အင်္ဂလိပ်လူငယ်ကစားသမားများဖြင့် အသင်းကို တည်ဆောက်ရန် နယူးကာဆယ်ကို ဖာဒီနန်တိုက်တွန်း

ရီယိုဖာဒီနန်ကနယူးကာဆယ်အသင်းပိုင်ရှင်သစ်များအနေဖြင့်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်နိုင်ငံခြားမှစတားများကိုမခေါ်ယူဘဲအင်္ဂလိပ်လူငယ်ကစားသမားများကိုခေါ်ယူရန်ပစ်မှတ်ထားသင့်ကြောင်းပြောကြားလိုက်ပါတယ်။

ဆော်ဒီကျောထောက်နောက်ခံရှိ စီးပွားရေးရင်းနှီးမြှပ်ရေးကုမ္ပဏီဟာပြီးခဲ့တဲ့အပတ်တုန်းကနယူးကာဆယ်ကိုပေါင်၃၀၅သန်းဖြင့်ဝယ်ယူခဲ့ပါတယ်။ Public Investment Fund ဟာရင်းနှီးမြှပ်နှံငွေပေါင်၃၂၀ဘီလီယံအထိရှိရာလက်ရှိကမ္ဘာ့အချမ်းသာဆုံးဘောလုံးပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

ရီယိုဖာဒီနန်ကနယူးကာဆယ်အသင်းပိုင်ရှင်သစ်များအနေဖြင့်ရာဟမ်းစတာလင်း၊ဂျက်စီလင်ဂတ်၊ဒက်လန်းရိုက်စ်တို့ကဲ့သို့အင်္ဂလိပ်ကစားသမားများကိုခေါ်ယူသင့်ကြောင်းဆိုသွားပါတယ်။

ဖာဒီနန်က “ကျုပ်သာဆိုရင်တော့ခေါ်ယူဖို့လည်းလွယ်ကူမယ့်ထိပ်တန်းကစားသမားတွေကိုဘဲခေါ်ယူဖို့ကြိုးစားပါမယ်။ရာဟမ်းစတာလင်းလိုမျိုးကစားသမားကိုခေါ်ယူမယ်။ရာဟမ်းစတာလင်းဆိုပုံမှန်ပွဲကစားခွင့်ပျောက်နေတယ်။သူ့ကိုဘဲမေးသွားမယ်။ပြီးရင်ဒက်စ်လန်းရိုက်စ်ကိုမေးမယ်။သူတို့နှစ်ယောက်ကတော့ကျွန်တော် ပထမဆုံးခေါ်ယူမယ့်သူနှစ်ဦးပါ။သူတို့ကိုရဖို့အစွမ်းကုန်မယ်။ပြီးရင်မန်ချက်စတာယူနိုက်တက်အသင်းမှာပါလိုက်ပျောက်လိုက်ဖြစ်နေတဲ့ဂျက်စီလင်ဂတ်လိုကစားသမားမျိုးကိုခေါ်မယ်။ဒီလိုကစားသမားမျိုးတွေဆီကအဖြေရဖို့ကြိုးစားမယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်အသင်းပိုင်ရှင်များကကမ္ဘာ့ထိပ်တန်းကစားသမားများကိုအသင်းသို့ခေါ်ဆောင်ကာထိပ်သီးကလပ်ဖြစ်လာအောင်တည်ဆောက်ပေးမယ်လို့ကတိပြုထားပါတယ်။၎င်းတို့ပစ်မှတ်ထားနေတဲ့ကစားသမားများထဲမှာကိုင်လီယန်ဘက်ပေး၊အာလင်းဟာလန်းတို့လိုကမ္ဘာ့အဆင့်ကစားသမားများလည်းပါဝင်ပါတယ်။

