ္ႏွင့္ဘင္ဖီကာတို႔ရဲ႕ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အားႀကီးၾကပ္ခဲ့ပါတယ္။

ဂိုးမရွိသေရက်တဲ့ယင္းပြဲစဥ္ရဲ႕ပြဲၿပီးဖို႔၁၀မိနစ္အလိုမွာအန္တိုနီေတလာဟာမာရီယိုကိုဖ်က္ထုတ္မႈျပဳလုပ္ခဲ့တဲ့ဒိုင္နမိုကိဗ္စတားဒီႏိုင္းဂါမတ္ရွ္ကိုခ်က္ခ်င္းပင္အဝါကတ္ျပသၿပီးအနီကတ္ဆက္ျပကာထုတ္ပယ္ခဲ့ပါတယ္။

တကယ္ေတာ့အန္တိုနီေတလာဟာဂါမတ္ရွ္ကိုအေစာပိုင္းတုန္းကအဝါကတ္တစ္ကတ္ျပသခံထားရတယ္ဆိုၿပီးႏွစ္ဝါတစ္နီျဖင့္ထုတ္ပယ္ခဲ့တာပါ။

ဒါေပမယ့္တကယ္တမ္းမွာေတာ့ဂါမတ္ရွ္ကပထမဆုံးအႀကိမ္အဝါကတ္ျပသခံခဲ့ရတာပါ။

ယူကရိန္းလက္ေ႐ြးစင္ဟာအနီကတ္ျပသခံရလို႔အံဩသင့္ခဲ့ၿပီးခ်က္ခ်င္းဘဲေစာဒကတက္ခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ဒိုင္လူႀကီးေတလာဟာသူ႔အမွားကိုသိသြားၿပီးဆုံးျဖတ္ခ်က္ကိုျပန္လည္ေျပာင္းခဲ့ပါတယ္။

ေတလာဟာဩဂုတ္လ၂၈ရက္ေန႔တုန္းကလီဗာပူးႏွင့္ခ်ဲလ္ဆီးတို႔တစ္ဂိုးစီသေရက်တဲ့ပြဲမွာဂိုးစည္းေပၚမွာလက္ထိေဘာျဖစ္ခဲဲ့တဲ့ရီစီဂ်ိမ္းစ္ကိုအနီကတ္ျပထုတ္ပယ္ၿပီးလီဗာပူးဘက္သို႔ပင္နယ္တီေပးမႈအတြက္ေဝဖန္မႈခံခဲ့ရပါတယ္။

ယင္းျဖစ္ရပ္ေၾကာင့္ပရိသတ္မ်ားဟာပရီးမီးယားလိဂ္ပြဲမ်ားကိုအန္တိုနီေတလာအားႀကီးၾကပ္ခြင့္မေပးေရးအတြက္ေထာက္ခံလက္မွတ္ေကာက္ခံမႈတစ္ခုျဖစ္ေပၚခဲ့ပါတယ္။