အဆုံးအဖြတ်ပင်နယ်တီအား အသက် ၁၉ နှစ်သာရှိသေးတဲ့ကစားသမားအား ကန်ခိုင်းမှုအပေါ် ဆောက်ဂိတ် ဝေဖန်ခံနေရ

အင်္ဂလန်ပရိသတ်များဟာအီတလီနှင့်ပွဲတွင်အဆုံးအဖြတ်ပင်နယ်တီအားအသက်၁၉နှစ်သာရှိနေသေးတဲ့ဘူကာယိုဆာကာအားကန်ခိုင်းခဲ့တဲ့ ဂါရတ်ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်အပေါ်ဝေဖန်လျက်ရှိကြပါတယ်။

အင်္ဂလန်နှင့်အီတလီတို့ဟာ၁၂၀မိနစ်တိုင် တစ်ဂိုးစီသရေကျနေမှုကြောင့်ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ကြရပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာအီတလီဟာအင်္ဂလန်ကို၃-၂ဂိုးနဲ့အနိုင်ရပြီးယူရို၂၀၂၀ချန်ပီယံဖြစ်သွားပါတယ်။

အင်္ဂလန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာအင်ဒရေဘီလော့တီနှင့်ဂျော်ဂျင်ဟိုတို့ရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပေမယ့်အီတလီဂိုးသမားဒွန်နာရမ်မာဟာအာဆင်နယ်တောင်ပံကစားသမားဆာကာရဲ့ပင်နယ်တီကိုကာကွယ်သွားခဲ့ပါတယ်။

ဒါ့အပြင်အချိန်ပိုမှာလူစားဝင်လာတဲ့မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ဆန်ချိုတို့ဟာလည်းပင်နယ်တီမဝင်ခဲ့ကြပါဘူး။

အထူးသဖြင့်နောက်ဆုံးပင်နယ်တီကန်ခဲ့တဲ့ဆာကာကပိုမိုဖိအားများခဲ့ပါတယ်။ဒွန်နာရမ်မာဟာညာဖက်ကိုမှန်းဆဒိုင်ဗင်ပစ်ခဲ့ပြီးဆာကာရဲ့ပင်နယ်တီကိုကာကွယ်ကာအီတလီအားယူရို၂၀၂၀ဖလားဆွတ်ခူးပေးခဲ့ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲမှာခြေစွမ်းပြကစားခဲ့တဲ့ဆာကာဟာပင်နယ်တီလွဲပြီးနောက်အကြီးအကျယ်ဝမ်းနည်းနာကျင်နေခဲ့တာတွေ့ရပြီးနည်းပြအဖွဲ့ဝင်များ၊ကစားဖော်များကနှစ်သိမ့်ခဲ့ကြပါတယ်။

အင်္ဂလန်ပရိသတ်များဟာအဆုံးအဖြတ်ပင်နယ်တီကိုအသက်ငယ်ရွယ်တဲ့ဆာကာအားကန်ခိုင်းခဲ့မှုအပေါ်ဆောက်ဂိတ်အားအပြင်းအထန်ဝေဖန်နေပါတယ်။

ဆောက်ဂိတ်ကလည်း “သူ့ကိုပင်နယ်တီကန်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။ကျွန်တော့်မှာဘဲအပြည့်အဝတာဝန်ရှိပါတယ်။ကျွန်တော်တို့ဟာပင်နယ်တီကန်ဖို့လေ့ကျင့်ခဲ့ကြတယ်။ပြီးတော့အကောင်းဆုံးဖြစ်မယ့်သူတွေကိုရွေးချယ်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာယူရို၂၀၂၀ဗိုလ်လုပွဲမှာပွဲအစ၂မိနစ်မှာဘဲလုခ်ရှောရဲ့ဂိုးနဲ့အီတလီကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ပွဲချိန်၆၇မိနစ်မှာဘိုနုချီကအီတလီအတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။လုခ်ရှောဟာယူရိုဗိုလ်လုပွဲသမိုင်းမှာအမြန်ဆုံးဂိုးစံချိန်သစ်ကိုရရှိသွားခဲ့ပါတယ်။

ZawGyi

အဆုံးအျဖတ္ပင္နယ္တီအား အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ကစားသမားအား ကန္ခိုင္းမႈအေပၚ ေဆာက္ဂိတ္ ေဝဖန္ခံေနရ

