အငြင်းပွားဖွယ်ငွေပေးမှုကြောင့် လာလီဂါမှ တန်းဆင်းရကိန်းဆိုက်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းတွင်ဒိုင်လူကြီးအကြီးအကဲတစ်ဦးရဲ့ကုမ္ပဏီကိုပေါင်၁.၂သန်းအငြင်းပွားဖွယ်ငွေပေးခဲ့ကြောင်းသတင်းထွက်ပေါ်လာပြီးနောက်အပြင်းအထန်အရေးယူခြင်းမျှားကြုံလာရဖို့ရှိနေပါတယ်။

စပိန်သတင်းစာ Cadena SER ကဘာစီလိုနာဟာဟိုဆေးဘာတိုမြူ ဥက္ကဌအဖြစ်ဆောင်ရွက်တုန်းကဒိုင်လူကြီးနည်းစနစ်ကော်မတီဒုဥက္ကဌဟိုဆေးမာရီယာအန်းနရစ်ဇ်နီဂရိုင်ရာကိုတရားမဝင်ငွေပေးခဲ့ကြောင်းဖော်ပြလာပါတယ်။

ဘာတိုမြူဟာ၂၀၂၀ခုနှစ်တုန်းကရဲတပ်ဖွဲ့ရဲ့လာဘ်ပေးလာဘ်ယူမှုဖြင့်စွပ်စွဲခြင်းခံခဲ့ရပြီးသုံးကြိမ်တိုင်တိုင်ငွေပေးချေမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာအန်းနရစ်ဇ်နီဂရိုင်ရာပိုင် DASNIL 95 ကုမ္ပဏီကို ၂၀၁၆ခုနှစ်တုန်းကယူရို၅၃၂၇၂၈.၀၂၊၂၀၁၇ခုနှစ်တုန်းကယူရို၅၄၁၇၅၂နှင့်၂၀၁၈ခုနှစ်တွင်အနည်းဆုံးအဖြစ်ယူရို၃၁၈၂၀၀ပေးခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာနှင့်ဒိုင်လူကြီးအကြီးအကဲဟောင်းတို့ကယင်းတရားမဝင်ငွေပေးမှုတွင်အမှားအယွင်းတစုံတရာမပါဝင်ကြောင်းဆိုထားပါတယ်။

ဒိုင်လူကြီးဟောင်းကဒိုင်လူကြီးများကိုကွင်းအတွင်းဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်ပြီးဘာစီလိုနာကိုအကြံပေးမှုအပိုင်းပြုလုပ်မှုအတွက်ငွေပေးခြင်းမျှသာဖြစ်ကြောင်းနှင့်မည်သည့်ဘက်လက်ဆုံးဖြတ်မှုအတွက်မှပေးချေတာမဟုတ်ကြောင်းဆိုထားပါတယ်။

ဘာစီလိုနာကတော့ကလပ်ရဲ့ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင်ပြုလုပ်တဲ့မည်သူ့ကိုမဆို တရားစွဲဆိုလာမှာဖြစ်ကြောင်းကြေညာထားပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာဟာလာလီဂါတွင်ဒုတိယနေရာမှရီးရဲလ်မက်ဒရစ်ကို၈မှတ်ဖြတ်ပြီးဦးဆောင်နေပါတယ်။

ဒါပေမဲ့လာလီဂါဒိုင်လူကြီးဟောင်းမှာစပိန်ဘောလုံးအဖွဲ့ချုပ်တွင်၁၉၉၄ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းတာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီးဘာစီလိုနာမှငွေကြေးရယူချိန်တွင်စီနီယာဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ဒါ့အပြင်သူဟာဘာစီလိုနာအတွက်အလုပ်လုပ်ပေးတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးသက်သေအထောက်အထားတစုံတရာလည်းမရှိပါဘူး။

တကယ်လို့များဘာစီလိုနာသာဒိုင်လူကြီးဟောင်းကိုတရားမဝင်ငွေပေးကြောင်းတွေ့ရှိပါကတန်းချခံရခြင်း၊အမှတ်လျှော့ခံရခြင်းတို့ကြုံတွေ့လာရနိုင်ပါတယ်။

