အငြင်းပွားဖွယ်ပင်နယ်တီကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကျပြီးနောက် ပွဲကိုပြန်ကစားခွင့်ပေးရန် တောင်အာဖရိကတောင်းဆို

တောင်အာဖရိကဟာအငြင်းပွားဖွယ်ပင်နယ်တီအဆုံးဖြတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကျပြီးနောက်ပွဲကိုပြန်ကစားခွင့်ပေးရန်တရားဝင်တောင်းဆိုမှုပြုလုပ်လာပါတယ်။

တောင်အာဖရိကဟာမနေ့ညတုန်းကကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ်ဂါနာနှင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။ယင်းပွဲတွင်ဂါနာဟာအငြင်းပွားဖွယ်ပင်နယ်တီဆုံးဖြတ်ချက်ကြောင့်ပင်နယ်တီရရှိခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်။

ယင်းပွဲရဲ့ပထမပိုင်းတွင်လက်စတာရဲ့ဒါနီရယ်အေမာတေးဟာရူရှိုင်းဒီရုဒ်နှင့်အနည်းငယ်ထိတွေ့ခဲ့ပေမယ့်လည်းမယုံကြည်နိုင်အောင်ဟန်ဆောင်လှဲချမှုပြုလုပ်ခဲ့ပြီးဒိုင်လူကြီးအန်ဒီယာယီမာဂတ်တီကလည်းပင်နယ်တီပေးခဲ့ပါတယ်။

ယင်းပင်နယ်တီကိုအင်ဒရေအယောကကန်သွင်းပြီးဂါနာအနိုင်ရရှိကာကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်အဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။တောင်အာဖရိကဟာဂါနာနှင့်ရမှတ်၁၃မှတ်တူညီနေပေမယ့်ဂါနာကိုတစ်ဂိုးကွာခြားချက်ဖြင့်ခြေစစ်ပွဲကျခဲ့ပါတယ်။

ယခုအခါတောင်အာဖရိကကသူတို့ရဲ့ကမ္ဘာ့ဖလားပလေးအော့ဖ်နေရာအခိုးခံရတယ်ဆိုပြီးပွဲပြန်ကစားခွင့်ပေးရန်ဖီဖာထံတောင်းဆိုမှုပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလည်းတောင်အာဖရိကဟာဒိုင်လူကြီးရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့်ဆီနီဂေါနှင့်၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲကိုပြန်ကစားခဲ့ရပါတယ်။ဒိုင်လူကြီးဂျိုးဆက်ဖ်လမ့်တေးဟာလည်းရာသက်ပန်ဒိုင်လုပ်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ယင်းပွဲတွင်ဆီနီဂေါနောက်ခံလူကူလီဘာလေရဲ့ဒူးကိုဘောလုံးထိပေမယ့်ဒိုင်လူကြီးကလက်ထိတယ်ဆိုပြီးပင်နယ်တီပေးခဲ့ကာတောင်အာဖရိကက၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲကိုပြန်ကစားခဲ့ရတွင်တောင်အာဖရိကက၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဆီနီဂေါကကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပြီးတောင်အာဖရိကခြေစစ်ပွဲကျခဲ့ပါတယ်။ယခုတစ်ကြိမ်တွင်တောင်အာဖရိကယင်းပွဲကဲ့သို့ပင်ပြန်ကစားသင့်တယ်လို့ယုံကြည်နေပါတယ်။

ZawGyi

အျငင္းပြားဖြယ္ပင္နယ္တီေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲက်ၿပီးေနာက္ ပြဲကိုျပန္ကစားခြင့္ေပးရန္ ေတာင္အာဖရိကေတာင္းဆို

ေတာင္အာဖရိကဟာအျငင္းပြားဖြယ္ပင္နယ္တီအဆုံးျဖတ္ေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲက်ၿပီးေနာက္ပြဲကိုျပန္ကစားခြင့္ေပးရန္တရားဝင္ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

ေတာင္အာဖရိကဟာမေန႔ညတုန္းကကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲအျဖစ္ဂါနာႏွင့္ရင္ဆိုင္ကစားခဲ့ရပါတယ္။ယင္းပြဲတြင္ဂါနာဟာအျငင္းပြားဖြယ္ပင္နယ္တီဆုံးျဖတ္ခ်က္ေၾကာင့္ပင္နယ္တီရရွိခဲ့ၿပီးအႏိုင္ရရွိခဲ့ပါတယ္။

ယင္းပြဲရဲ႕ပထမပိုင္းတြင္လက္စတာရဲ႕ဒါနီရယ္ေအမာေတးဟာ႐ူရႈိင္းဒီ႐ုဒ္ႏွင့္အနည္းငယ္ထိေတြ႕ခဲ့ေပမယ့္လည္းမယုံၾကည္ႏိုင္ေအာင္ဟန္ေဆာင္လွဲခ်မႈျပဳလုပ္ခဲ့ၿပီးဒိုင္လူႀကီးအန္ဒီယာယီမာဂတ္တီကလည္းပင္နယ္တီေပးခဲ့ပါတယ္။

ယင္းပင္နယ္တီကိုအင္ဒေရအေယာကကန္သြင္းၿပီးဂါနာအႏိုင္ရရွိကာကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္အဆင့္သို႔တက္ေရာက္သြားခဲ့ပါတယ္။ေတာင္အာဖရိကဟာဂါနာႏွင့္ရမွတ္၁၃မွတ္တူညီေနေပမယ့္ဂါနာကိုတစ္ဂိုးကြာျခားခ်က္ျဖင့္ေျခစစ္ပြဲက်ခဲ့ပါတယ္။

ယခုအခါေတာင္အာဖရိကကသူတို႔ရဲ႕ကမာၻ႔ဖလားပေလးေအာ့ဖ္ေနရာအခိုးခံရတယ္ဆိုၿပီးပြဲျပန္ကစားခြင့္ေပးရန္ဖီဖာထံေတာင္းဆိုမႈျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကလည္းေတာင္အာဖရိကဟာဒိုင္လူႀကီးရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေၾကာင့္ဆီနီေဂါႏွင့္၂၀၁၈ကမာၻ႔ဖလားေျခစစ္ပြဲကိုျပန္ကစားခဲ့ရပါတယ္။ဒိုင္လူႀကီးဂ်ိဳးဆက္ဖ္လမ့္ေတးဟာလည္းရာသက္ပန္ဒိုင္လုပ္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

ယင္းပြဲတြင္ဆီနီေဂါေနာက္ခံလူကူလီဘာေလရဲ႕ဒူးကိုေဘာလုံးထိေပမယ့္ဒိုင္လူႀကီးကလက္ထိတယ္ဆိုၿပီးပင္နယ္တီေပးခဲ့ကာေတာင္အာဖရိကက၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းပြဲကိုျပန္ကစားခဲ့ရတြင္ေတာင္အာဖရိကက၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဆီနီေဂါကကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ၿပီးေတာင္အာဖရိကေျခစစ္ပြဲက်ခဲ့ပါတယ္။ယခုတစ္ႀကိမ္တြင္ေတာင္အာဖရိကယင္းပြဲကဲ့သို႔ပင္ျပန္ကစားသင့္တယ္လို႔ယုံၾကည္ေနပါတယ္။