အဂၤလန္ပရိသတ္မ်ားဟာအီတလီႏွင့္ပြဲတြင္အဆုံးအျဖတ္ပင္နယ္တီအားအသက္၁၉ႏွစ္သာရွိေနေသးတဲ့ဘူကာယိုဆာကာအားကန္ခိုင္းခဲ့တဲ့ ဂါရတ္ေဆာက္ဂိတ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚေဝဖန္လ်က္ရွိၾကပါတယ္။

အဂၤလန္ႏွင့္အီတလီတို႔ဟာ၁၂၀မိနစ္တိုင္ တစ္ဂိုးစီသေရက်ေနမႈေၾကာင့္ပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ၾကရပါတယ္။ပင္နယ္တီအဆုံးအျဖတ္မွာအီတလီဟာအဂၤလန္ကို၃-၂ဂိုးနဲ႔အႏိုင္ရၿပီးယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္သြားပါတယ္။

အဂၤလန္ဂိုးသမားေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာအင္ဒေရဘီေလာ့တီႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ပင္နယ္တီကိုကာကြယ္ႏိုင္ခဲ့ေပမယ့္အီတလီဂိုးသမားဒြန္နာရမ္မာဟာအာဆင္နယ္ေတာင္ပံကစားသမားဆာကာရဲ႕ပင္နယ္တီကိုကာကြယ္သြားခဲ့ပါတယ္။

ဒါ့အျပင္အခ်ိန္ပိုမွာလူစားဝင္လာတဲ့မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳတို႔ဟာလည္းပင္နယ္တီမဝင္ခဲ့ၾကပါဘူး။

အထူးသျဖင့္ေနာက္ဆုံးပင္နယ္တီကန္ခဲ့တဲ့ဆာကာကပိုမိုဖိအားမ်ားခဲ့ပါတယ္။ဒြန္နာရမ္မာဟာညာဖက္ကိုမွန္းဆဒိုင္ဗင္ပစ္ခဲ့ၿပီးဆာကာရဲ႕ပင္နယ္တီကိုကာကြယ္ကာအီတလီအားယူ႐ို၂၀၂၀ဖလားဆြတ္ခူးေပးခဲ့ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေျခစြမ္းျပကစားခဲ့တဲ့ဆာကာဟာပင္နယ္တီလြဲၿပီးေနာက္အႀကီးအက်ယ္ဝမ္းနည္းနာက်င္ေနခဲ့တာေတြ႕ရၿပီးနည္းျပအဖြဲ႕ဝင္မ်ား၊ကစားေဖာ္မ်ားကႏွစ္သိမ့္ခဲ့ၾကပါတယ္။

အဂၤလန္ပရိသတ္မ်ားဟာအဆုံးအျဖတ္ပင္နယ္တီကိုအသက္ငယ္႐ြယ္တဲ့ဆာကာအားကန္ခိုင္းခဲ့မႈအေပၚေဆာက္ဂိတ္အားအျပင္းအထန္ေဝဖန္ေနပါတယ္။

ေဆာက္ဂိတ္ကလည္း “သူ႔ကိုပင္နယ္တီကန္ဖို႔ကြၽန္ေတာ္ဆုံးျဖတ္ခဲ့တာပါ။ကြၽန္ေတာ့္မွာဘဲအျပည့္အဝတာဝန္ရွိပါတယ္။ကြၽန္ေတာ္တို႔ဟာပင္နယ္တီကန္ဖို႔ေလ့က်င့္ခဲ့ၾကတယ္။ၿပီးေတာ့အေကာင္းဆုံးျဖစ္မယ့္သူေတြကိုေ႐ြးခ်ယ္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာပြဲအစ၂မိနစ္မွာဘဲလုခ္ေရွာရဲ႕ဂိုးနဲ႔အီတလီကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ပြဲခ်ိန္၆၇မိနစ္မွာဘိုႏုခ်ီကအီတလီအတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။လုခ္ေရွာဟာယူ႐ိုဗိုလ္လုပြဲသမိုင္းမွာအျမန္ဆုံးဂိုးစံခ်ိန္သစ္ကိုရရွိသြားခဲ့ပါတယ္။