အတ္တလန္တာကို ၂-၀ဂိုးဖြင့် ရှုံးနေချိန်တွင် ‘မင်းတို့ သောက်ရှက်မရှိကြဘူးလား’ ဆိုပြီး မန်ယူစတားများကို ကြိမ်းမောင်းခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာကြားရက်တုန်းကအတ္တလန္တာအား၂-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်ကစားဖော်များအားအကြီးအကျယ်ဆူပူကြိမ်းမောင်းအော်ဟစ်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

မန်ယူဟာကြားရက်တုန်းကအတ္တလန္တာနှင့်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းတွင် ၂-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။

ပထမပိုင်းအပြီးအဝတ်အစားလဲခန်းအတွင်းတွင် မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကမန်ယူစတားများအား စိတ်အေးအေးထားပြီးဒုတိယပိုင်းကိုရင်ဆိုင်ကစားကြရန်တိုက်တွန်းမှုပြုလုပ်ခဲ့ပါတယ်။

ယင်းအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဆရာဟောင်းဆာအဲလက်စ်ဖာဂူဆန်ရဲ့နည်းလမ်းဟောင်းအတိုင်းကစားသမားများကိုဆူပူကြိမ်းမောင်းမှုပြုလုပ်ကာအနိုင်ရရှိရေးတွန်းအားပေးခဲ့ပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “ခရစ္စတီယာနိုရော်နယ်ဒိုကတစ်သင်းကိုစုစေပြီး ခြေစွမ်းကလက်ခံနိုင်စရာလုံးဝမရှိဘူးလို့ပြောခဲ့ပါတယ်။မင်းတို့မရှက်ကြဘူးလို့လည်းမေးတယ်။ပြီးတော့ကိုယ့်ပရိသတ်ရှေ့မှာမန်ချက်စတာယူနိုက်တက်ဖျော်ဖြေတဲ့ပုံစံမျိုးမဟုတ်ဘူးလို့လည်းပြောပါတယ်။ဒီပွဲကိုအနိုင်ရဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ဒီပွဲမနိုင်ရင်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့မတက်နိုင်ဘူးလို့လည်းပြောခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယင်းနောက်ဆိုးလ်ရှားက၎င်းတို့မှာအသင်းလိုက်စည်းလုံးမှုရှိရှိကစားလျှင်အနိုင်ရနိုင်သေးကြောင်းနှင့်ဒုတိယပိုင်းအစောပိုင်းတွင်ပထမဂိုးရရန်လိုကြောင်းပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကလည်းသူ့ကိုကွင်းလယ်အောက်ဘက်သို့အထိဆင်းကစားစေလိုကြောင်း၊ယင်းမှသာလျှင်ဘောလုံးပိုမိုရရှိကာဖြန့်ဝေမှုပြုလုပ်နိုင်မှာဖြစ်ကြောင်းလည်းတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

မန်ယူအသင်းဟာဒုတိယပိုင်းတွင်ရပ်ရှ်ဖို့ဒ်နှင့်ဟယ်ရီမက်ဂွိုင်းယားတို့ရဲ့ဂိုးများဖြင့်ချေပဂိုးရခဲ့ပြီးပွဲပြီးခါနီး၉မိနစ်အလိုတွင်ခရစ္စတီယာနိုရော်နယ်ဒိုကခေါင်းတိုက်အပြင်းတိုက်ကာအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

အတၱလႏၲာကို ၂-၀ဂိုးျဖင့္ ရႈံးေနခ်ိန္တြင္ ‘မင္းတို႔ ေသာက္ရွက္မရွိၾကဘူးလား’ ဆိုၿပီး မန္ယူစတားမ်ားကို ႀကိမ္းေမာင္းခဲ့တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကားရက္တုန္းကအတၱလႏၲာအား၂-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္ကစားေဖာ္မ်ားအားအႀကီးအက်ယ္ဆူပူႀကိမ္းေမာင္းေအာ္ဟစ္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

မန္ယူဟာၾကားရက္တုန္းကအတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕ပထမပိုင္းတြင္ ၂-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ပါတယ္။

ပထမပိုင္းအၿပီးအဝတ္အစားလဲခန္းအတြင္းတြင္ မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကမန္ယူစတားမ်ားအား စိတ္ေအးေအးထားၿပီးဒုတိယပိုင္းကိုရင္ဆိုင္ကစားၾကရန္တိုက္တြန္းမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းအခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆရာေဟာင္းဆာအဲလက္စ္ဖာဂူဆန္ရဲ႕နည္းလမ္းေဟာင္းအတိုင္းကစားသမားမ်ားကိုဆူပူႀကိမ္းေမာင္းမႈျပဳလုပ္ကာအႏိုင္ရရွိေရးတြန္းအားေပးခဲ့ပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “ခရစၥတီယာႏိုေရာ္နယ္ဒိုကတစ္သင္းကိုစုေစၿပီး ေျခစြမ္းကလက္ခံႏိုင္စရာလုံးဝမရွိဘူးလို႔ေျပာခဲ့ပါတယ္။မင္းတို႔မရွက္ၾကဘူးလို႔လည္းေမးတယ္။ၿပီးေတာ့ကိုယ့္ပရိသတ္ေရွ႕မွာမန္ခ်က္စတာယူႏိုက္တက္ေဖ်ာ္ေျဖတဲ့ပုံစံမ်ိဳးမဟုတ္ဘူးလို႔လည္းေျပာပါတယ္။ဒီပြဲကိုအႏိုင္ရဖို႔လိုတယ္လို႔ေျပာခဲ့ပါတယ္။ဒီပြဲမႏိုင္ရင္ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္သို႔မတက္ႏိုင္ဘူးလို႔လည္းေျပာခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယင္းေနာက္ဆိုးလ္ရွားက၎တို႔မွာအသင္းလိုက္စည္းလုံးမႈရွိရွိကစားလွ်င္အႏိုင္ရႏိုင္ေသးေၾကာင္းႏွင့္ဒုတိယပိုင္းအေစာပိုင္းတြင္ပထမဂိုးရရန္လိုေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ကလည္းသူ႔ကိုကြင္းလယ္ေအာက္ဘက္သို႔အထိဆင္းကစားေစလိုေၾကာင္း၊ယင္းမွသာလွ်င္ေဘာလုံးပိုမိုရရွိကာျဖန႔္ေဝမႈျပဳလုပ္ႏိုင္မွာျဖစ္ေၾကာင္းလည္းေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

မန္ယူအသင္းဟာဒုတိယပိုင္းတြင္ရပ္ရွ္ဖို႔ဒ္ႏွင့္ဟယ္ရီမက္ဂြိဳင္းယားတို႔ရဲ႕ဂိုးမ်ားျဖင့္ေခ်ပဂိုးရခဲ့ၿပီးပြဲၿပီးခါနီး၉မိနစ္အလိုတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကေခါင္းတိုက္အျပင္းတိုက္ကာအႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။