
နာပိုလီစူပါစတားခါဗာချာခဗာရက်ခီလီယာဟာမနေ့ညတုန်းကအတ္တလန္တာကိုနာပိုလီကအနိုင်ရတဲ့ပွဲစဉ်တွင်တကိုယ်တော်အစွမ်းဖြင့်လှပတဲ့ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
နာပိုလီဟာစနေနေ့ညပွဲကိုအနိုင်ရရင်ဒုတိယနေရာမှအင်တာမီလန်ကို၁၈မှတ်အထိဖြတ်ထားနိုင်မဲ့အခြေအနေမျိုးဖြင့်ကစားခဲ့ရတာဖြစ်ပါတယ်။
နာပိုလီဟာပထမပိုင်းတစ်ပိုင်းလုံးတိုက်စစ်ဆင်ကစားခဲ့ပေမဲ့လည်းအတ္တလန္တာကခံစစ်ပိတ်ဆို့ကစားမှုနဲ့အတူဂိုးပေါက်မတွေ့ပါဘူး။
ဒါပေမဲ့ဒုတိယပိုင်းပွဲချိန်၆၀မိနစ်မှာတော့ခဗာရက်ခီလီယာကပွဲကိုအလှည့်အပြောင်းဖြစ်အောင်ပြုလုပ်လာပါတော့တယ်။
ဂျော်ဂျီယာမက်ဆီလို့ချစ်စနိုးခေါ်ဝေါ်ခြင်းခံထားရတဲ့ခဗာရက်ခီလီယာဟာဘယ်ခြမ်းတွင်ဘောလုံးရရှိပြီးနောက်အတ္တလန္တာနောက်ခံလူများကိုလိမ်ခေါက်ပြေးလွှားကျော်ဖြတ်ကာဦးဆောင်ဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေကတော့တကိုယ်တော်အစွမ်းဖြင့်ဂိုးသွင်းခဲ့တဲ့ခဗာရက်ခီလီယာရဲ့စွမ်းဆောင်ရည်အပေါ် အံ့ဩနေကြခြင်းမရှိပါဘူး။သူဟာပြီးခဲ့တဲ့နွေရာသီတွင်နာပိုလီသို့ရောက်လာပြီးနောက်၂၈ပွဲကစားထားရာမှာ၁၃ဂိုးအထိသွင်းထားနိုင်ပါတယ်။
နာပိုလီဟာမနေ့ညကအတ္တလန္တာနှင့်ပွဲတွင်ခရာဗက်ခီလီယာကဦးဆောင်ဂိုးသွင်းပြီးနောက်ရာမာနီက၇၇မိနစ်မှာဂိုးထပ်မံသွင်းယူမှုနဲ့အတူ၂-၀ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
အတၱလႏၲာကို အႏိုင္ရတဲ့ပြဲမွာ အံ့မခန္းေကာင္းမြန္လြန္းလွတဲ့ တကိုယ္ေတာ္အစြမ္းဂိုးကို သြင္းခဲ့တဲ့ ခဗာရက္ခီလီယာ
နာပိုလီစူပါစတားခါဗာခ်ာခဗာရက္ခီလီယာဟာမေန႔ညတုန္းကအတၱလႏၲာကိုနာပိုလီကအႏိုင္ရတဲ့ပြဲစဥ္တြင္တကိုယ္ေတာ္အစြမ္းျဖင့္လွပတဲ့ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။
နာပိုလီဟာစေနေန႔ညပြဲကိုအႏိုင္ရရင္ဒုတိယေနရာမွအင္တာမီလန္ကို၁၈မွတ္အထိျဖတ္ထားႏိုင္မဲ့အေျခအေနမ်ိဳးျဖင့္ကစားခဲ့ရတာျဖစ္ပါတယ္။
နာပိုလီဟာပထမပိုင္းတစ္ပိုင္းလုံးတိုက္စစ္ဆင္ကစားခဲ့ေပမဲ့လည္းအတၱလႏၲာကခံစစ္ပိတ္ဆို႔ကစားမႈနဲ႔အတူဂိုးေပါက္မေတြ႕ပါဘူး။
ဒါေပမဲ့ဒုတိယပိုင္းပြဲခ်ိန္၆၀မိနစ္မွာေတာ့ခဗာရက္ခီလီယာကပြဲကိုအလွည့္အေျပာင္းျဖစ္ေအာင္ျပဳလုပ္လာပါေတာ့တယ္။
ေဂ်ာ္ဂ်ီယာမက္ဆီလို႔ခ်စ္စႏိုးေခၚေဝၚျခင္းခံထားရတဲ့ခဗာရက္ခီလီယာဟာဘယ္ျခမ္းတြင္ေဘာလုံးရရွိၿပီးေနာက္အတၱလႏၲာေနာက္ခံလူမ်ားကိုလိမ္ေခါက္ေျပးလႊားေက်ာ္ျဖတ္ကာဦးေဆာင္ဂိုးသြင္းသြားခဲ့တာျဖစ္ပါတယ္။
ေဘာလုံးပရိသတ္ေတြကေတာ့တကိုယ္ေတာ္အစြမ္းျဖင့္ဂိုးသြင္းခဲ့တဲ့ခဗာရက္ခီလီယာရဲ႕စြမ္းေဆာင္ရည္အေပၚ အံ့ဩေနၾကျခင္းမရွိပါဘူး။သူဟာၿပီးခဲ့တဲ့ေႏြရာသီတြင္နာပိုလီသို႔ေရာက္လာၿပီးေနာက္၂၈ပြဲကစားထားရာမွာ၁၃ဂိုးအထိသြင္းထားႏိုင္ပါတယ္။
နာပိုလီဟာမေန႔ညကအတၱလႏၲာႏွင့္ပြဲတြင္ခရာဗက္ခီလီယာကဦးေဆာင္ဂိုးသြင္းၿပီးေနာက္ရာမာနီက၇၇မိနစ္မွာဂိုးထပ္မံသြင္းယူမႈနဲ႔အတူ၂-၀ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။