
ပရီးမီးယားလိဂ်စတားတစ်ဦးဟာပြင်းထန်တဲ့အိပ်ယာပေါ်မှကိစ္စပြုလုပ်မှုနှင့်အတူပေါင်ခြံဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ထိပ်တန်းခွဲစိတ်ဆရာဝန်တစ်ဦးကဖွင့်ချလာပါတယ်။
ယင်းပရီးမီးယားလိဂ်စတားဟာပြင်းထန်တဲ့အိပ်ယာပေါ်မှကိစ္စလုပ်ဆောင်မှုနှင့်အတူဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် ခွဲစိတ်ကုသမှုပါပြုလုပ်ခဲ့ရပြီး နည်းပြဖြစ်သူမသိအောင်လျို့ဝှက်ထားခဲ့ရပါတယ်။
အသက်၅၁နှစ်ရှိပရော်ဖက်ဆာအေလီရှိုင်းဟာရာပေါင်းများစွာအားကစားစတားတို့ရဲ့ပေါင်ခြံဒဏ်ရာကိုကုသပေးလာခဲ့သူဖြစ်ပြီး လန်ဒန်တောင်ပိုင်းကဖြစ်ပေမဲ့ယခုအခါမှာတော့မန်ချက်စတာမှာအထိုင်ချနေပါတယ်။
သူဟာThe Painted Surgeon အမည်ရှိစာအုပ်အတွင်းတွင်အမည်ဖော်ပြထားခြင်းမရှိတဲ့ပရီးမီးယားလိဂ်စတားရဲ့ထူးဆန်းတဲ့ဒဏ်ရာကိုဖွင့်ချလာတာလည်းဖြစ်ပါတယ်။
ယင်းစာအုပ်အတွင်းတွင်၎င်းကချောင်းဆိုး၊နှာချေမှုကြောင့်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ပရီးမီးယားလိဂ်စတားတစ်ဦးအကြောင်းကိုလည်းဖော်ပြသွားပါတယ်။
သူဟာအားကစားသမားပေါင်းသုံးထောင်ကျော်တို့ကိုဆေးကုသဖူးကာ လီဗာပူး၊ချဲလ်ဆီးမှစတားအများအပြားတို့ကိုကုသဖူးပါတယ်။
ZawGyi
အတီးကြမ်းလို့ ပေါင်ခြံဒဏ်ရာရရှိသွားတဲ့ ပရီးမီးယားလိဂ်စတား