အဆုံးအဖြတ်ပင်နယ်တီအား ဆာကာကို ကန်ခိုင်းတဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလန်စတားများ တုန်လှုပ်ခဲ့ကြ

အင်္ဂလန်စတားများဟာအီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာရှုံးနိမ့်တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲမှာပဥ္စမမြောက်ပင်နယ်တီအားကန်ရန် ဘူကာယိုဆာကာအားရွေးချယ်ခဲ့တဲ့နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်အပေါ်အလွန်အံ့ဩတုန်လှုပ်ခဲ့ကြကြောင်းသိရပါတယ်။

ဆာကာဟာအင်္ဂလန်ရဲ့ပဥ္စမြောက်အဆုံးအဖြတ်ပင်နယ်တီအားကန်ခဲ့ရာမှာအီတလီဂိုးသမားဒွန်နာရမ်မာကကာကွယ်သွားခဲ့ပြီးအင်္ဂလန်မှာယူရို၂၀၂၀ပြိုင်ပွဲမှာဒုတိယသာရရှိခဲ့ပါတယ်။

အသက်၁၉နှစ်ရှိဆာကာဟာမားကပ်စ်ရပ်ရှ်ဖို့ဒ်နှင့်ဂျေဒွန်ဆန်ချိုတို့ပင်နယ်တီလွဲပြီးနောက်သတ္တိရှိရှိရှေ့ထွက်ကန်ခဲ့ပေမယ့်လည်းမဝင်ခဲ့တာပါ။

သူဟာလေ့ကျင့်ခန်းအစီအစဉ်များမှာပင်နယ်တီကောင်းမွန်စွာကန်နိုင်မှုနဲ့အတူရာဟမ်စတာလင်း၊ဂျက်ဂရဲလ်လစ်ရှ်တို့ထက်ဦးစားပေးအဖြစ်ကန်ရန်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရအင်္ဂလန်မှစတားကစားသမားအချို့တို့ဟာအရေးပါတဲ့အဆုံးအဖြတ်ပင်နယ်တီကိုအသက်၁၉နှစ်သာရှိသေးတဲ့ဆာကာအားကန်စေရန်ဆောက်ဂိတ်ရွေးချယ်စဉ်ကတည်းကအကြီးအကျယ်အံ့ဩတုန်လှုပ်နေခဲ့ရကြောင်းဖော်ပြသွားပါတယ်။

ဆာကာဟာစီနီယာအဆင့်မှာပင်နယ်တီတစ်ကြိမ်မျှမကန်ဖူးတဲ့သူဖြစ်ပါတယ်။သူဟာလူငယ်ပွဲစဉ်များမှာသာပင်နယ်တီကန်ခဲ့ဖူးသူဖြစ်ပါတယ်။

ဒါပေမယ့်ဆောက်ဂိတ်ဟာလေ့ကျင့်ရေးအစီအစဉ်များမှာအကောင်းဆုံးလုပ်ပြနိုင်တဲ့ကစားသမားများထဲမှာပါဝင်တဲ့ဆာကာကိုအဆုံးအဖြတ်ပင်နယ်တီကန်စေရန်ဆုံးဖြတ်ခဲ့တာပါ။

အင်္ဂလန်ရဲ့အတွေ့အကြုံရှိကစားသမားများဖြစ်ကြတဲ့စတာလင်း၊ဂျက်ဂရဲလ်လစ်ရှ်တို့ဟာပင်နယ်တီဦးစွာကန်ခွင့်ပေးရန်မတောင်းဆိုမှုအတွက်ဝေဖန်ခံနေရပါတယ်။

ဒါပေမယ့်ဂျက်ဂရဲလ်လစ်ရှ်ကပင်နယ်တီကန်ခွင့်ပေးရန်နည်းပြဆောက်ဂိတ်ထံတောင်းဆိုခဲ့ရာတွင်ငြင်းပယ်ခြင်းခံခဲ့ရကြောင်းဆိုသွားပါတယ်။

ဂရဲလ်လစ်ရှ်က “ကျွန်တော်ကန်ခွင့်တောင်းခဲ့တယ်။ဒါပေမယ့်နည်းပြကဒီပြိုင်ပွဲမှာအရမ်းသင့်တော်တဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့တယ်။အဲဒီညမှာလည်းသူဘဲဆုံးဖြတ်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

အံ့ဩစရာကောင်းတာကတော့အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာဆာကာကိုအဆုံးအဖြတ်ပင်နယ်တီကန်စေခဲ့တဲ့အပြင် အကယ်၍ပင်နယ်တီဆက်ကန်ရပါက ဆဠမမြောက်ပင်နယ်တီအားကန်ရန်ဂျော်ဒန်ပစ်ဖို့ဒ်ကိုရွေးချယ်ခဲ့ကြောင်းလည်းအံ့ဩဖွယ်သိရပါတယ်။

ZawGyi

အဆုံးအျဖတ္ပင္နယ္တီအား ဆာကာကို ကန္ခိုင္းတဲ့ ေဆာက္ဂိတ္ရဲ႕ ဆုံးျဖတ္ခ်က္ကို အဂၤလန္စတားမ်ား တုန္လႈပ္ခဲ့ၾက

