အငြင်းပွားဖွယ်အင်္ကျီအတွက် ဒေါ့မွန်ပရိသတ်များကို Puma တောင်းပန်

Puma ဟာအသစ်ထုတ်လုပ်ရောင်းချလာတဲ့ဖလားအင်္ကျီအတွက်ဒေါ့မွန်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်လာပါတယ်။

Puma ဟာဒေါ့မွန်ရဲ့ဖလားအင်္ကျီတွင် အသင်းရဲ့အမည်ကိုအနက်ရောင်လိုင်းနှစ်ခုကြားတွင်ထည့်သွင်းခဲ့မှုအတွက်ဒေါ့မွန်ပရိသတ်များရဲ့ဒေါသထွက်ခြင်းခံခဲ့ရပါတယ်။

ဒေါ့မွန်ဟာPuma ရဲ့ဖလားအင်္ကျီသစ်ကိုအင်္ဂါနေ့တုန်းကဘီဆစ်တပ်အားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင်စတင်ဝတ်ဆင်ခဲ့ပါတယ်။

ဒေါ့မွန်ပရိသတ်များဟာကစားသမားများဝတ်ဆင်တဲ့အင်္ကျီနှင့်ပတ်သက်ပြီးအကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့ကြရပါတယ်။

ယခုအခါ Puma စီအီးအိုဂျွန်ဂူလ်ဒန်ကအသင်းရဲ့ဖလားအင်္ကျီနှင့်ပတ်သက်ပြီးဒေါ့မွန်ပရိသတ်များကိုတောင်းပန်လာပါတယ်။

Pumaဟာဥရောပတလွှားရှိဥရောပထိပ်သီးကလပ်များအတွက်အင်္ကျီစပွန်ဆာပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။၎င်းတို့ဟာကလပ်များရဲ့တတိယဝတ်စုံမှာလိုဂိုမထည့်သွင်းဘဲ အမည်ကိုသာထည့်သွင်းမှုနဲ့အပြင်းအထန်ဝေဖန်မှုများနှင့်ကြုံနေခဲ့ရတဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။

ZawGyi

အျငင္းပြားဖြယ္အက်ႌအတြက္ ေဒါ့မြန္ပရိသတ္မ်ားကို Puma ေတာင္းပန္

Puma ဟာအသစ္ထုတ္လုပ္ေရာင္းခ်လာတဲ့ဖလားအက်ႌအတြက္ေဒါ့မြန္ပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္လာပါတယ္။

Puma ဟာေဒါ့မြန္ရဲ႕ဖလားအက်ႌတြင္ အသင္းရဲ႕အမည္ကိုအနက္ေရာင္လိုင္းႏွစ္ခုၾကားတြင္ထည့္သြင္းခဲ့မႈအတြက္ေဒါ့မြန္ပရိသတ္မ်ားရဲ႕ေဒါသထြက္ျခင္းခံခဲ့ရပါတယ္။

ေဒါ့မြန္ဟာPuma ရဲ႕ဖလားအက်ႌသစ္ကိုအဂၤါေန႔တုန္းကဘီဆစ္တပ္အားအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္တြင္စတင္ဝတ္ဆင္ခဲ့ပါတယ္။

ေဒါ့မြန္ပရိသတ္မ်ားဟာကစားသမားမ်ားဝတ္ဆင္တဲ့အက်ႌႏွင့္ပတ္သက္ၿပီးအႀကီးအက်ယ္အံ့ဩတုန္လႈပ္ခဲ့ၾကရပါတယ္။

ယခုအခါ Puma စီအီးအိုဂြၽန္ဂူလ္ဒန္ကအသင္းရဲ႕ဖလားအက်ႌႏွင့္ပတ္သက္ၿပီးေဒါ့မြန္ပရိသတ္မ်ားကိုေတာင္းပန္လာပါတယ္။

Pumaဟာဥေရာပတလႊားရွိဥေရာပထိပ္သီးကလပ္မ်ားအတြက္အက်ႌစပြန္ဆာေပးေနတဲ့ကုမၸဏီျဖစ္ပါတယ္။၎တို႔ဟာကလပ္မ်ားရဲ႕တတိယဝတ္စုံမွာလိုဂိုမထည့္သြင္းဘဲ အမည္ကိုသာထည့္သြင္းမႈနဲ႔အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ႀကဳံေနခဲ့ရတဲ့ကုမၸဏီလည္းျဖစ္ပါတယ္။