အငြင်းပွားဖွယ်စည်းမျဉ်းသစ်များ ပြောင်းလဲရန် လုပ်ဆောင်လာတဲ့ ဖီဖာ

ဖီဖာဟာလက်ရှိဘောလုံးစနစ်အားကြီးမားတဲ့အပြောင်းအလဲများစွာပြုလုပ်ရန် စမ်းသပ်မှုများပြုလုပ်လာတော့မှာဖြစ်ပါတယ်။

Mundo Deportivo ရဲ့ဖော်ပြချက်အရဖီဖာဟာဘောလုံးစည်းမျဉ်းနှင့်စနစ်များစွာတို့ကို အပြောင်းအလဲလုပ်ရန်ကြံရွယ်နေကာ လူငယ်ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Future of Football Cup တွင်စတင်စမ်းသပ်သုံးစွဲများပြုလုပ်လာတော့မှာဖြစ်ပါတယ်။

Future of Football Cup ပြိုင်ပွဲက ယူ-၁၉ ပြိုင်ပွဲဖြစ်ပြီးပီအက်စ်ဗွီ၊လိုက်ဇစ်၊ဘရုဂျက်တို့ပါဝင်မှာဖြစ်ပြီးယင်းလူငယ်ပြိုင်ပွဲကို ဖီဖာကအရေးပါတဲ့စည်းမျဉ်းငါးခုကို စတင်စမ်းသပ်သုံးစွဲလာမှာလည်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဘောလုံးပွဲကို မိနစ်၉၀ကစားရလေ့ရှိပေမယ့်ယင်းပြိုင်ပွဲတွင် မိနစ် ၃၀ နှစ်ပိုင်းကစားပါမယ်။ဒါကြောင့်လည်းဘောလုံးပြိုင်ပွဲမှာဖူဆယ်နှင့်ဘတ်စကက်ဘောပြိုင်ပွဲကဲ့သို့အချိန်တိုတောင်းလာပါမယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းကရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ကဥရောပစူပါလိဂ်တွင်မိနစ် ၃၀ နှစ်ပိုင်းကစားတဲ့စနစ်ကိုသုံးနိုင်ကြောင်းဆိုခဲ့ဖူးပါတယ်။နောက်ပိုင်းမှာဥရောပစူပါလိဂ်အစီအစဉ်မှာလည်းပျက်သွားပါတယ်။

ဒုတိယကျင့်သုံးမယ့်စနစ်မှာဒိုင်လူကြီးဟာ Out Of Play ဖြစ်သွားပါကနာရီကိုရပ်တန့်ထားရန်ဖြစ်ပါတယ်။တတိယစနစ်ကတော့လူစားလဲလှယ်မှုအဆုံးမဲ့ပြုလုပ်နိုင်မှုဖြစ်ပါတယ်။

စတုတ္ထစနစ်မှာလက်ပစ်ဘောအားလက်ဖြင့်မမြှောက်ဘဲခြေထောက်ဖြင့်မြှောက်ရမယ့်စနစ်ဖြစ်ပါတယ်။ပဥ္စမစနစ်ကအဝါကတ်ပြသခြင်းခံရတဲ့ကစားသမားမှာပွဲဘေးတွင် ၅မိနစ်ထိုင်နေရတဲ့စနစ်ကျင့်သုံးပါမယ်။ယင်းစနစ်ကိုရက်ဘီတွင်အသုံးပြုနေပြီးဖြစ်ပါတယ်။

ဖီဖာကစမ်းသပ်သုံးစွဲနေတဲ့စည်းမျဉ်းသစ်ငါးခုထဲမှ ထိပ်ဆုံးနှစ်ခုကိုပရိသတ်များကကြိုဆိုကြပေမယ့်လည်းကျန်စနစ်သစ်များကိုတော့ပရိသတ်များကသဘောမကျကြပါဘူး။

