
ပို့စ်မောက်တိုက်စစ်မှူးဘရက်ပစ်မန်းဟာမန်စီးတီးဂိုးသွင်းစက်အာလင်းဟာလန်းကိုကျော်ဖြတ်ကာအင်္ဂလိပ်ဘောလုံးလောကရဲ့လိဂ်များတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေပါတယ်။
လက်ရှိအချိန်တွင်နဝမတန်းလိဂ်Wessex League Premier Division မှအေအက်ဖ်စီပေါ်ချက်စတာတွင်ကစားနေတဲ့အသက်၃၄နှစ်ရှိပစ်မန်းဟာပြီးခဲ့တဲ့အပတ်တုန်းကအေရက်စ်ဖို့ဒ်နှင့်ပွဲတွင်လေးဂိုးသွင်းယူခဲ့ပါသေးတယ်။
ပို့စ်မောက်တိုက်စစ်မှူးဟောင်းဟာတောင်ပိုင်းကမ်းခြေအခြေစိုက်ကလပ်များဖြစ်ကြတဲ့ဘုန်းမောက်နှင့်ပို့စ်မောက်တို့အတွက်၄၀၁ပွဲကစားကာ၁၄၄ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ၂၀၂၂-၂၃ခုနှစ်တွင်Wessex League Premier Division မှာ၂၂ပွဲကစားထားရာမှာ၂၈ဂိုးအထိသွင်းယူထားပါတယ်။
ပစ်ဖို့ဒ်ဟာမန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၃ဂိုးသွင်းထားတဲ့အာလင်းဟာလန်းထက်၅ဂိုးပိုသွင်းထားနိုင်ပါတယ်။
ဒါပေမဲ့တကယ်လို့များအာလင်းဟာလန်းသာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ပရီးမီးယားလိဂ်နားထားစဉ်အတွင်းသတ္တမတန်းလိဂ်ကလပ်အက်ရှ်တန်ယူနိုက်တက်ရဲ့၂၈ရက်အငှားဖြင့်ခေါ်ယူရန်ကမ်းလှမ်းလာမှုကိုလက်ခံလာမည်ဆိုပါကပစ်မန်းရဲ့ဂိုးသွင်းမှတ်တမ်းကိုပြန်လည်ကျော်ဖြတ်လာနိုင်ဖို့ရှိပါတယ်။
မန်ချက်စတာအခြေစိုက်ကလပ် အက်ရှ်တန်ယူနိုက်တက်ဟာမန်စီးတီးရဲ့အီတီဟတ်ကွင်းနဲ့ခြောက်မိုင်အကွာတွင်အခြေစိုက်နေတဲ့အသင်းဖြစ်ပြီးအာလင်းဟာလန်းကိုအငှားဖြင့်ခေါ်ယူရန်ကမ်းလှမ်းထားပါတယ်။
ZawGyi
အဂၤလိပ္လိဂ္မ်ားတြင္ ဂိုးအမ်ားဆုံးသြင္းထားသူအျဖစ္ ဟာလန္းကို ေက်ာ္ကာ ပို႔စ္ေမာက္တိုက္စစ္မႉးေဟာင္းရပ္တည္ေန
ပို႔စ္ေမာက္တိုက္စစ္မႉးဘရက္ပစ္မန္းဟာမန္စီးတီးဂိုးသြင္းစက္အာလင္းဟာလန္းကိုေက်ာ္ျဖတ္ကာအဂၤလိပ္ေဘာလုံးေလာကရဲ႕လိဂ္မ်ားတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနပါတယ္။
လက္ရွိအခ်ိန္တြင္နဝမတန္းလိဂ္Wessex League Premier Division မွေအအက္ဖ္စီေပၚခ်က္စတာတြင္ကစားေနတဲ့အသက္၃၄ႏွစ္ရွိပစ္မန္းဟာၿပီးခဲ့တဲ့အပတ္တုန္းကေအရက္စ္ဖို႔ဒ္ႏွင့္ပြဲတြင္ေလးဂိုးသြင္းယူခဲ့ပါေသးတယ္။
ပို႔စ္ေမာက္တိုက္စစ္မႉးေဟာင္းဟာေတာင္ပိုင္းကမ္းေျခအေျခစိုက္ကလပ္မ်ားျဖစ္ၾကတဲ့ဘုန္းေမာက္ႏွင့္ပို႔စ္ေမာက္တို႔အတြက္၄၀၁ပြဲကစားကာ၁၄၄ဂိုးသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။
သူဟာ၂၀၂၂-၂၃ခုႏွစ္တြင္Wessex League Premier Division မွာ၂၂ပြဲကစားထားရာမွာ၂၈ဂိုးအထိသြင္းယူထားပါတယ္။
ပစ္ဖို႔ဒ္ဟာမန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၃ဂိုးသြင္းထားတဲ့အာလင္းဟာလန္းထက္၅ဂိုးပိုသြင္းထားႏိုင္ပါတယ္။
ဒါေပမဲ့တကယ္လို႔မ်ားအာလင္းဟာလန္းသာကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ပရီးမီးယားလိဂ္နားထားစဥ္အတြင္းသတၱမတန္းလိဂ္ကလပ္အက္ရွ္တန္ယူႏိုက္တက္ရဲ႕၂၈ရက္အငွားျဖင့္ေခၚယူရန္ကမ္းလွမ္းလာမႈကိုလက္ခံလာမည္ဆိုပါကပစ္မန္းရဲ႕ဂိုးသြင္းမွတ္တမ္းကိုျပန္လည္ေက်ာ္ျဖတ္လာႏိုင္ဖို႔ရွိပါတယ္။
မန္ခ်က္စတာအေျခစိုက္ကလပ္ အက္ရွ္တန္ယူႏိုက္တက္ဟာမန္စီးတီးရဲ႕အီတီဟတ္ကြင္းနဲ႔ေျခာက္မိုင္အကြာတြင္အေျခစိုက္ေနတဲ့အသင္းျဖစ္ၿပီးအာလင္းဟာလန္းကိုအငွားျဖင့္ေခၚယူရန္ကမ္းလွမ္းထားပါတယ္။