ရီယိုဖာဒီနန်က “သူ(ကိုင်လီယန်ဘက်ပေး)ကတကယ့်ကိုအိပ်မက်ကျွန်းပါ။ဒါပေမယ့်သူတို့လိုကစားသမားမျိုးတွေကမန်ယူအသင်း၊ချဲလ်ဆီးအသင်း၊မန်စီးတီးအသင်းတို့လိုမျိုးအသင်းတွေမှာကစားပါလိမ့်မယ်။ကျွန်တော်ကတော့အဲဒီလိုကစားသမားမျိုးကိုမကြည့်ပါဘူး။ကျွန်တော်ကတော့လူငယ်ပါရမီရှင်ကိုဘဲရှာဖွေသွားမယ်။အင်္ဂလိပ်လူငယ်ပါရမီရှင်တွေကိုဦးစားပေးခေါ်သွားမယ်။အင်္ဂလိပ်ဘောလုံးလောကကအကောင်းဆုံးပါရမီရှင်လေးတွေကိုခေါ်မယ်။မက်စ်အေရွန်၊နော့ဝှစ်ချ်ကညာနောက်ခံလူ။အင်္ဂလန်ယူ-၂၁လက်ရွေးစင်။ကော်နာဂရယ်လာ။သူ့ကိုရအောင်ခေါ်မယ်။သူတို့နှစ်ယောက်ကိုရအောင်ခေါ်မယ်။လူငယ်ကစားသမားတွေကနယူးကာဆယ်ကိုလာမယ့်သူတွေပါ။ကျွန်တော်ကငယ်ရွယ်တဲ့အင်္ဂလိပ်ပါရမီရှင်တွေကိုလိုချင်တယ်။နယူးကာဆယ်ကအင်္ဂလိပ်ကလပ်ပါ။အင်္ဂလန်လူငယ်ကစားသမားတွေပြည့်နှက်နေစေချင်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အဂၤလိပ္လူငယ္ကစားသမားမ်ားျဖင့္ အသင္းကို တည္ေဆာက္ရန္ နယူးကာဆယ္ကို ဖာဒီနန္တိုက္တြန္း

ရီယိုဖာဒီနန္ကနယူးကာဆယ္အသင္းပိုင္ရွင္သစ္မ်ားအေနျဖင့္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ႏိုင္ငံျခားမွစတားမ်ားကိုမေခၚယူဘဲအဂၤလိပ္လူငယ္ကစားသမားမ်ားကိုေခၚယူရန္ပစ္မွတ္ထားသင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေဆာ္ဒီေက်ာေထာက္ေနာက္ခံရွိ စီးပြားေရးရင္းႏွီးျမႇပ္ေရးကုမၸဏီဟာၿပီးခဲ့တဲ့အပတ္တုန္းကနယူးကာဆယ္ကိုေပါင္၃၀၅သန္းျဖင့္ဝယ္ယူခဲ့ပါတယ္။ Public Investment Fund ဟာရင္းႏွီးျမႇပ္ႏွံေငြေပါင္၃၂၀ဘီလီယံအထိရွိရာလက္ရွိကမာၻ႔အခ်မ္းသာဆုံးေဘာလုံးပိုင္ရွင္ျဖစ္လာခဲ့ပါတယ္။

ရီယိုဖာဒီနန္ကနယူးကာဆယ္အသင္းပိုင္ရွင္သစ္မ်ားအေနျဖင့္ရာဟမ္းစတာလင္း၊ဂ်က္စီလင္ဂတ္၊ဒက္လန္း႐ိုက္စ္တို႔ကဲ့သို႔အဂၤလိပ္ကစားသမားမ်ားကိုေခၚယူသင့္ေၾကာင္းဆိုသြားပါတယ္။

