
ပရီးမီးယားလိဂ်VAR အကြီးအကဲနေးလ်ဆွာဘရစ်ခ်ဟာယခုရာသီအကုန်တွင်ဒိုင်လူကြီးဘဝမှအနားယူလာတော့မှာဖြစ်ပါတယ်။
သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှာ VAR ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များစွာဆုံးဖြတ်မှုများဖြစ်လာပြီးနောက်ရာသီအကုန်တွင်အနားယူရန်ဆုံးဖြတ်လာတာလည်းဖြစ်ပါတယ်။
တဖက်တွင် ပရီးမီးယားလိဂ်ဒိုင်အကြီးအကဲဟောင်းဝပ်ဝက်ဘ်ဟာဒိုင်လူကြီးများရဲ့ဆုံးဖြတ်ချက်ပိုင်းပိုမိုကောင်းမွန်လာစေရန်အတွက်အရည်အသွေးတိုးမြှင့်မှုများပြုလုပ်ရန်စီစဉ်နေကြပါတယ်။
The Atletic ကဆွာဘရစ်ခ်ဟာယခုရာသီအကုန်တွင်အနားယူလာတော့မှာဖြစ်ကြောင်းဖော်ပြလာါပတယ်။
ဆွာဘရစ်ခ်ဟာ၂၀၁၇-၁၈ရာသီအကုန်တွင်ကွင်းတွင်းဒိုင်လူကြီးဘဝမှအနားယူခဲ့ပြီးနောက်၂၀၁၉-၂၀ရာသီမှစတင်ကာVAR အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။
မကြာသေးမီတုန်းကအာဆင်နယ်နှင့်ဘရန့်ဖို့ဒ်ပွဲတွင်အိုင်ဗန်တိုနေးရဲ့ချေပဂိုးအားစစ်ဆေးမှုမပြုလုပ်ခဲ့မှုအတွက် VAR ဒိုင်လူကြီးလီးမေဆင်မှာတာဝန်ထမ်းဆောင်မှုမှာတစ်ပတ်ကြာအနားပေးခြင်းခံခဲ့ရပါတယ်။
မေဆင်ကဲ့သို့ဆွာဘရစ်ခ်ကိုယ်တိုင်မှာလည်းဝက်စ်ဟမ်းနှင့်ချဲလ်ဆီးပွဲတွင်ဆူဆစ်ခ်ရဲ့လက်ထိဘောအတွက်ချဲလ်ဆီးဘက်သို့ပင်နယ်တီမပေးခဲ့မှုအတွက်ဝေဖန်မှုများကြုံခဲ့ရပါတယ်။
လက်ရှိအချိန်တွင်ဆွာဘရစ်ခ်ရဲ့နေရာကိုဘယ်သူကဆက်ခံလာမယ်ဆိုတာမကြေညာသေးပါဘူး။
ZawGyi
အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္မ်ားစြာ ျဖစ္ပ်က္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ႕ VAR အႀကီးအကဲ ရာထူးထြက္ခြာမည္
ပရီးမီးယားလိဂ္VAR အႀကီးအကဲေနးလ္ဆြာဘရစ္ခ္ဟာယခုရာသီအကုန္တြင္ဒိုင္လူႀကီးဘဝမွအနားယူလာေတာ့မွာျဖစ္ပါတယ္။
သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွာ VAR ရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္မ်ားစြာဆုံးျဖတ္မႈမ်ားျဖစ္လာၿပီးေနာက္ရာသီအကုန္တြင္အနားယူရန္ဆုံးျဖတ္လာတာလည္းျဖစ္ပါတယ္။
တဖက္တြင္ ပရီးမီးယားလိဂ္ဒိုင္အႀကီးအကဲေဟာင္းဝပ္ဝက္ဘ္ဟာဒိုင္လူႀကီးမ်ားရဲ႕ဆုံးျဖတ္ခ်က္ပိုင္းပိုမိုေကာင္းမြန္လာေစရန္အတြက္အရည္အေသြးတိုးျမႇင့္မႈမ်ားျပဳလုပ္ရန္စီစဥ္ေနၾကပါတယ္။
The Atletic ကဆြာဘရစ္ခ္ဟာယခုရာသီအကုန္တြင္အနားယူလာေတာ့မွာျဖစ္ေၾကာင္းေဖာ္ျပလာါပတယ္။
ဆြာဘရစ္ခ္ဟာ၂၀၁၇-၁၈ရာသီအကုန္တြင္ကြင္းတြင္းဒိုင္လူႀကီးဘဝမွအနားယူခဲ့ၿပီးေနာက္၂၀၁၉-၂၀ရာသီမွစတင္ကာVAR အႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။
မၾကာေသးမီတုန္းကအာဆင္နယ္ႏွင့္ဘရန႔္ဖို႔ဒ္ပြဲတြင္အိုင္ဗန္တိုေနးရဲ႕ေခ်ပဂိုးအားစစ္ေဆးမႈမျပဳလုပ္ခဲ့မႈအတြက္ VAR ဒိုင္လူႀကီးလီးေမဆင္မွာတာဝန္ထမ္းေဆာင္မႈမွာတစ္ပတ္ၾကာအနားေပးျခင္းခံခဲ့ရပါတယ္။
ေမဆင္ကဲ့သို႔ဆြာဘရစ္ခ္ကိုယ္တိုင္မွာလည္းဝက္စ္ဟမ္းႏွင့္ခ်ဲလ္ဆီးပြဲတြင္ဆူဆစ္ခ္ရဲ႕လက္ထိေဘာအတြက္ခ်ဲလ္ဆီးဘက္သို႔ပင္နယ္တီမေပးခဲ့မႈအတြက္ေဝဖန္မႈမ်ားႀကဳံခဲ့ရပါတယ္။
လက္ရွိအခ်ိန္တြင္ဆြာဘရစ္ခ္ရဲ႕ေနရာကိုဘယ္သူကဆက္ခံလာမယ္ဆိုတာမေၾကညာေသးပါဘူး။