အငြင်းပွားဖွယ်ဂိုးကြောင့် ပြိုင်ဘက်ကို ဂိုးသွင်းခွင့်ပြုစေရန် ကစားသမားများကို အမိန့်ပေးခဲ့တဲ့ ရိန်းဂျားနည်းပြ

ရိန်းဂျားနည်းပြမိုက်ကယ်ဘီရယ်ဟာအငြင်းပွားဖွယ်ဂိုးတစ်ဂိုးရရှိပြီးနောက်သူ့အသင်းအားပြိုင်ဘက်ပက်ထရစ်သစ္စာအသင်းအားဂိုးသွင်းခွင့်ပြုခဲ့ပေးရန်အမိန့်ပေးခဲ့ပါတယ်။

စကော့တလန်ရှုံးထွက်ဖလားပွဲတွင်ရိန်းဂျားဟာကီဗင်ဟော့ဒ်ရဲ့ပင်နယ်တီဂိုးကြောင့်ပက်ထရစ်သစ္စာအသင်းအားနောက်ကလိုက်ကစားခဲ့ရပါတယ်။

ဒုတိယပိုင်းအစ၅မိနစ်တွင်အန်တိုနီယိုကိုလက်ခ်ကရိန်းဂျားအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက်၇၁မိနစ်တွင်ရိန်းဂျားကစားသမားမာလစ်ခ်တဲလ်မန်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဟော့ဒ်ဟာလက်ပစ်ဘောမှဘောလုံးကိုရိန်းဂျားအသင်းကိုပြန်ပေးရန်လုပ်ခဲ့ပါတယ်။ယင်းအချိန်တွင်တဲလ်မန်းကဘောလုံးကိုလုယူပြီးပက်ထရစ်သစ္စာဂိုးသမားကိုပါလိမ်ခေါက်ကာဂိုးသွင်းခဲ့ပါတယ်။

ဒါကြောင့်လည်းပက်ထရစ်သစ္စာကစားသမားတို့အကြီးအကျယ်ပေါက်ကွဲခဲ့ပြီးရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

အားလုံးတည်ငြိမ်သွားပြီးနောက်ရိန်းဂျားနည်းပြဟာကစားသမားတို့အားသစ္စာအသင်း အလွယ်တကူဂိုးသွင်းနိုင်ရန်လွှတ်ပေးလိုက်ရန်ညွှန်ကြားခဲ့ပါတယ်။

ပက်ထရစ်သစ္စာရဲ့စကော့တီဖိုနေးဟာဘောလုံးကိုလွတ်လွတ်လပ်လပ်ဆွဲယူသွားခဲ့ပါတယ်။ရိန်းဂျားဂိုးသမားအယ်လန်မက်ဂရီဂေါ်ဟာနည်းပြရဲ့ဆုံးဖြတ်ချက်အပေါ်ကျေနပ်ပုံမရပါဘူး။သူဟာတားဆီးဖို့လုပ်သေးတာတွေ့ရပါတယ်။

ရိန်းဂျားနည်းပြမိုက်ကယ်ဘီရယ်ဟာအထက်ပါလုပ်ရပ်ကြောင့်အားကစားသမားစိတ်ဓာတ်အပြည့်အဝရှိသူအဖြစ်ချီးကျူးခြင်းခံနေရပါတယ်။

ရိန်းဂျားဟာဂျိမ်းစ်ဆန့်ရဲ့နောက်ကျဂိုးကြောင့်ပက်ထရစ်သစ္စာကို၃-၂ဂိုးဖြင့်အနိုင်ရရှိပြီးစကော့တလန်ရှုံးထွက်ဖလားနောက်တဆင့်သို့တက်သွားခဲ့ပါတယ်။

