အစဉ်အလာအရ ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အာဆင်နယ်သေချာသလောက်ရှိနေ၊ တစ်သင်းတည်းသာ အစဉ်အလာကျိုးခဲ့ဖူး

အာဆင်နယ်ဟာနောက်ဆုံးနှစ်တွေထဲမှာအကောင်းဆုံးပရီးမီးယားလိဂ်ရာသီကိုပိုင်ဆိုင်ထားပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့အစဉ်အလာမှတ်တမ်းများအရအာဆင်နယ်ဟာ၂၀၀၄ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးရန်သေချာသလောက်ရှိနေတဲ့အနေအထားမျိုးမှာရှိနေပြီဖြစ်ပါတယ်။

ယခုရာသီတွင်ဂါဘရီရယ်ဂျေဆူး၊ဘူကာယိုဆာကာ၊မာတင်အိုဒီဂတ်အပါအဝင်အာဆင်နယ်စတားများဟာနည်းပြအာတီတာရဲ့အဓိကကစားသမားများအဖြစ်ခြေစွမ်းပြနေကြပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၁၂ပွဲကစားပြီးချိန်တွင်၁၀ပွဲအနိုင်ရရှိထားပြီးတစ်ပွဲတည်းရှုံးနိမ့်ထားပြီးတစ်ပွဲသရေကျထားပါတယ်။

စူပါကွန်ပျူတာတစ်ခုကအာဆင်နယ်ဟာလက်ရှိရလဒ်အတိုင်းဆက်ထိန်းထားနိုင်မည်ဆိုပါကစံချိန်တင်ရမှတ်၉၉မှတ်အထိရရှိကာပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ဟောကိန်းထုတ်ထားပြီးဖြစ်ပါတယ်။

တဖက်တွင်ပရီးမီးယားလိဂ်အစဉ်အလာတစ်ခုအရအာဆင်နယ်ဟာယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်သေချာသလောက်ရှိနေကြောင်းတွေ့ရပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၁၂ပွဲကစားပြီးချိန်တွင်ရမှတ်၃၁မှတ်ဖြင့်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်မှုနှင့်အတူပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းအစဉ်အလာအရပရီးမီးယားလိဂ်ပွဲ၁၂ပွဲကစားပြီးချိန်တွင်အကောင်းဆုံးတာထွက်ပိုင်ဆိုင်ထားတဲ့(အမှတ်၃၁မှတ်နှင့်အထက်ရရှိထားတဲ့)အသင်းအားလုံးနီးပါးဟာရာသီအကုန်ချန်ပီယံဖြစ်လေ့ရှိပါတယ်။

ဒါပေမဲ့ယင်းအစဉ်အလာထဲမှာအာဆင်နယ်အတွက်စိုးရိမ်စရာတစ်ခုတော့ရှိပါတယ်။၁၉၉၅-၉၆ရာသီတုန်းကယင်းအစဉ်အလာကျိုးခဲ့ဖူးတာပါ။နယူးကာဆယ်ဟာ၁၉၉၅-၉၆ရာသီတုန်းက၁၂ပွဲကစားပြီးချိန်တွင်ရမှတ်၃၁မှတ်ရရှိထားပေမဲ့လည်းရာသီအကုန်တွင်ဒုတိယဖြင့်သာရပ်တည်ခဲ့ပါတယ်။

ပွဲ၁၂ပြီးချိန်တွင်ရမှတ်၃၁မှတ်နှင့်အထက်ရရှိဖူးတဲ့အသင်းများဖြစ်ကြတဲ့မန်စီးတီး၊လီဗာပူး၊ချဲလ်ဆီး၊ယူနိုက်တက်တို့ကတော့ချန်ပီယံဖြစ်ခဲ့ကြတာချည်းပါ။

ဒါကြောင့်အာဆင်နယ်အနေဖြင့်အစဉ်အလာကောင်းကိုထိန်းထားနိုင်မလား၊ဒါမှမဟုတ်နယူးကာဆယ်လိုပဲအစဉ်အလာကျိုးပျက်ရမလားဆိုတာစောင့်ကြည့်ရပါမယ်။

ZawGyi

အစဥ္အလာအရ ယခုႏွစ္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္ အာဆင္နယ္ေသခ်ာသေလာက္ရွိေန၊ တစ္သင္းတည္းသာ အစဥ္အလာက်ိဳးခဲ့ဖူး

