အတ္တလန္တာနှင့်ပွဲမှာ အနိုင်ဂိုးသွင်းပြီးနောက် ချေပဂိုးမပေးရရေးအတွက် အဆုတ်ပေါက်ကွဲမတတ်ပြေးလွှားကာ ခံစစ်ကို ကူခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဗုဒ္ဓဟူးနေ့ညတုန်းကအတ္တလန္တာအား၃-၂ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာပွဲပြီးခါနီးမှာချေပဂိုးမပေးရရေးအတွက်အဆုတ်ပေါက်ကွဲမတတ်ပြေးလွှားကာခံစစ်ကိုအကူအညီပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာမနေ့ညတုန်းကချန်ပီယံလိဂ်ပွဲစဉ်တွင်သူရဲကောင်းထပ်မံဖြစ်ခဲ့ပါတယ်။သူဟာပွဲပြီးခါနီး၈၁မိနစ်မှာမန်ယူအတွက်အနိုင်ဂိုးကို ပါဝါပြင်းခေါင်းတိုက်ချက်ဖြင့်သွင်းယူခဲ့ပါတယ်။

ယင်းဂိုးဟာခရစ္စတီယာနိုရော်နယ်ဒိုအတွက်မန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်၈ပွဲကစားထားရာတွင်၆ဂိုးမြောက်သွင်းယူတဲ့ဂိုးဖြစ်သလိုချန်ပီယံလိဂ်တွင်၁၃၇ဂိုးမြောက်ဂိုးအားသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲအချို့မှာခရစ္စတီယာနိုရော်နယ်ဒိုဟာရှေ့တန်းတွင်ပြိုင်ဘက်အသင်းကိုဖိအားပေးမှုနည်းပါးမှု၊လုပ်အားနှုန်းမကောင်းမှုတို့ကြောင့်ပရိသတ်များနှင့်ဘောလုံးဝေဖန်ရေးသမားတို့ရဲ့ဝေဖန်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်။

 

ဒါပေမယ့် Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ရော်နယ်ဒိုဟာမန်ယူအတွက်အနိုင်ဂိုးသွင်းယူပြီးနောက်အတ္တလန္တာကချေပဂိုးရရှိရေးကြိုးပမ်းလာချိန်တွင်ဂိုးမပေးရရေးအတွက် အဆုတ်မပေါက်ကွဲမတတ်ပြေးလွှားကာခံစစ်ကြောင်းကိုကူညီခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာအသင်း ဘယ်ခြမ်းမှတန်ပြန်တိုက်စစ်ဆင်ချိန်တွင်ရှေ့တန်းမှနောက်တန်းသို့တောက်လျှောက်ပြေးလွှားပြီးလုခ်ရှောကိုအကူအညီပေးမှုနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်နာကျင်အချိန်တွင်လည်းသူဟာအတ္တလန္တာကချေပဂိုးရရှိရေးအတွက်ဖိအားပေးလာချိန်တွင်ခံစစ်ဇုန်ကနေ ဘောလုံးရှင်းထုတ်မှုပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းပွဲအပြီးတွင်မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားက ရော်နယ်ဒိုရဲ့လုပ်အားကိုဝေဖန်အပြစ်တင်သူများအနေဖြင့် အတ္တလန္တာပွဲကိုကြည့်ကြရန်ပြောကြားသွားပါတယ်။

ZawGyi

အတၱလႏၲာႏွင့္ပြဲမွာ အႏိုင္ဂိုးသြင္းၿပီးေနာက္ ေခ်ပဂိုးမေပးရေရးအတြက္ အဆုတ္ေပါက္ကြဲမတတ္ေျပးလႊားကာ ခံစစ္ကို ကူခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဗုဒၶဟူးေန႔ညတုန္းကအတၱလႏၲာအား၃-၂ဂိုးျဖင့္ အႏိုင္ရရွိတဲ့ပြဲစဥ္မွာပြဲၿပီးခါနီးမွာေခ်ပဂိုးမေပးရေရးအတြက္အဆုတ္ေပါက္ကြဲမတတ္ေျပးလႊားကာခံစစ္ကိုအကူအညီေပးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာမေန႔ညတုန္းကခ်န္ပီယံလိဂ္ပြဲစဥ္တြင္သူရဲေကာင္းထပ္မံျဖစ္ခဲ့ပါတယ္။သူဟာပြဲၿပီးခါနီး၈၁မိနစ္မွာမန္ယူအတြက္အႏိုင္ဂိုးကို ပါဝါျပင္းေခါင္းတိုက္ခ်က္ျဖင့္သြင္းယူခဲ့ပါတယ္။

ယင္းဂိုးဟာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္မန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္၈ပြဲကစားထားရာတြင္၆ဂိုးေျမာက္သြင္းယူတဲ့ဂိုးျဖစ္သလိုခ်န္ပီယံလိဂ္တြင္၁၃၇ဂိုးေျမာက္ဂိုးအားသြင္းယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲအခ်ိဳ႕မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာေရွ႕တန္းတြင္ၿပိဳင္ဘက္အသင္းကိုဖိအားေပးမႈနည္းပါးမႈ၊လုပ္အားႏႈန္းမေကာင္းမႈတို႔ေၾကာင့္ပရိသတ္မ်ားႏွင့္ေဘာလုံးေဝဖန္ေရးသမားတို႔ရဲ႕ေဝဖန္မႈခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ေရာ္နယ္ဒိုဟာမန္ယူအတြက္အႏိုင္ဂိုးသြင္းယူၿပီးေနာက္အတၱလႏၲာကေခ်ပဂိုးရရွိေရးႀကိဳးပမ္းလာခ်ိန္တြင္ဂိုးမေပးရေရးအတြက္ အဆုတ္မေပါက္ကြဲမတတ္ေျပးလႊားကာခံစစ္ေၾကာင္းကိုကူညီခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာအသင္း ဘယ္ျခမ္းမွတန္ျပန္တိုက္စစ္ဆင္ခ်ိန္တြင္ေရွ႕တန္းမွေနာက္တန္းသို႔ေတာက္ေလွ်ာက္ေျပးလႊားၿပီးလုခ္ေရွာကိုအကူအညီေပးမႈႏွစ္ႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ပါတယ္။ဒါ့အျပင္နာက်င္အခ်ိန္တြင္လည္းသူဟာအတၱလႏၲာကေခ်ပဂိုးရရွိေရးအတြက္ဖိအားေပးလာခ်ိန္တြင္ခံစစ္ဇုန္ကေန ေဘာလုံးရွင္းထုတ္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းပြဲအၿပီးတြင္မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားက ေရာ္နယ္ဒိုရဲ႕လုပ္အားကိုေဝဖန္အျပစ္တင္သူမ်ားအေနျဖင့္ အတၱလႏၲာပြဲကိုၾကည့္ၾကရန္ေျပာၾကားသြားပါတယ္။