အင်္ဂလိပ်ဘောလုံးသမိုင်းတွင် မည်သည့်အသင်းမှ မရသေးတဲ့ စံချိန်သစ်ကို ရေးထိုးလိုက်တဲ့ မန်စီးတီး

မန်စီးတီးဟာအင်္ဂလိပ်ဘောလုံးသမိုင်းတွင်မည်သည့်အသင်းမှရေးထိုးနိုင်ခြင်းမရှိသေးတဲ့စံချိန်သစ်တစ်ခုကိုရေးထိုးလိုက်နိုင်ပြီဖြစ်ပါတယ်။မန်စီးတီးဟာမနေ့ညတုန်းကဆွမ်စီးကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့အက်ဖ် အေဖလားပွဲစဉ်တွင်၁၅ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွမ်စီးနှင့်ပွဲစဉ်မှနိုင်ပွဲမှာစပိန်လူမျိုးနည်းပြပက်ဂွါဒီယိုလာအတွက်မန်စီးတီးနည်းပြဘဝတွင်ပွဲ၂၀၀ မြောက်နိုင်ပွဲအဖြစ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဒီကစားသမားတွေ ဘယ်လောက်ကောင်းတယ်ဆိုတာပြသတာပါ။အခုနောက်တစ်ပွဲအ တွက်စတွေးနေပါပြီ။အခုစံချိန်ကကျွန်တော်တို့နဲ့သက်ဆိုင်နေပါတယ်။ဒီစံချိန်ကရိုက်ချိုးခံရမှာသေချာပါ တယ်။အားကစားမှာအချိုးမခံရတဲ့စံချိန်မရှိပါဘူး”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာလာမယ့်တနင်္ဂနွေနေ့မှာအီတီဟတ်ကွင်းမှာစပါးစ်အသင်းကိုပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ဧည့်ခံကစားသွားရပါမယ်။

ZawGyi

အဂၤလိပ္ေဘာလုံးသမိုင္းတြင္ မည္သည့္အသင္းမွ မရေသးတဲ့ စံခ်ိန္သစ္ကို ေရးထိုးလိုက္တဲ့ မန္စီးတီး

မန္စီးတီးဟာအဂၤလိပ္ေဘာလုံးသမိုင္းတြင္မည္သည့္အသင္းမွေရးထိုးႏိုင္ျခင္းမရွိေသးတဲ့စံခ်ိန္သစ္တစ္ခုကိုေရးထိုးလိုက္ႏိုင္ၿပီျဖစ္ပါတယ္။မန္စီးတီးဟာမေန႔ညတုန္းကဆြမ္စီးကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့အက္ဖ္ ေအဖလားပြဲစဥ္တြင္၁၅ပြဲဆက္တိုက္ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆြမ္စီးႏွင့္ပြဲစဥ္မွႏိုင္ပြဲမွာစပိန္လူမ်ိဳးနည္းျပပက္ဂြါဒီယိုလာအတြက္မန္စီးတီးနည္းျပဘဝတြင္ပြဲ၂၀၀ ေျမာက္ႏိုင္ပြဲအျဖစ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက “ဒီကစားသမားေတြ ဘယ္ေလာက္ေကာင္းတယ္ဆိုတာျပသတာပါ။အခုေနာက္တစ္ပြဲအ တြက္စေတြးေနပါၿပီ။အခုစံခ်ိန္ကကြၽန္ေတာ္တို႔နဲ႔သက္ဆိုင္ေနပါတယ္။ဒီစံခ်ိန္က႐ိုက္ခ်ိဳးခံရမွာေသခ်ာပါ တယ္။အားကစားမွာအခ်ိဳးမခံရတဲ့စံခ်ိန္မရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာလာမယ့္တနဂၤေႏြေန႔မွာအီတီဟတ္ကြင္းမွာစပါးစ္အသင္းကိုပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ဧည့္ခံကစားသြားရပါမယ္။