ZawGyi

အျငင္းပြားဖြယ္ေငြေပးမႈေၾကာင့္ လာလီဂါမွ တန္းဆင္းရကိန္းဆိုက္ေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းတြင္ဒိုင္လူႀကီးအႀကီးအကဲတစ္ဦးရဲ႕ကုမၸဏီကိုေပါင္၁.၂သန္းအျငင္းပြားဖြယ္ေငြေပးခဲ့ေၾကာင္းသတင္းထြက္ေပၚလာၿပီးေနာက္အျပင္းအထန္အေရးယူျခင္းမွ်ားႀကဳံလာရဖို႔ရွိေနပါတယ္။

စပိန္သတင္းစာ Cadena SER ကဘာစီလိုနာဟာဟိုေဆးဘာတိုျမဴ ဥကၠဌအျဖစ္ေဆာင္႐ြက္တုန္းကဒိုင္လူႀကီးနည္းစနစ္ေကာ္မတီဒုဥကၠဌဟိုေဆးမာရီယာအန္းနရစ္ဇ္နီဂ႐ိုင္ရာကိုတရားမဝင္ေငြေပးခဲ့ေၾကာင္းေဖာ္ျပလာပါတယ္။

ဘာတိုျမဴဟာ၂၀၂၀ခုႏွစ္တုန္းကရဲတပ္ဖြဲ႕ရဲ႕လာဘ္ေပးလာဘ္ယူမႈျဖင့္စြပ္စြဲျခင္းခံခဲ့ရၿပီးသုံးႀကိမ္တိုင္တိုင္ေငြေပးေခ်မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာအန္းနရစ္ဇ္နီဂ႐ိုင္ရာပိုင္ DASNIL 95 ကုမၸဏီကို ၂၀၁၆ခုႏွစ္တုန္းကယူ႐ို၅၃၂၇၂၈.၀၂၊၂၀၁၇ခုႏွစ္တုန္းကယူ႐ို၅၄၁၇၅၂ႏွင့္၂၀၁၈ခုႏွစ္တြင္အနည္းဆုံးအျဖစ္ယူ႐ို၃၁၈၂၀၀ေပးခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာႏွင့္ဒိုင္လူႀကီးအႀကီးအကဲေဟာင္းတို႔ကယင္းတရားမဝင္ေငြေပးမႈတြင္အမွားအယြင္းတစုံတရာမပါဝင္ေၾကာင္းဆိုထားပါတယ္။

ဒိုင္လူႀကီးေဟာင္းကဒိုင္လူႀကီးမ်ားကိုကြင္းအတြင္းဘယ္လိုဆက္ဆံရမယ္ဆိုတာနဲ႔ပတ္သက္ၿပီးဘာစီလိုနာကိုအႀကံေပးမႈအပိုင္းျပဳလုပ္မႈအတြက္ေငြေပးျခင္းမွ်သာျဖစ္ေၾကာင္းႏွင့္မည္သည့္ဘက္လက္ဆုံးျဖတ္မႈအတြက္မွေပးေခ်တာမဟုတ္ေၾကာင္းဆိုထားပါတယ္။

ဘာစီလိုနာကေတာ့ကလပ္ရဲ႕ဂုဏ္သိကၡာညႇိဳးႏြမ္းက်ဆင္းေအာင္ျပဳလုပ္တဲ့မည္သူ႔ကိုမဆို တရားစြဲဆိုလာမွာျဖစ္ေၾကာင္းေၾကညာထားပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာဟာလာလီဂါတြင္ဒုတိယေနရာမွရီးရဲလ္မက္ဒရစ္ကို၈မွတ္ျဖတ္ၿပီးဦးေဆာင္ေနပါတယ္။

ဒါေပမဲ့လာလီဂါဒိုင္လူႀကီးေဟာင္းမွာစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္တြင္၁၉၉၄ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းတာဝန္ထမ္းေဆာင္ေနခဲ့သူျဖစ္ၿပီးဘာစီလိုနာမွေငြေၾကးရယူခ်ိန္တြင္စီနီယာဝန္ထမ္းအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။ဒါ့အျပင္သူဟာဘာစီလိုနာအတြက္အလုပ္လုပ္ေပးတယ္ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီးသက္ေသအေထာက္အထားတစုံတရာလည္းမရွိပါဘူး။

တကယ္လို႔မ်ားဘာစီလိုနာသာဒိုင္လူႀကီးေဟာင္းကိုတရားမဝင္ေငြေပးေၾကာင္းေတြ႕ရွိပါကတန္းခ်ခံရျခင္း၊အမွတ္ေလွ်ာ့ခံရျခင္းတို႔ႀကဳံေတြ႕လာရႏိုင္ပါတယ္။