အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းမှုမအောင်မြင်ပြီးနောက် ရမ်ဒဲလ်ကို ပေါင်သန်း ၃၀ ဖြင့်ကမ်းလှမ်းမယ့် အာဆင်နယ်

အာဆင်နယ်ဟာရှက်ဖီးလ်ယူနိုက်တက်ဂိုးသမားအေရွန်ရမ်ဒဲလ်ကိုအငှားဖြင့်ခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ပြီးနောက်ပေါင်သန်း၃၀ဖြင့်ကမ်းလှမ်းမှုပြုလုပ်ရန်စီစဉ်နေပါတယ်။

အာဆင်နယ်ဟာအင်္ဂလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲဝင်ရမ်ဒဲလ်ကိုနှစ်ကြိမ်တိုင်တိုင်အငှားဖြင့်ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင်အငှားဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့်လည်းအာဆင်နယ်ဟာတတိယအကြိမ်ကမ်းလှမ်းမှုအဖြစ်ရမ်ဒဲလ်အားပေါင်သန်း၃၀ဖြင့်ကမ်းလှမ်းရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာအစောပိုင်းတုန်းကဝက်စ်ဘရွန်းဂိုးသမားဆမ်ဂျွန်စတုန်းကိုခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးပေမယ့်လည်းယခုအခါမှာတော့ရမ်ဒဲလ်ကိုခေါ်ယူရေးပိုမိုအားစိုက်လာတာလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိအင်္ဂလန်ယူ-၂၁လက်ရွေးစင်ဟာဒိန်းဟင်ဒါဆင်ဒဏ်ရာကြောင့်နုတ်ထွက်သွားရပြီးနောက်ယူရို၂၀၂၀ပြိုင်ပွဲဝင်အင်္ဂလန်အသင်းတွင်တတိယဦးစားပေးဂိုးသမားအဖြစ်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ရမ်ဒဲလ်ဟာရှက်ဖီးလ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး၂၀၁၇ခုနှစ်၊ဇန်နဝါရီလတွင်ဘုန်းမောက်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၁၉-၂၀ရာသီမှာဘုန်းမောက်ရဲ့ဦးစားပေးဂိုးသမားအဖြစ်ကစားခဲ့ပြီးတန်းဆင်းခဲ့ရပြီးနောက်ရှက်ဖီးလ်သို့ပေါင်၁၈သန်းဖြင့်ပြန်ပြောင်းခဲ့သူဖြစ်ပါတယ်။

ZawGyi

အငွားျဖင့္ ေခၚယူရန္ ႀကိဳးပမ္းမႈမေအာင္ျမင္ၿပီးေနာက္ ရမ္ဒဲလ္ကို ေပါင္သန္း ၃၀ ျဖင့္ကမ္းလွမ္းမယ့္ အာဆင္နယ္

အာဆင္နယ္ဟာရွက္ဖီးလ္ယူႏိုက္တက္ဂိုးသမားေအ႐ြန္ရမ္ဒဲလ္ကိုအငွားျဖင့္ေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ၿပီးေနာက္ေပါင္သန္း၃၀ျဖင့္ကမ္းလွမ္းမႈျပဳလုပ္ရန္စီစဥ္ေနပါတယ္။

အာဆင္နယ္ဟာအဂၤလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္ရမ္ဒဲလ္ကိုႏွစ္ႀကိမ္တိုင္တိုင္အငွားျဖင့္ေခၚယူရန္ ႏွစ္ႀကိမ္တိုင္တိုင္အငွားျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္လည္းမေအာင္ျမင္ခဲ့ပါဘူး။

ဒါေၾကာင့္လည္းအာဆင္နယ္ဟာတတိယအႀကိမ္ကမ္းလွမ္းမႈအျဖစ္ရမ္ဒဲလ္အားေပါင္သန္း၃၀ျဖင့္ကမ္းလွမ္းရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာအေစာပိုင္းတုန္းကဝက္စ္ဘ႐ြန္းဂိုးသမားဆမ္ဂြၽန္စတုန္းကိုေခၚယူရန္ႀကိဳးပမ္းခဲ့ဖူးေပမယ့္လည္းယခုအခါမွာေတာ့ရမ္ဒဲလ္ကိုေခၚယူေရးပိုမိုအားစိုက္လာတာလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိအဂၤလန္ယူ-၂၁လက္ေ႐ြးစင္ဟာဒိန္းဟင္ဒါဆင္ဒဏ္ရာေၾကာင့္ႏုတ္ထြက္သြားရၿပီးေနာက္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္အဂၤလန္အသင္းတြင္တတိယဦးစားေပးဂိုးသမားအျဖစ္ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

ရမ္ဒဲလ္ဟာရွက္ဖီးလ္အကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီး၂၀၁၇ခုႏွစ္၊ဇန္နဝါရီလတြင္ဘုန္းေမာက္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၁၉-၂၀ရာသီမွာဘုန္းေမာက္ရဲ႕ဦးစားေပးဂိုးသမားအျဖစ္ကစားခဲ့ၿပီးတန္းဆင္းခဲ့ရၿပီးေနာက္ရွက္ဖီးလ္သို႔ေပါင္၁၈သန္းျဖင့္ျပန္ေျပာင္းခဲ့သူျဖစ္ပါတယ္။