ZawGyi

အျငင္းပြားဖြယ္စည္းမ်ဥ္းသစ္မ်ား ေျပာင္းလဲရန္ လုပ္ေဆာင္လာတဲ့ ဖီဖာ

ဖီဖာဟာလက္ရွိေဘာလုံးစနစ္အားႀကီးမားတဲ့အေျပာင္းအလဲမ်ားစြာျပဳလုပ္ရန္ စမ္းသပ္မႈမ်ားျပဳလုပ္လာေတာ့မွာျဖစ္ပါတယ္။

Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရဖီဖာဟာေဘာလုံးစည္းမ်ဥ္းႏွင့္စနစ္မ်ားစြာတို႔ကို အေျပာင္းအလဲလုပ္ရန္ႀကံ႐ြယ္ေနကာ လူငယ္ေဘာလုံးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Future of Football Cup တြင္စတင္စမ္းသပ္သုံးစြဲမ်ားျပဳလုပ္လာေတာ့မွာျဖစ္ပါတယ္။

Future of Football Cup ၿပိဳင္ပြဲက ယူ-၁၉ ၿပိဳင္ပြဲျဖစ္ၿပီးပီအက္စ္ဗြီ၊လိုက္ဇစ္၊ဘ႐ုဂ်က္တို႔ပါဝင္မွာျဖစ္ၿပီးယင္းလူငယ္ၿပိဳင္ပြဲကို ဖီဖာကအေရးပါတဲ့စည္းမ်ဥ္းငါးခုကို စတင္စမ္းသပ္သုံးစြဲလာမွာလည္းျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ေဘာလုံးပြဲကို မိနစ္၉၀ကစားရေလ့ရွိေပမယ့္ယင္းၿပိဳင္ပြဲတြင္ မိနစ္ ၃၀ ႏွစ္ပိုင္းကစားပါမယ္။ဒါေၾကာင့္လည္းေဘာလုံးၿပိဳင္ပြဲမွာဖူဆယ္ႏွင့္ဘတ္စကက္ေဘာၿပိဳင္ပြဲကဲ့သို႔အခ်ိန္တိုေတာင္းလာပါမယ္။

ၿပီးခဲ့တဲ့ဧၿပီလတုန္းကရီးရဲလ္မက္ဒရစ္ဥကၠဌပီရက္ဇ္ကဥေရာပစူပါလိဂ္တြင္မိနစ္ ၃၀ ႏွစ္ပိုင္းကစားတဲ့စနစ္ကိုသုံးႏိုင္ေၾကာင္းဆိုခဲ့ဖူးပါတယ္။ေနာက္ပိုင္းမွာဥေရာပစူပါလိဂ္အစီအစဥ္မွာလည္းပ်က္သြားပါတယ္။

ဒုတိယက်င့္သုံးမယ့္စနစ္မွာဒိုင္လူႀကီးဟာ Out Of Play ျဖစ္သြားပါကနာရီကိုရပ္တန႔္ထားရန္ျဖစ္ပါတယ္။တတိယစနစ္ကေတာ့လူစားလဲလွယ္မႈအဆုံးမဲ့ျပဳလုပ္ႏိုင္မႈျဖစ္ပါတယ္။

စတုတၳစနစ္မွာလက္ပစ္ေဘာအားလက္ျဖင့္မေျမႇာက္ဘဲေျခေထာက္ျဖင့္ေျမႇာက္ရမယ့္စနစ္ျဖစ္ပါတယ္။ပၪၥမစနစ္ကအဝါကတ္ျပသျခင္းခံရတဲ့ကစားသမားမွာပြဲေဘးတြင္ ၅မိနစ္ထိုင္ေနရတဲ့စနစ္က်င့္သုံးပါမယ္။ယင္းစနစ္ကိုရက္ဘီတြင္အသုံးျပဳေနၿပီးျဖစ္ပါတယ္။

ဖီဖာကစမ္းသပ္သုံးစြဲေနတဲ့စည္းမ်ဥ္းသစ္ငါးခုထဲမွ ထိပ္ဆုံးႏွစ္ခုကိုပရိသတ္မ်ားကႀကိဳဆိုၾကေပမယ့္လည္းက်န္စနစ္သစ္မ်ားကိုေတာ့ပရိသတ္မ်ားကသေဘာမက်ၾကပါဘူး။