အဂၤလန္စတားမ်ားဟာအီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာပၪၥမေျမာက္ပင္နယ္တီအားကန္ရန္ ဘူကာယိုဆာကာအားေ႐ြးခ်ယ္ခဲ့တဲ့နည္းျပဂါရတ္ေဆာက္ဂိတ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚအလြန္အံ့ဩတုန္လႈပ္ခဲ့ၾကေၾကာင္းသိရပါတယ္။

ဆာကာဟာအဂၤလန္ရဲ႕ပၪၥေျမာက္အဆုံးအျဖတ္ပင္နယ္တီအားကန္ခဲ့ရာမွာအီတလီဂိုးသမားဒြန္နာရမ္မာကကာကြယ္သြားခဲ့ၿပီးအဂၤလန္မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဒုတိယသာရရွိခဲ့ပါတယ္။

အသက္၁၉ႏွစ္ရွိဆာကာဟာမားကပ္စ္ရပ္ရွ္ဖို႔ဒ္ႏွင့္ေဂ်ဒြန္ဆန္ခ်ိဳတို႔ပင္နယ္တီလြဲၿပီးေနာက္သတၱိရွိရွိေရွ႕ထြက္ကန္ခဲ့ေပမယ့္လည္းမဝင္ခဲ့တာပါ။

သူဟာေလ့က်င့္ခန္းအစီအစဥ္မ်ားမွာပင္နယ္တီေကာင္းမြန္စြာကန္ႏိုင္မႈနဲ႔အတူရာဟမ္စတာလင္း၊ဂ်က္ဂရဲလ္လစ္ရွ္တို႔ထက္ဦးစားေပးအျဖစ္ကန္ရန္ေ႐ြးခ်ယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရအဂၤလန္မွစတားကစားသမားအခ်ိဳ႕တို႔ဟာအေရးပါတဲ့အဆုံးအျဖတ္ပင္နယ္တီကိုအသက္၁၉ႏွစ္သာရွိေသးတဲ့ဆာကာအားကန္ေစရန္ေဆာက္ဂိတ္ေ႐ြးခ်ယ္စဥ္ကတည္းကအႀကီးအက်ယ္အံ့ဩတုန္လႈပ္ေနခဲ့ရေၾကာင္းေဖာ္ျပသြားပါတယ္။

ဆာကာဟာစီနီယာအဆင့္မွာပင္နယ္တီတစ္ႀကိမ္မွ်မကန္ဖူးတဲ့သူျဖစ္ပါတယ္။သူဟာလူငယ္ပြဲစဥ္မ်ားမွာသာပင္နယ္တီကန္ခဲ့ဖူးသူျဖစ္ပါတယ္။

ဒါေပမယ့္ေဆာက္ဂိတ္ဟာေလ့က်င့္ေရးအစီအစဥ္မ်ားမွာအေကာင္းဆုံးလုပ္ျပႏိုင္တဲ့ကစားသမားမ်ားထဲမွာပါဝင္တဲ့ဆာကာကိုအဆုံးအျဖတ္ပင္နယ္တီကန္ေစရန္ဆုံးျဖတ္ခဲ့တာပါ။

အဂၤလန္ရဲ႕အေတြ႕အႀကဳံရွိကစားသမားမ်ားျဖစ္ၾကတဲ့စတာလင္း၊ဂ်က္ဂရဲလ္လစ္ရွ္တို႔ဟာပင္နယ္တီဦးစြာကန္ခြင့္ေပးရန္မေတာင္းဆိုမႈအတြက္ေဝဖန္ခံေနရပါတယ္။

ဒါေပမယ့္ဂ်က္ဂရဲလ္လစ္ရွ္ကပင္နယ္တီကန္ခြင့္ေပးရန္နည္းျပေဆာက္ဂိတ္ထံေတာင္းဆိုခဲ့ရာတြင္ျငင္းပယ္ျခင္းခံခဲ့ရေၾကာင္းဆိုသြားပါတယ္။

ဂရဲလ္လစ္ရွ္က “ကြၽန္ေတာ္ကန္ခြင့္ေတာင္းခဲ့တယ္။ဒါေပမယ့္နည္းျပကဒီၿပိဳင္ပြဲမွာအရမ္းသင့္ေတာ္တဲ့ဆုံးျဖတ္ခ်က္ေတြကိုခ်ခဲ့တယ္။အဲဒီညမွာလည္းသူဘဲဆုံးျဖတ္ခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

အံ့ဩစရာေကာင္းတာကေတာ့အဂၤလန္နည္းျပေဆာက္ဂိတ္ဟာဆာကာကိုအဆုံးအျဖတ္ပင္နယ္တီကန္ေစခဲ့တဲ့အျပင္ အကယ္၍ပင္နယ္တီဆက္ကန္ရပါက ဆဠမေျမာက္ပင္နယ္တီအားကန္ရန္ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ကိုေ႐ြးခ်ယ္ခဲ့ေၾကာင္းလည္းအံ့ဩဖြယ္သိရပါတယ္။