အတိတ်အောင်မြင်မှုများတွင် မနစ်မွန်းတော့ရန် အသင်းဟောင်းယူနိုက်တက်ကို အီဘရာဟီမိုဗစ်သတိပေး

ဇလာတန်အီဘရာဟီမိုဗစ်ကအသင်းဟောင်းမန်ချက်စတာယူနိုက်တက်အနေဖြင့်ရှေ့သို့လျှောက်လှမ်းနိုင်ဖို့အတွက်အပြောင်းအလဲများပြုလုပ်ရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။

ဆွီဒင်ကစားသမားဟာ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အထိမန်ယူတွင်ကစားခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၅၃ပွဲကစားခဲ့ရာမှာ၂၉ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာမန်ယူတွင်ကစားစဉ်ကာလအတွင်းတွင်ယူရိုပါလိဂ်ဖလားရရှိအောင်ကူညီခဲ့သလို၇နှစ်အတွင်းပထမဆုံးလိဂ်ဖလားရအောင်လည်းကူညီခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာအယ်အေဂလက်စီတွင်ကျင်လည်ပြီးနောက်အသင်းဟောင်းအေစီမီလန်သို့ရောက်လာချိန်မှာလည်းအသက်၄၀နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်ဂိုးသွင်းကောင်းနေတုန်းဖြစ်ပါတယ်။

ယနေ့မှာအီဘရာဟီမိုဗစ်ကမန်ယူအနေဖြင့်အတိတ်အောင်မြင်မှုများတွင်နေထိုင်မှုကိုရပ်တန့်ပြီးအနာဂတ်အောင်မြင်မှုရရှိရေးလုပ်ဆောင်ရတော့မှာဖြစ်ကြောင်းပြောကြားလာပါတယ်။

အီဘရာဟီမိုဗစ်က “သူတို့ကအတိတ်နဲ့ပတ်သက်ပြီးသိပ်ပြောကြတယ်။အဲဒီကိုကျုပ်ရောက်သွားတုန်းက ‘ငါကအခုပစ္စုပ္ပန်အပေါ်မှာဘဲအာရုံစိုက်တယ်။ကိုယ့်သမိုင်းကိုယ်ရေးဖို့ရောက်လာတာ’လို့ပြောခဲ့တယ်။ဒါပေမယ့်အတိတ်အကြောင်းချည်းပြောနေတော့အဆုံးအစမရှိသလိုပဲ။ပစ္စုပ္ပန်အပေါ်မှာဘဲတွေးသင့်တယ်။မဟုတ်ရင်လည်းဆေးရုံသွားကုသရတော့မယ်။ခေါင်းကိုရှင်းရှင်းထားရမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာရလဒ်ဆိုးရွားမှုကြောင့်ဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ထားပြီးနည်းပြသစ်ခန့်အပ်ရန်ရှာဖွေနေပါတယ်။၎င်းတို့ဟာမိုက်ကယ်ကာရစ်ကိုလက်ထောက်နည်းပြအဖြစ်ခန့်အပ်ထားပါတယ်။မိုက်ကယ်ကာရစ်ဟာသူ့ရဲ့ပထမဆုံးပွဲဖြစ်တဲ့ဗီလာရီးရဲလ်နှင့်ပွဲတွင်၂-၀ဂိုးဖြင့်အနိုင်ရရှိအောင်ဦးဆောင်ကာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့ပို့ဆောင်ပေးထားပါတယ်။

ZawGyi

အတိတ္ေအာင္ျမင္မႈမ်ားတြင္ မနစ္မြန္းေတာ့ရန္ အသင္းေဟာင္းယူႏိုက္တက္ကို အီဘရာဟီမိုဗစ္သတိေပး

ဇလာတန္အီဘရာဟီမိုဗစ္ကအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္အေနျဖင့္ေရွ႕သို႔ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္အေျပာင္းအလဲမ်ားျပဳလုပ္ရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။

ဆြီဒင္ကစားသမားဟာ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိမန္ယူတြင္ကစားခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၅၃ပြဲကစားခဲ့ရာမွာ၂၉ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူတြင္ကစားစဥ္ကာလအတြင္းတြင္ယူ႐ိုပါလိဂ္ဖလားရရွိေအာင္ကူညီခဲ့သလို၇ႏွစ္အတြင္းပထမဆုံးလိဂ္ဖလားရေအာင္လည္းကူညီခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ဟာအယ္ေအဂလက္စီတြင္က်င္လည္ၿပီးေနာက္အသင္းေဟာင္းေအစီမီလန္သို႔ေရာက္လာခ်ိန္မွာလည္းအသက္၄၀ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ဂိုးသြင္းေကာင္းေနတုန္းျဖစ္ပါတယ္။

ယေန႔မွာအီဘရာဟီမိုဗစ္ကမန္ယူအေနျဖင့္အတိတ္ေအာင္ျမင္မႈမ်ားတြင္ေနထိုင္မႈကိုရပ္တန႔္ၿပီးအနာဂတ္ေအာင္ျမင္မႈရရွိေရးလုပ္ေဆာင္ရေတာ့မွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အီဘရာဟီမိုဗစ္က “သူတို႔ကအတိတ္နဲ႔ပတ္သက္ၿပီးသိပ္ေျပာၾကတယ္။အဲဒီကိုက်ဳပ္ေရာက္သြားတုန္းက ‘ငါကအခုပစၥဳပၸန္အေပၚမွာဘဲအာ႐ုံစိုက္တယ္။ကိုယ့္သမိုင္းကိုယ္ေရးဖို႔ေရာက္လာတာ’လို႔ေျပာခဲ့တယ္။ဒါေပမယ့္အတိတ္အေၾကာင္းခ်ည္းေျပာေနေတာ့အဆုံးအစမရွိသလိုပဲ။ပစၥဳပၸန္အေပၚမွာဘဲေတြးသင့္တယ္။မဟုတ္ရင္လည္းေဆး႐ုံသြားကုသရေတာ့မယ္။ေခါင္းကိုရွင္းရွင္းထားရမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာရလဒ္ဆိုး႐ြားမႈေၾကာင့္ဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ထားၿပီးနည္းျပသစ္ခန႔္အပ္ရန္ရွာေဖြေနပါတယ္။၎တို႔ဟာမိုက္ကယ္ကာရစ္ကိုလက္ေထာက္နည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။မိုက္ကယ္ကာရစ္ဟာသူ႔ရဲ႕ပထမဆုံးပြဲျဖစ္တဲ့ဗီလာရီးရဲလ္ႏွင့္ပြဲတြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိေအာင္ဦးေဆာင္ကာခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔ပို႔ေဆာင္ေပးထားပါတယ္။