
လိဒ်ယူနိုက်တက်ဟာအယူခံကိုအားကစားသမာဓိခုံရုံးကပယ်ချလာမှုနှင့်အတူ ဂျိန်းစ်ကီဗင်အူဂပ်စ်တင်ရဲ့အပြောင်းအရွှေ့အတွက် ရက်ဘူးလ်လိုက်ဇစ်ကိုယူရို၂၁သန်း(ပေါင်၁၈.၄သန်း)ပေးရတော့မှာဖြစ်ပါတယ်။
လိဒ်ဟာ၂၀၂၀ခုနှစ်တုန်းကဂျိန်းစ်ကီဗင်အူဂပ်စ်တင်ကိုအငှားဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်ပါအချက်အတိုင်းလုပ်ဆောင်ရမယ်ဆိုပြီးဇွန်လတုန်းကဖီဖာကဆုံးဖြတ်ခဲ့ပါတယ်။
ယခုအခါအားကစားသမာဓိခုံရုံးကလည်းဖီဖာရဲ့ဆုံးဖြတ်ချက်ကိုပင်ဆက်လက်အတည်ပြုခဲ့ပြီး လိဒ်အနေဖြင့်ပထမအသုတ်ငွေပေးချေမှုအနေဖြင့်ပေါင်၅.၉သန်းပေးရန်ဆုံးဖြတ်လိုက်ပါတယ်။
လိဒ်ကတော့အားကစားသမာဓိခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုဆက်လက်အယူခံဝင်သွားမည်ဖြစ်ကြောင်းဆိုသွားပါတယ်။
အနောက်ယော့ခ်ရှိုင်းယားကလပ်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကအူဂပ်စ်တင်ကိုအငှားဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး အငှားစာချုပ်အတွင်းတွင်ပရီးမီးယားလိဂ်သို့တက်ရောက်နိုင်လျှင်ယူရို၂၁သန်းဖြင့်၅နှစ်စာချုပ်ဖြင့်အပြီးသတ်ခေါ်ယူမယ်ဆိုပြီးစာချုပ်အတွင်းမှာထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
လက်ရှိအချိန်တွင်ဆွစ်ဇာလန်ကလပ်ဘေဆယ်တွင်ကစားနေတဲ့အူဂပ်စ်တင်ဟာလိဒ်တွင်ကစားစဉ်အတွင်းဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာအရန်အဖြစ် ၃ ပွဲ(၄၈မိနစ်)တည်းသာကစားနိုင်ခဲ့ပါတယ်။
လိဒ်ဟာလည်း၂၀၁၉-၂၀ရာသီအကုန်တွင်ပရီးမီးယားလိဂ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာအူဂပ်စ်တင်ကိုစာချုပ်အချက်အတိုင်းအပြီးသတ်ခေါ်ယူရန်ငြင်းဆိုခဲ့ပါတယ်။
အူဂပ်စ်တင်ဟာလီဂူး၁ကလပ်နိုက်စ်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။ဒါပေမဲ့လိဒ်ဟာစာချုပ်ပါအတိုင်းမလုပ်ဆောင်မှုနှင့်အတူ အူဂပ်စ်တင်အတွက်လိုက်ဇစ်ကိုပြောင်းရွှေ့ကြေးအပြည့်အဝပေးလာရတော့မှာလည်းဖြစ်ပါတယ်။
ZawGyi
အငွားျဖင့္ေခၚယူခဲ့တဲ့ ကစားသမားအတြက္ လိုက္ဇစ္ကို ေပါင္ ၁၈ သန္းေပးရေတာ့မယ့္ လိဒ္
လိဒ္ယူႏိုက္တက္ဟာအယူခံကိုအားကစားသမာဓိခုံ႐ုံးကပယ္ခ်လာမႈႏွင့္အတူ ဂ်ိန္းစ္ကီဗင္အူဂပ္စ္တင္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ရက္ဘူးလ္လိုက္ဇစ္ကိုယူ႐ို၂၁သန္း(ေပါင္၁၈.၄သန္း)ေပးရေတာ့မွာျဖစ္ပါတယ္။
လိဒ္ဟာ၂၀၂၀ခုႏွစ္တုန္းကဂ်ိန္းစ္ကီဗင္အူဂပ္စ္တင္ကိုအငွားျဖင့္ေခၚယူခဲ့တာျဖစ္ၿပီး စာခ်ဳပ္ပါအခ်က္အတိုင္းလုပ္ေဆာင္ရမယ္ဆိုၿပီးဇြန္လတုန္းကဖီဖာကဆုံးျဖတ္ခဲ့ပါတယ္။
ယခုအခါအားကစားသမာဓိခုံ႐ုံးကလည္းဖီဖာရဲ႕ဆုံးျဖတ္ခ်က္ကိုပင္ဆက္လက္အတည္ျပဳခဲ့ၿပီး လိဒ္အေနျဖင့္ပထမအသုတ္ေငြေပးေခ်မႈအေနျဖင့္ေပါင္၅.၉သန္းေပးရန္ဆုံးျဖတ္လိုက္ပါတယ္။
လိဒ္ကေတာ့အားကစားသမာဓိခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကိုဆက္လက္အယူခံဝင္သြားမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။
အေနာက္ေယာ့ခ္ရႈိင္းယားကလပ္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကအူဂပ္စ္တင္ကိုအငွားျဖင့္ေခၚယူခဲ့တာျဖစ္ၿပီး အငွားစာခ်ဳပ္အတြင္းတြင္ပရီးမီးယားလိဂ္သို႔တက္ေရာက္ႏိုင္လွ်င္ယူ႐ို၂၁သန္းျဖင့္၅ႏွစ္စာခ်ဳပ္ျဖင့္အၿပီးသတ္ေခၚယူမယ္ဆိုၿပီးစာခ်ဳပ္အတြင္းမွာထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။
လက္ရွိအခ်ိန္တြင္ဆြစ္ဇာလန္ကလပ္ေဘဆယ္တြင္ကစားေနတဲ့အူဂပ္စ္တင္ဟာလိဒ္တြင္ကစားစဥ္အတြင္းဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာအရန္အျဖစ္ ၃ ပြဲ(၄၈မိနစ္)တည္းသာကစားႏိုင္ခဲ့ပါတယ္။
လိဒ္ဟာလည္း၂၀၁၉-၂၀ရာသီအကုန္တြင္ပရီးမီးယားလိဂ္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာအူဂပ္စ္တင္ကိုစာခ်ဳပ္အခ်က္အတိုင္းအၿပီးသတ္ေခၚယူရန္ျငင္းဆိုခဲ့ပါတယ္။
အူဂပ္စ္တင္ဟာလီဂူး၁ကလပ္ႏိုက္စ္သို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ဒါေပမဲ့လိဒ္ဟာစာခ်ဳပ္ပါအတိုင္းမလုပ္ေဆာင္မႈႏွင့္အတူ အူဂပ္စ္တင္အတြက္လိုက္ဇစ္ကိုေျပာင္းေ႐ႊ႕ေၾကးအျပည့္အဝေပးလာရေတာ့မွာလည္းျဖစ္ပါတယ္။