အာဆင္နယ္ဟာေနာက္ဆုံးႏွစ္ေတြထဲမွာအေကာင္းဆုံးပရီးမီးယားလိဂ္ရာသီကိုပိုင္ဆိုင္ထားပါတယ္။

ေနာက္ဆုံးထြက္ေပၚလာတဲ့အစဥ္အလာမွတ္တမ္းမ်ားအရအာဆင္နယ္ဟာ၂၀၀၄ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးရန္ေသခ်ာသေလာက္ရွိေနတဲ့အေနအထားမ်ိဳးမွာရွိေနၿပီျဖစ္ပါတယ္။

ယခုရာသီတြင္ဂါဘရီရယ္ေဂ်ဆူး၊ဘူကာယိုဆာကာ၊မာတင္အိုဒီဂတ္အပါအဝင္အာဆင္နယ္စတားမ်ားဟာနည္းျပအာတီတာရဲ႕အဓိကကစားသမားမ်ားအျဖစ္ေျခစြမ္းျပေနၾကပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၁၂ပြဲကစားၿပီးခ်ိန္တြင္၁၀ပြဲအႏိုင္ရရွိထားၿပီးတစ္ပြဲတည္းရႈံးနိမ့္ထားၿပီးတစ္ပြဲသေရက်ထားပါတယ္။

စူပါကြန္ပ်ဴတာတစ္ခုကအာဆင္နယ္ဟာလက္ရွိရလဒ္အတိုင္းဆက္ထိန္းထားႏိုင္မည္ဆိုပါကစံခ်ိန္တင္ရမွတ္၉၉မွတ္အထိရရွိကာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ္လို႔ေဟာကိန္းထုတ္ထားၿပီးျဖစ္ပါတယ္။

တဖက္တြင္ပရီးမီးယားလိဂ္အစဥ္အလာတစ္ခုအရအာဆင္နယ္ဟာယခုႏွစ္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္ေသခ်ာသေလာက္ရွိေနေၾကာင္းေတြ႕ရပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၁၂ပြဲကစားၿပီးခ်ိန္တြင္ရမွတ္၃၁မွတ္ျဖင့္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ႏိုင္မႈႏွင့္အတူပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္ေသခ်ာသေလာက္ရွိေနတာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းအစဥ္အလာအရပရီးမီးယားလိဂ္ပြဲ၁၂ပြဲကစားၿပီးခ်ိန္တြင္အေကာင္းဆုံးတာထြက္ပိုင္ဆိုင္ထားတဲ့(အမွတ္၃၁မွတ္ႏွင့္အထက္ရရွိထားတဲ့)အသင္းအားလုံးနီးပါးဟာရာသီအကုန္ခ်န္ပီယံျဖစ္ေလ့ရွိပါတယ္။

ဒါေပမဲ့ယင္းအစဥ္အလာထဲမွာအာဆင္နယ္အတြက္စိုးရိမ္စရာတစ္ခုေတာ့ရွိပါတယ္။၁၉၉၅-၉၆ရာသီတုန္းကယင္းအစဥ္အလာက်ိဳးခဲ့ဖူးတာပါ။နယူးကာဆယ္ဟာ၁၉၉၅-၉၆ရာသီတုန္းက၁၂ပြဲကစားၿပီးခ်ိန္တြင္ရမွတ္၃၁မွတ္ရရွိထားေပမဲ့လည္းရာသီအကုန္တြင္ဒုတိယျဖင့္သာရပ္တည္ခဲ့ပါတယ္။

ပြဲ၁၂ၿပီးခ်ိန္တြင္ရမွတ္၃၁မွတ္ႏွင့္အထက္ရရွိဖူးတဲ့အသင္းမ်ားျဖစ္ၾကတဲ့မန္စီးတီး၊လီဗာပူး၊ခ်ဲလ္ဆီး၊ယူႏိုက္တက္တို႔ကေတာ့ခ်န္ပီယံျဖစ္ခဲ့ၾကတာခ်ည္းပါ။

ဒါေၾကာင့္အာဆင္နယ္အေနျဖင့္အစဥ္အလာေကာင္းကိုထိန္းထားႏိုင္မလား၊ဒါမွမဟုတ္နယူးကာဆယ္လိုပဲအစဥ္အလာက်ိဳးပ်က္ရမလားဆိုတာေစာင့္ၾကည့္ရပါမယ္။