အဆန်စီယိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့်စီးရီးအေကလပ်များ အပြိုင်ကြိုးပမ်းနေ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ဖန်တီးရှင်အဆန်စီယိုအားခေါ်ယူရန်ဥရောပတလွှားထိပ်သီးကလပ်များအပြိုင်စိတ်ဝင်စားလျက်ရှိကြပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရပရီးမီးယားလိဂ်ထိပ်သီးများဖြစ်ကြတဲ့လီဗာပူး၊အာဆင်နယ်အပြင်စီးရီးအေထိပ်သီးများဖြစ်တဲ့အင်တာနှင့်အေစီလန်တို့ကအသက်၂၅နှစ်ရှိစပိန်စတားကိုခေါ်ယူလိုနေကြပါတယ်။

မာယော့ကာကစားသမားဟောင်းယခုရာသီတွင်နည်းပြအန်ဆယ်လော့တီလက်အောက်တွင်ကစားချိန်အနည်းငယ်ရရှိမှုနဲ့အတူဘာနေဗျူးတွင်မပျော်မရွှင်ဖြစ်နေပါတယ်။သူဟာဗုဒ္ဓဟူးနေ့တုန်းကမာယော့ကာအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးရီးရဲလ်မက်ဒရစ်ကစားသမားဘဝတွင်ပထမဆုံးဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

အဆန်စီယိုဟာမာယော့ကာနှင့်ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့မှုကြောင့်နည်းပြအန်ဆယ်လော့တီရဲ့ယုံကြည်မှုတိုးပွားခံလာရဖို့ရှိနေပါတယ်။သူဟာငယ်စဉ်ကတည်းကရီးရဲလ်မက်ဒရစ်ကိုအားပေးလာခဲ့သူဖြစ်ရာလာမယ့်ရက်သတ္တပတ်များတွင်အခွင့်အရေးပိုမိုရရှိလာမည်ဆိုပါကအခြားကလပ်များအနေဖြင့်သူ့ကိုခေါ်ယူနိုင်မယ့်အခွင့်အရေးနည်းပါးလာဖို့ရှိပါတယ်။

ZawGyi

အဆန္စီယိုအား ေခၚယူရန္ ပရီးမီးယားလိဂ္ႏွင့္စီးရီးေအကလပ္မ်ား အၿပိဳင္ႀကိဳးပမ္းေန

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ဖန္တီးရွင္အဆန္စီယိုအားေခၚယူရန္ဥေရာပတလႊားထိပ္သီးကလပ္မ်ားအၿပိဳင္စိတ္ဝင္စားလ်က္ရွိၾကပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရပရီးမီးယားလိဂ္ထိပ္သီးမ်ားျဖစ္ၾကတဲ့လီဗာပူး၊အာဆင္နယ္အျပင္စီးရီးေအထိပ္သီးမ်ားျဖစ္တဲ့အင္တာႏွင့္ေအစီလန္တို႔ကအသက္၂၅ႏွစ္ရွိစပိန္စတားကိုေခၚယူလိုေနၾကပါတယ္။

မာေယာ့ကာကစားသမားေဟာင္းယခုရာသီတြင္နည္းျပအန္ဆယ္ေလာ့တီလက္ေအာက္တြင္ကစားခ်ိန္အနည္းငယ္ရရွိမႈနဲ႔အတူဘာေနဗ်ဴးတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။သူဟာဗုဒၶဟူးေန႔တုန္းကမာေယာ့ကာအား၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲထြက္ကစားခြင့္ရရွိခဲ့ၿပီးရီးရဲလ္မက္ဒရစ္ကစားသမားဘဝတြင္ပထမဆုံးဟက္ထရစ္သြင္းႏိုင္ခဲ့ပါတယ္။

အဆန္စီယိုဟာမာေယာ့ကာႏွင့္ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့မႈေၾကာင့္နည္းျပအန္ဆယ္ေလာ့တီရဲ႕ယုံၾကည္မႈတိုးပြားခံလာရဖို႔ရွိေနပါတယ္။သူဟာငယ္စဥ္ကတည္းကရီးရဲလ္မက္ဒရစ္ကိုအားေပးလာခဲ့သူျဖစ္ရာလာမယ့္ရက္သတၱပတ္မ်ားတြင္အခြင့္အေရးပိုမိုရရွိလာမည္ဆိုပါကအျခားကလပ္မ်ားအေနျဖင့္သူ႔ကိုေခၚယူႏိုင္မယ့္အခြင့္အေရးနည္းပါးလာဖို႔ရွိပါတယ္။