အတ္တလန္တာတိုက်စစ်ကို ရီးရဲလ်မက်ဒရစ် အကောင်းဆုံးခုခံကာကွယ်ရမည်ဟု ခရူးစ်သတိပေး

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားတိုနီခရူးစ်ကယနေ့ညတွင်အတ္တလန္တာနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာရီးရဲလ်မက်ဒရစ်အတွက်အလွန်ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီးမိမိတို့အနေဖြင့်ခံစစ်ကိုအကောင်းဆုံးကစားရန်လိုအပ်ကြောင်းပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယနေ့ညတွင်ဘာဂါမိုသို့သွားရောက်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်ကိုကစားသွားရပါမယ်။

တိုနီခရူးစ်က “အဓိကကစားသမားတွေမပါဝင်နိုင်ပေမယ့်နောက်ပိုင်းပွဲတွေမှာကစားသလိုဘဲကစားရပါမယ်။ကျွန် တော်တို့ကပွဲကိုထိန်းချုပ်နိုင်ဖို့အမြဲတမ်းကြိုးစားပါတယ်။ပြီးတော့ဘောလုံးပိုင်ဆိုင်မှုအသာယူပါတယ်။ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းကကွဲပြားစွာကစားတဲ့အသင်းဖြစ်ပါတယ်။ဒီပွဲကခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ပွဲတိုင်းကဗိုလ်လုပွဲလိုပါပဲ။ဘောလုံးဘယ်ကစားရမယ်၊တိုက်စစ်ဘယ်လိုဆင်ရမလဲဆိုတာသိတဲ့အသင်းကိုရင်ဆိုင်ရမှာ ဖြစ်လို့လွယ်ကူလာမှာမဟုတ်ပါဘူး။ပွဲကိုအကောင်းဆုံးသုံးသပ်ပြီးကစားသွားပါမယ်။ပြီးတော့ခံစစ်ကိုလည်းကောင်းကောင်းကစားနိုင်ဖို့လိုပါတယ်။အသင်းရဲ့ကစားဟန်အပေါ်မူတည်ပြီးပွဲတစ်ပွဲရှုံးနိုင်သလိုနိုင်လည်းနိုင်နိုင်ပါတယ်။အလယ်တန်းမှာကစားဟန်တည်ဆောက်နိုင်ရန်ကျွန်တော်တို့ရလဒ်ကောင်းရယူဖို့အခွင့်ကောင်းရလာမှာပါ။ကျွန် တော်တို့ရဲ့နည်းဗျူဟာကအမြဲတမ်းအလုပ်မဖြစ်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့ဟာကောင်းသထက်ကောင်းအောင် လုပ်ဆောင်လာခဲ့ကြပါတယ်”လို့ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်မှအဓိကကကစားသမားများဖြစ်ကြတဲ့ရာမို့စ်နှင့်ဘန်ဇီးမားတို့မှာအတ္တလန္တာနှင့်ပွဲကိုလွဲချော်မည် ဖြစ်ရာဇီဒန်းအတွက်ကြီးမားတဲ့ထိုးနှက်တစ်ခုဖြစ်နေပါတယ်။

ZawGyi

အတၱလႏၲာတိုက္စစ္ကို ရီးရဲလ္မက္ဒရစ္ အေကာင္းဆုံးခုခံကာကြယ္ရမည္ဟု ခ႐ူးစ္သတိေပး

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားတိုနီခ႐ူးစ္ကယေန႔ညတြင္အတၱလႏၲာႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာရီးရဲလ္မက္ဒရစ္အတြက္အလြန္ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီးမိမိတို႔အေနျဖင့္ခံစစ္ကိုအေကာင္းဆုံးကစားရန္လိုအပ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယေန႔ညတြင္ဘာဂါမိုသို႔သြားေရာက္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ကိုကစားသြားရပါမယ္။

တိုနီခ႐ူးစ္က “အဓိကကစားသမားေတြမပါဝင္ႏိုင္ေပမယ့္ေနာက္ပိုင္းပြဲေတြမွာကစားသလိုဘဲကစားရပါမယ္။ကြၽန္ ေတာ္တို႔ကပြဲကိုထိန္းခ်ဳပ္ႏိုင္ဖို႔အၿမဲတမ္းႀကိဳးစားပါတယ္။ၿပီးေတာ့ေဘာလုံးပိုင္ဆိုင္မႈအသာယူပါတယ္။ကြၽန္ေတာ္တို႔ရင္ဆိုင္ရမယ့္အသင္းကကြဲျပားစြာကစားတဲ့အသင္းျဖစ္ပါတယ္။ဒီပြဲကခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာပါလိမ့္မယ္။ပြဲတိုင္းကဗိုလ္လုပြဲလိုပါပဲ။ေဘာလုံးဘယ္ကစားရမယ္၊တိုက္စစ္ဘယ္လိုဆင္ရမလဲဆိုတာသိတဲ့အသင္းကိုရင္ဆိုင္ရမွာ ျဖစ္လို႔လြယ္ကူလာမွာမဟုတ္ပါဘူး။ပြဲကိုအေကာင္းဆုံးသုံးသပ္ၿပီးကစားသြားပါမယ္။ၿပီးေတာ့ခံစစ္ကိုလည္းေကာင္းေကာင္းကစားႏိုင္ဖို႔လိုပါတယ္။အသင္းရဲ႕ကစားဟန္အေပၚမူတည္ၿပီးပြဲတစ္ပြဲရႈံးႏိုင္သလိုႏိုင္လည္းႏိုင္ႏိုင္ပါတယ္။အလယ္တန္းမွာကစားဟန္တည္ေဆာက္ႏိုင္ရန္ကြၽန္ေတာ္တို႔ရလဒ္ေကာင္းရယူဖို႔အခြင့္ေကာင္းရလာမွာပါ။ကြၽန္ ေတာ္တို႔ရဲ႕နည္းဗ်ဴဟာကအၿမဲတမ္းအလုပ္မျဖစ္ပါဘူး။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာေကာင္းသထက္ေကာင္းေအာင္ လုပ္ေဆာင္လာခဲ့ၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္မွအဓိကကကစားသမားမ်ားျဖစ္ၾကတဲ့ရာမို႔စ္ႏွင့္ဘန္ဇီးမားတို႔မွာအတၱလႏၲာႏွင့္ပြဲကိုလြဲေခ်ာ္မည္ ျဖစ္ရာဇီဒန္းအတြက္ႀကီးမားတဲ့ထိုးႏွက္တစ္ခုျဖစ္ေနပါတယ္။