အဇာဘိုင်ဂျန်နှင့်ပေါ်တူဂီပွဲတွင် ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ကာ ဖာနန်ဒက်စ်နှင့် Selfie ရိုက်ကူးခဲ့

ဘောလုံးပရိသတ်များဟာကွင်းအတွင်းသို့အတင်းဝင်ရောက်ကာမန်ချက်စတာယူနိုက်တက်စတားဘရူနိုဖာနန်ဒက်စ်နှင့် Selfie ရိုက်ကူးခဲ့ကြပါတယ်။

အထက်ပါအဖြစ်အပျက်ကမနေ့ညတုန်းကပေါ်တူဂီကအဇာဘိုင်ဂျန်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးပရိသတ်သုံးဦးတို့ဟာကွင်းအတွင်းသို့အတင်းဝင်ရောက်ကာပေါ်တူဂီစတားနှင့် Selfie ရိုက်ကူးခဲ့တာဖြစ်ပြီးလုံခြုံရေးတွေကလည်းတားဆီးတာမျိုးမလုပ်ခဲ့ပါဘူး။

ယင်းလူငယ်လေးများဟာပေါ်တူဂီကွင်းလယ်ကစားသမားရဲ့အသာတကြည်ခွင့်ပြုမှုရရှိပြီးနောက်စမတ်ဖုန်းများကိုယ်စီထုတ်ကာဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ဖာနန်ဒက်စ်ဟာလုံခြုံရေးများကတစုံတရာတားဆီးခြင်းမပြုမှုအပေါ်အနည်းငယ်စိုးရိမ်နေပုံလည်းရပါတယ်။

ပရိသတ်များဟာဘရူနိုဖာနန်ဒက်စ်နဲ့ Selfie ဓာတ်ပုံများရိုက်ကူးပြီးနောက်ကွင်းမှထွက်ခွာသွားခဲ့ကြပြီးပွဲကိုလည်းပြန်လည်ဆက်ကစားနိုင်ခဲ့ပါတယ်။

ပေါ်တူဂီဟာဘရူနိုဖာနန်ဒက်စ်မပါဝင်ပေမယ့်လည်းတောင့်တင်းတဲ့အသင်းဖြင့်ပင်ပွဲထုတ်ခဲ့ပြီးဘရူနိုဖာနန်ဒက်စ်ဟာဘာနတ်ဒိုဆေးလ်ဗားဦးဆောင်ဂိုးသွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ပေါ်တူဂီအတွက်ကျန်နှစ်ဂိုးကိုအင်ဒရေဆေးလ်ဗားနှင့်ဂျိုတာတို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

အဇာဘိုင္ဂ်န္ႏွင့္ေပၚတူဂီပြဲတြင္ ပရိသတ္မ်ား ကြင္းအတြင္းဝင္ေရာက္ကာ ဖာနန္ဒက္စ္ႏွင့္ Selfie ႐ိုက္ကူးခဲ့

ေဘာလုံးပရိသတ္မ်ားဟာကြင္းအတြင္းသို႔အတင္းဝင္ေရာက္ကာမန္ခ်က္စတာယူႏိုက္တက္စတားဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ Selfie ႐ိုက္ကူးခဲ့ၾကပါတယ္။

အထက္ပါအျဖစ္အပ်က္ကမေန႔ညတုန္းကေပၚတူဂီကအဇာဘိုင္ဂ်န္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးပရိသတ္သုံးဦးတို႔ဟာကြင္းအတြင္းသို႔အတင္းဝင္ေရာက္ကာေပၚတူဂီစတားႏွင့္ Selfie ႐ိုက္ကူးခဲ့တာျဖစ္ၿပီးလုံၿခဳံေရးေတြကလည္းတားဆီးတာမ်ိဳးမလုပ္ခဲ့ပါဘူး။

ယင္းလူငယ္ေလးမ်ားဟာေပၚတူဂီကြင္းလယ္ကစားသမားရဲ႕အသာတၾကည္ခြင့္ျပဳမႈရရွိၿပီးေနာက္စမတ္ဖုန္းမ်ားကိုယ္စီထုတ္ကာဓာတ္ပုံ႐ိုက္ကူးခဲ့ၾကပါတယ္။ဖာနန္ဒက္စ္ဟာလုံၿခဳံေရးမ်ားကတစုံတရာတားဆီးျခင္းမျပဳမႈအေပၚအနည္းငယ္စိုးရိမ္ေနပုံလည္းရပါတယ္။

ပရိသတ္မ်ားဟာဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ Selfie ဓာတ္ပုံမ်ား႐ိုက္ကူးၿပီးေနာက္ကြင္းမွထြက္ခြာသြားခဲ့ၾကၿပီးပြဲကိုလည္းျပန္လည္ဆက္ကစားႏိုင္ခဲ့ပါတယ္။

ေပၚတူဂီဟာဘ႐ူႏိုဖာနန္ဒက္စ္မပါဝင္ေပမယ့္လည္းေတာင့္တင္းတဲ့အသင္းျဖင့္ပင္ပြဲထုတ္ခဲ့ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ဟာဘာနတ္ဒိုေဆးလ္ဗားဦးေဆာင္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။ေပၚတူဂီအတြက္က်န္ႏွစ္ဂိုးကိုအင္ဒေရေဆးလ္ဗားႏွင့္ဂ်ိဳတာတို႔ကသြင္းယူခဲ့ၾကပါတယ္။