စီမံအုပ်ချုပ်မှုခံယူမှုနဲ့အတူ ရမှတ် ၁၂ မှတ်လျှော့ချခံရမယ့် ဝိန်းရွန်းနီရဲ့ဒါဘီ

ဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒါဘီကောင်တီအသင်းဟာအစိုးရစီမံအုပ်ချုပ်ခံအဖြစ် ခံယူလိုက်ပြီရမှတ်၁၂မှတ်လျှော့ချခြင်းခံရတော့မှာဖြစ်ပါတယ်။

ဒါဘီကောင်တီရဲ့အသင်းပိုင်ရှင်မယ်မောရစ်ဟာအသင်းရဲ့ဘဏ္ဍာရေးပြဿနာများကိုမဖြေရှင်းနိုင်တဲ့အပြင်အသင်းကိုဦးဆောင်နိုင်ခြင်းမရှိမှုနဲ့အတူ အစိုးရစီမံအုပ်ချုပ်မှုခံယူရန် တရားရုံးတွင်လျှောက်ထားခဲ့ပါတယ်။

တရားရုံးကဒါဘီကောင်တီအသင်းကိုကြီးကြပ်မည့်အရာရှိများခန့်အပ်ကာအသင်းရဲ့ကြွေးမြီများကိုဖြေရှင်းရေးနှင့်ရှေ့ဆက်ချီတက်ရေးအတွက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါဘီကောင်တီဟာယင်းသို့အစိုးရအုပ်ချုပ်မှုခံယူလိုက်မှုနဲ့အတူရမှတ်၁၂မှတ်ဖြတ်တောက်ခြင်းခံရပါမယ်။

အစိုးရကခန့်အပ်လိုက်တဲ့အုပ်ချုပ်ရေးအဖွဲ့ကဒါဘီကောင်တီကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များရဲ့လုပ်ခကိုရှင်းပေးနိုင်အောင်လုပ်ဆောင်ပေးသွားမယ့်အပြင်ကလပ်ရဲ့ကြွေးမြီများကိုလည်းပေးချေနိုင်အောင်စီမံသွားပါမယ်။

ဒါပေမယ့်အချို့ကြွေးရှင်များမှာလည်းဒါဘီကောင်တီထံမှရရန်ရှိတဲ့ကြွေးမြီအချို့တို့ကိုဆုံးရှုံးရနိုင်ပါတယ်။

တစ်ဖက်တွင်ဒါဘီကောင်တီဟာအပြောင်းအရွှေ့လုပ်ဆောင်စဉ်ကပေးရန်ရှိတဲ့အကြွေးများကိုပေးချေရန်ပျက်ကွက်မှုကြောင့်ရမှတ်၉မှတ်လျှော့ချခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါသေးတယ်။

ဒါပေမယ့်ဒါဘီကောင်တီဟာစုစုပေါင်းရမှတ်၂၁မှတ်အထိလျှော့ချခံရပါတယ်။ချန်ပီယံရှစ်၇ပွဲကစားပြီးချိန်မှာရမှတ်၇မှတ်ရထားတဲ့ဒါဘီကောင်တီဟာငွေကြေးပြဿနာများစွာရှိနေမှုနဲ့အတူ လိဂ်၁သို့အထိတန်းဆင်းရနိုင်တဲ့အနေအထားမှာရှိပါတယ်။

ZawGyi

စီမံအုပ္ခ်ဳပ္မႈခံယူမႈနဲ႔အတူ ရမွတ္ ၁၂ မွတ္ေလွ်ာ့ခ်ခံရမယ့္ ဝိန္း႐ြန္းနီရဲ႕ဒါဘီ

ဝိန္း႐ြန္းနီကိုင္တြယ္ေနတဲ့ဒါဘီေကာင္တီအသင္းဟာအစိုးရစီမံအုပ္ခ်ဳပ္ခံအျဖစ္ ခံယူလိုက္ၿပီရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံရေတာ့မွာျဖစ္ပါတယ္။

ဒါဘီေကာင္တီရဲ႕အသင္းပိုင္ရွင္မယ္ေမာရစ္ဟာအသင္းရဲ႕ဘ႑ာေရးျပႆနာမ်ားကိုမေျဖရွင္းႏိုင္တဲ့အျပင္အသင္းကိုဦးေဆာင္ႏိုင္ျခင္းမရွိမႈနဲ႔အတူ အစိုးရစီမံအုပ္ခ်ဳပ္မႈခံယူရန္ တရား႐ုံးတြင္ေလွ်ာက္ထားခဲ့ပါတယ္။

တရား႐ုံးကဒါဘီေကာင္တီအသင္းကိုႀကီးၾကပ္မည့္အရာရွိမ်ားခန႔္အပ္ကာအသင္းရဲ႕ေႂကြးၿမီမ်ားကိုေျဖရွင္းေရးႏွင့္ေရွ႕ဆက္ခ်ီတက္ေရးအတြက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ဒါဘီေကာင္တီဟာယင္းသို႔အစိုးရအုပ္ခ်ဳပ္မႈခံယူလိုက္မႈနဲ႔အတူရမွတ္၁၂မွတ္ျဖတ္ေတာက္ျခင္းခံရပါမယ္။

အစိုးရကခန႔္အပ္လိုက္တဲ့အုပ္ခ်ဳပ္ေရးအဖြဲ႕ကဒါဘီေကာင္တီကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားရဲ႕လုပ္ခကိုရွင္းေပးႏိုင္ေအာင္လုပ္ေဆာင္ေပးသြားမယ့္အျပင္ကလပ္ရဲ႕ေႂကြးၿမီမ်ားကိုလည္းေပးေခ်ႏိုင္ေအာင္စီမံသြားပါမယ္။

ဒါေပမယ့္အခ်ိဳ႕ေႂကြးရွင္မ်ားမွာလည္းဒါဘီေကာင္တီထံမွရရန္ရွိတဲ့ေႂကြးၿမီအခ်ိဳ႕တို႔ကိုဆုံးရႈံးရႏိုင္ပါတယ္။

တစ္ဖက္တြင္ဒါဘီေကာင္တီဟာအေျပာင္းအေ႐ႊ႕လုပ္ေဆာင္စဥ္ကေပးရန္ရွိတဲ့အေႂကြးမ်ားကိုေပးေခ်ရန္ပ်က္ကြက္မႈေၾကာင့္ရမွတ္၉မွတ္ေလွ်ာ့ခ်ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါေသးတယ္။

ဒါေပမယ့္ဒါဘီေကာင္တီဟာစုစုေပါင္းရမွတ္၂၁မွတ္အထိေလွ်ာ့ခ်ခံရပါတယ္။ခ်န္ပီယံရွစ္၇ပြဲကစားၿပီးခ်ိန္မွာရမွတ္၇မွတ္ရထားတဲ့ဒါဘီေကာင္တီဟာေငြေၾကးျပႆနာမ်ားစြာရွိေနမႈနဲ႔အတူ လိဂ္၁သို႔အထိတန္းဆင္းရႏိုင္တဲ့အေနအထားမွာရွိပါတယ္။