အဆိုးရွားဆုံးဂိုးမိုးခေါင်မှုနှင့်ရင်ဆိုင်နေရကြောင်း တီမိုဝါနာဝန်ခံ

ချဲလ်ဆီးတိုက်စစ်မှူးတီမိုဝါနာကသူ့ရဲ့ကစားသမားဘဝအတွင်းတွင်ယခုရာသီကဲ့သို့ဂိုးပေါက်ပျောက်တဲ့ အဖြစ်အပျက်အမျိုးမကြုံခဲ့ဖူးကြောင်းဝန်ခံပြောကြားလာပါတယ်။

နွေရာသီတုန်းကလိုက်ဇစ်မှပြောင်းရွှေ့ကြေးပေါင်၅၃သန်းဖြင့်ပြောင်းလာခဲ့တဲ့ဝါနာဟာနိုဝင်ဘာလမှဖေ‌ဖော်ဝါရီလအတွင်းတွင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်၁၄ပွဲဆက်တိုက်ဂိုးပေါက်ပျောက်လာခဲ့သူလည်းဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးက “ကျွန်တော်ကအသင်းကိုအကူအညီပေးချင်တာကြောင့်ဒါကကျွန်တော့်အ တွက်အရမ်းခက်ခဲခဲ့ပါတယ်။ကျွန်တော်ကတိုက်စစ်မှူးတစ်ဦးဖြစ်လို့ဂိုးသွင်းချင်တာကျွန်တော့်သဘာဝပါ”လို့ ပြောကြားသွားပါတယ်။

ဝါနာဟာယခုရာသီမှာလီဗာပူးအတွက်၂၅ပွဲကစားထားရာတွင်၅ဂိုးတည်းသာသွင်းယူထားနိုင်ပြီးယနေ့ညတွင်လီဗာပူးသို့သွားရောက်ကစားရမယ့်ချဲလ်ဆီးပွဲတွင်ပါဝင်လာပါမယ်။

ဒါပေမယ့်ဝါနာကသူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီတွင်များစွာသင်ယူနိုင်ခဲ့ပြီးလာမယ့်ရာသီတွင်အသင်းအတွက် များစွာဂိုးသွင်းပေးနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားသွားပါတယ်။

ဝါနာက “ကျွန်တော့်ကစားသမားဘဝမှာဒါမျိုးမကြုံဖူးပါဘူး။ကျွန်တော်တို့အနေနဲ့အဆိုးရွားဆုံးအခြေအနေမျိုးက နေသင်ခန်းစာယူရပါမယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိနေဖို့သင်ယူခဲ့ပါတယ်။အသင်းအတွက်အစွမ်းကုန် ပေးဆပ်နိုင်ဖို့သင်ယူခဲ့ပါတယ်။ဂိုးအတွက်သာမဟုတ်ပါဘူး။အသင်းအတွက်တိုက်ပွဲဝင်ဖို့လည်းလုပ်ပါတယ်။ဆိုးရွား တဲ့ကာလကုန်ဆုံးဖို့မျှော်လင့်နေပါတယ်။ရာသီမကုန်ခင်ဂိုးတစ်ချို့သွင်းယူနိုင်ဖို့မျှော်လင့်နေပါတယ်”လို့‌ ပြောကြားသွားပါတယ်။

အသက်၂၄နှစ်ရှိဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဝါနာဟာလိုက်ဇစ်တွင်ကစားတဲ့နောက်ဆုံးရာသီတွင်ဘွန်ဒက်စ်လီ ဂါ၃၄ပွဲတွင်၂၈ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

အဆိုး႐ြားဆုံးဂိုးမိုးေခါင္မႈႏွင့္ရင္ဆိုင္ေနရေၾကာင္း တီမိုဝါနာဝန္ခံ

ခ်ဲလ္ဆီးတိုက္စစ္မႉးတီမိုဝါနာကသူ႔ရဲ႕ကစားသမားဘဝအတြင္းတြင္ယခုရာသီကဲ့သို႔ဂိုးေပါက္ေပ်ာက္တဲ့ အျဖစ္အပ်က္အမ်ိဳးမႀကဳံခဲ့ဖူးေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

ေႏြရာသီတုန္းကလိုက္ဇစ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၅၃သန္းျဖင့္ေျပာင္းလာခဲ့တဲ့ဝါနာဟာႏိုဝင္ဘာလမွေဖ‌ေဖာ္ဝါရီလအတြင္းတြင္ကစားခဲ့တဲ့ပရီးမီးယားလိဂ္၁၄ပြဲဆက္တိုက္ဂိုးေပါက္ေပ်ာက္လာခဲ့သူလည္းျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးက “ကြၽန္ေတာ္ကအသင္းကိုအကူအညီေပးခ်င္တာေၾကာင့္ဒါကကြၽန္ေတာ့္အ တြက္အရမ္းခက္ခဲခဲ့ပါတယ္။ကြၽန္ေတာ္ကတိုက္စစ္မႉးတစ္ဦးျဖစ္လို႔ဂိုးသြင္းခ်င္တာကြၽန္ေတာ့္သဘာဝပါ”လို႔ ေျပာၾကားသြားပါတယ္။

ဝါနာဟာယခုရာသီမွာလီဗာပူးအတြက္၂၅ပြဲကစားထားရာတြင္၅ဂိုးတည္းသာသြင္းယူထားႏိုင္ၿပီးယေန႔ညတြင္လီဗာပူးသို႔သြားေရာက္ကစားရမယ့္ခ်ဲလ္ဆီးပြဲတြင္ပါဝင္လာပါမယ္။

ဒါေပမယ့္ဝါနာကသူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ရာသီတြင္မ်ားစြာသင္ယူႏိုင္ခဲ့ၿပီးလာမယ့္ရာသီတြင္အသင္းအတြက္ မ်ားစြာဂိုးသြင္းေပးႏိုင္လိမ့္မယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားသြားပါတယ္။

ဝါနာက “ကြၽန္ေတာ့္ကစားသမားဘဝမွာဒါမ်ိဳးမႀကဳံဖူးပါဘူး။ကြၽန္ေတာ္တို႔အေနနဲ႔အဆိုး႐ြားဆုံးအေျခအေနမ်ိဳးက ေနသင္ခန္းစာယူရပါမယ္။ကိုယ့္ကိုယ္ကိုယုံၾကည္မႈအျပည့္အဝရွိေနဖို႔သင္ယူခဲ့ပါတယ္။အသင္းအတြက္အစြမ္းကုန္ ေပးဆပ္ႏိုင္ဖို႔သင္ယူခဲ့ပါတယ္။ဂိုးအတြက္သာမဟုတ္ပါဘူး။အသင္းအတြက္တိုက္ပြဲဝင္ဖို႔လည္းလုပ္ပါတယ္။ဆိုး႐ြား တဲ့ကာလကုန္ဆုံးဖို႔ေမွ်ာ္လင့္ေနပါတယ္။ရာသီမကုန္ခင္ဂိုးတစ္ခ်ိဳ႕သြင္းယူႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔‌ ေျပာၾကားသြားပါတယ္။

အသက္၂၄ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဝါနာဟာလိုက္ဇစ္တြင္ကစားတဲ့ေနာက္ဆုံးရာသီတြင္ဘြန္ဒက္စ္လီ ဂါ၃၄ပြဲတြင္၂၈ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။