အဆုတ်ရောဂါကြောင့် ဆက်စ်ဆူလိုစတားအိုဘင် လေ့ကျင့်ခန်းဆင်းခွင့်မရတော့

ဆက်စ်ဆူလိုစတားပီဒရိုအိုဘင်ဟာအသက်ရှူရခက်ခဲနေမှုနဲ့အတူဆေးစစ်ဆေးမှုပြုလုပ်ခဲ့ရာအဆုတ်ရောဂါဝေဒနာခံစားနေရကြောင်းတွေ့ရှိခဲ့ရပါတယ်။

အသက်၂၉နှစ်ရှိဝက်စ်ဟမ်းစတားဟောင်းဟာအဆုတ်နှင့်လေပြွန်ဆိုင်ရာရောဂါဝေဒနာခံစားနေရကြောင်း Football Italia ကဖော်ပြသွားပါတယ်။

အီကွေတိုရီရယ်ဂီနီလက်ရွေးစင်ဟာအသက်ရှူရခက်ခဲနေမှုကြောင့်မိုဒီနာရှိဆေးရုံတစ်ခုတွင်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်အဆုတ်ပြဿနာရှိနေကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အလယ်တန်းကစားသမားဟာဆေးဘက်ဆိုင်ရာဆရာဝန်များရဲ့ခွင့်ပြုချက်ရရှိမှသာလျှင်လေ့ကျင့်ခန်းဆင်းနိုင်တော့မှာဖြစ်ပါတယ်။

သူဟာလာမယ့်ဩဂုတ်လ၂၁ရက်နေ့တွင်ဗီရိုနာနှင့်ရင်ဆိုင်ကစားရမယ့်ဆက်စ်ဆူလိုရဲ့စီးရီးအေအဖွင့်ပွဲကိုလွဲချော်ဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

အိုဘင်ဟာ၂၀၁၉ခုနှစ်တွင်ဆက်စ်ဆူလိုသို့ပေါင်၆.၁သန်းဖြင့်မပြောင်းရွှေ့မီဝက်စ်ဟမ်းအတွက်၁၁၆ပွဲကစားကာ၃ဂိုးသွင်းယူပေးခဲ့ပါတယ်။

ZawGyi

အဆုတ္ေရာဂါေၾကာင့္ ဆက္စ္ဆူလိုစတားအိုဘင္ ေလ့က်င့္ခန္းဆင္းခြင့္မရေတာ့

ဆက္စ္ဆူလိုစတားပီဒ႐ိုအိုဘင္ဟာအသက္ရႉရခက္ခဲေနမႈနဲ႔အတူေဆးစစ္ေဆးမႈျပဳလုပ္ခဲ့ရာအဆုတ္ေရာဂါေဝဒနာခံစားေနရေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။

အသက္၂၉ႏွစ္ရွိဝက္စ္ဟမ္းစတားေဟာင္းဟာအဆုတ္ႏွင့္ေလႁပြန္ဆိုင္ရာေရာဂါေဝဒနာခံစားေနရေၾကာင္း Football Italia ကေဖာ္ျပသြားပါတယ္။

အီေကြတိုရီရယ္ဂီနီလက္ေ႐ြးစင္ဟာအသက္ရႉရခက္ခဲေနမႈေၾကာင့္မိုဒီနာရွိေဆး႐ုံတစ္ခုတြင္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္အဆုတ္ျပႆနာရွိေနေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။

အလယ္တန္းကစားသမားဟာေဆးဘက္ဆိုင္ရာဆရာဝန္မ်ားရဲ႕ခြင့္ျပဳခ်က္ရရွိမွသာလွ်င္ေလ့က်င့္ခန္းဆင္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

သူဟာလာမယ့္ဩဂုတ္လ၂၁ရက္ေန႔တြင္ဗီ႐ိုနာႏွင့္ရင္ဆိုင္ကစားရမယ့္ဆက္စ္ဆူလိုရဲ႕စီးရီးေအအဖြင့္ပြဲကိုလြဲေခ်ာ္ဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

အိုဘင္ဟာ၂၀၁၉ခုႏွစ္တြင္ဆက္စ္ဆူလိုသို႔ေပါင္၆.၁သန္းျဖင့္မေျပာင္းေ႐ႊ႕မီဝက္စ္ဟမ္းအတြက္၁၁၆ပြဲကစားကာ၃ဂိုးသြင္းယူေပးခဲ့ပါတယ္။