ZawGyi

အျငင္းပြားဖြယ္ဂိုးေၾကာင့္ ၿပိဳင္ဘက္ကို ဂိုးသြင္းခြင့္ေစရန္ ကစားသမားမ်ားကို အမိန႔္ေပးခဲ့တဲ့ ရိန္းဂ်ားနည္းျပ

ရိန္းဂ်ားနည္းျပမိုက္ကယ္ဘီရယ္ဟာအျငင္းပြားဖြယ္ဂိုးတစ္ဂိုးရရွိၿပီးေနာက္သူ႔အသင္းအားၿပိဳင္ဘက္ပက္ထရစ္သစၥာအသင္းအားဂိုးသြင္းခြင့္ျပဳခဲ့ေပးရန္အမိန႔္ေပးခဲ့ပါတယ္။

စေကာ့တလန္ရႈံးထြက္ဖလားပြဲတြင္ရိန္းဂ်ားဟာကီဗင္ေဟာ့ဒ္ရဲ႕ပင္နယ္တီဂိုးေၾကာင့္ပက္ထရစ္သစၥာအသင္းအားေနာက္ကလိုက္ကစားခဲ့ရပါတယ္။

ဒုတိယပိုင္းအစ၅မိနစ္တြင္အန္တိုနီယိုကိုလက္ခ္ကရိန္းဂ်ားအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

ယင္းေနာက္၇၁မိနစ္တြင္ရိန္းဂ်ားကစားသမားမာလစ္ခ္တဲလ္မန္း ဒဏ္ရာရရွိသြားခဲ့ပါတယ္။ေဟာ့ဒ္ဟာလက္ပစ္ေဘာမွေဘာလုံးကိုရိန္းဂ်ားအသင္းကိုျပန္ေပးရန္လုပ္ခဲ့ပါတယ္။ယင္းအခ်ိန္တြင္တဲလ္မန္းကေဘာလုံးကိုလုယူၿပီးပက္ထရစ္သစၥာဂိုးသမားကိုပါလိမ္ေခါက္ကာဂိုးသြင္းခဲ့ပါတယ္။

ဒါေၾကာင့္လည္းပက္ထရစ္သစၥာကစားသမားတို႔အႀကီးအက်ယ္ေပါက္ကြဲခဲ့ၿပီး႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

အားလုံးတည္ၿငိမ္သြားၿပီးေနာက္ရိန္းဂ်ားနည္းျပဟာကစားသမားတို႔အားသစၥာအသင္း အလြယ္တကူဂိုးသြင္းႏိုင္ရန္လႊတ္ေပးလိုက္ရန္ၫႊန္ၾကားခဲ့ပါတယ္။

ပက္ထရစ္သစၥာရဲ႕စေကာ့တီဖိုေနးဟာေဘာလုံးကိုလြတ္လြတ္လပ္လပ္ဆြဲယူသြားခဲ့ပါတယ္။ရိန္းဂ်ားဂိုးသမားအယ္လန္မက္ဂရီေဂၚဟာနည္းျပရဲ႕ဆုံးျဖတ္ခ်က္အေပၚေက်နပ္ပုံမရပါဘူး။သူဟာတားဆီးဖို႔လုပ္ေသးတာေတြ႕ရပါတယ္။

ရိန္းဂ်ားနည္းျပမိုက္ကယ္ဘီရယ္ဟာအထက္ပါလုပ္ရပ္ေၾကာင့္အားကစားသမားစိတ္ဓာတ္အျပည့္အဝရွိသူအျဖစ္ခ်ီးက်ဴးျခင္းခံေနရပါတယ္။

ရိန္းဂ်ားဟာဂ်ိမ္းစ္ဆန႔္ရဲ႕ေနာက္က်ဂိုးေၾကာင့္ပက္ထရစ္သစၥာကို၃-၂ဂိုးျဖင့္အႏိုင္ရရွိၿပီးစေကာ့တလန္ရႈံးထြက္ဖလားေနာက္တဆင့္သို႔တက္သြားခဲ့ပါတယ္။