ဖာဒီနန္က “က်ဳပ္သာဆိုရင္ေတာ့ေခၚယူဖို႔လည္းလြယ္ကူမယ့္ထိပ္တန္းကစားသမားေတြကိုဘဲေခၚယူဖို႔ႀကိဳးစားပါမယ္။ရာဟမ္းစတာလင္းလိုမ်ိဳးကစားသမားကိုေခၚယူမယ္။ရာဟမ္းစတာလင္းဆိုပုံမွန္ပြဲကစားခြင့္ေပ်ာက္ေနတယ္။သူ႔ကိုဘဲေမးသြားမယ္။ၿပီးရင္ဒက္စ္လန္း႐ိုက္စ္ကိုေမးမယ္။သူတို႔ႏွစ္ေယာက္ကေတာ့ကြၽန္ေတာ္ ပထမဆုံးေခၚယူမယ့္သူႏွစ္ဦးပါ။သူတို႔ကိုရဖို႔အစြမ္းကုန္မယ္။ၿပီးရင္မန္ခ်က္စတာယူႏိုက္တက္အသင္းမွာပါလိုက္ေပ်ာက္လိုက္ျဖစ္ေနတဲ့ဂ်က္စီလင္ဂတ္လိုကစားသမားမ်ိဳးကိုေခၚမယ္။ဒီလိုကစားသမားမ်ိဳးေတြဆီကအေျဖရဖို႔ႀကိဳးစားမယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္အသင္းပိုင္ရွင္မ်ားကကမာၻ႔ထိပ္တန္းကစားသမားမ်ားကိုအသင္းသို႔ေခၚေဆာင္ကာထိပ္သီးကလပ္ျဖစ္လာေအာင္တည္ေဆာက္ေပးမယ္လို႔ကတိျပဳထားပါတယ္။၎တို႔ပစ္မွတ္ထားေနတဲ့ကစားသမားမ်ားထဲမွာကိုင္လီယန္ဘက္ေပး၊အာလင္းဟာလန္းတို႔လိုကမာၻ႔အဆင့္ကစားသမားမ်ားလည္းပါဝင္ပါတယ္။

ရီယိုဖာဒီနန္က “သူ(ကိုင္လီယန္ဘက္ေပး)ကတကယ့္ကိုအိပ္မက္ကြၽန္းပါ။ဒါေပမယ့္သူတို႔လိုကစားသမားမ်ိဳးေတြကမန္ယူအသင္း၊ခ်ဲလ္ဆီးအသင္း၊မန္စီးတီးအသင္းတို႔လိုမ်ိဳးအသင္းေတြမွာကစားပါလိမ့္မယ္။ကြၽန္ေတာ္ကေတာ့အဲဒီလိုကစားသမားမ်ိဳးကိုမၾကည့္ပါဘူး။ကြၽန္ေတာ္ကေတာ့လူငယ္ပါရမီရွင္ကိုဘဲရွာေဖြသြားမယ္။အဂၤလိပ္လူငယ္ပါရမီရွင္ေတြကိုဦးစားေပးေခၚသြားမယ္။အဂၤလိပ္ေဘာလုံးေလာကကအေကာင္းဆုံးပါရမီရွင္ေလးေတြကိုေခၚမယ္။မက္စ္ေအ႐ြန္၊ေနာ့ဝွစ္ခ်္ကညာေနာက္ခံလူ။အဂၤလန္ယူ-၂၁လက္ေ႐ြးစင္။ေကာ္နာဂရယ္လာ။သူ႔ကိုရေအာင္ေခၚမယ္။သူတို႔ႏွစ္ေယာက္ကိုရေအာင္ေခၚမယ္။လူငယ္ကစားသမားေတြကနယူးကာဆယ္ကိုလာမယ့္သူေတြပါ။ကြၽန္ေတာ္ကငယ္႐ြယ္တဲ့အဂၤလိပ္ပါရမီရွင္ေတြကိုလိုခ်င္တယ္။နယူးကာဆယ္ကအဂၤလိပ္ကလပ္ပါ။အဂၤလန္လူငယ္ကစားသမားေတြျပည့္ႏွက္ေနေစခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။