အတ္တလန္တာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဟာဇက်ပါဝင်လာနိုင်ကြောင်း ဇီဒန်းဖွင့်ဟ

ဇီဒန်းကဒဏ်ရာကြောင့်အနားယူနေရတဲ့အေဒင်ဟာဇက်မှာအတ္တလန္တာနှင့်ရင်ဆိုင်ကစားရမယ့်ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင်ပါဝင်လာနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယံစတားဟာကြွက်သားဒဏ်ရာကြောင့်ဇန်နဝါရီလကတည်းကအနားယူလာခဲ့ရသူဖြစ်ပါတယ်။သူဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရောက်လာပြီးနောက်ဒဏ်ရာကြောင့်ရုန်းကန်နေရသူဖြစ်ပြီးအကောင်းဆုံးပုံစံပြန်ရလုနီးပါး အခြေအနေတွင်ဒဏ်ရာထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာလာမယ့်ဖေဖော်ဝါရီလ၂၄ရက်နေ့တွင်အတ္တလန္တာနှင့်ကစားရမယ့် ချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်တွင်ဟာဇက်ပြန်လည်ပါဝင်လာနိုင်ရန်မျှော်လင့်နေပါတယ်။

ဇီဒန်းက “သူကွင်းထဲပြန်ရောက်ပါပြီ။ကောင်းကောင်းလုပ်နေတယ်။လာမယ့်အပတ်မှာပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

အေဒင်ဟာဇက်ဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်လာလီဂါပွဲ၆ပွဲတည်းသာပွဲထွက်ကစားထားနိုင်ပြီး တစ်ပွဲမျှပွဲချိန်ပြည့်ကစားနိုင်ခြင်းမရှိပါဘူး။သူဟာချဲလ်ဆီးမှရောက်လာကတည်းကပွဲချိန်ပြည့်တစ်ပွဲမျှမကစားနိုင်သေးပါဘူး။

ZawGyi

အတၱလႏၲာႏွင့္ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ ဟာဇက္ပါဝင္လာႏိုင္ေၾကာင္း ဇီဒန္းဖြင့္ဟ

ဇီဒန္းကဒဏ္ရာေၾကာင့္အနားယူေနရတဲ့ေအဒင္ဟာဇက္မွာအတၱလႏၲာႏွင့္ရင္ဆိုင္ကစားရမယ့္ရီးရဲလ္မက္ဒရစ္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ပါဝင္လာႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘယ္လ္ဂ်ီယံစတားဟာႂကြက္သားဒဏ္ရာေၾကာင့္ဇန္နဝါရီလကတည္းကအနားယူလာခဲ့ရသူျဖစ္ပါတယ္။သူဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွေရာက္လာၿပီးေနာက္ဒဏ္ရာေၾကာင့္႐ုန္းကန္ေနရသူျဖစ္ၿပီးအေကာင္းဆုံးပုံစံျပန္ရလုနီးပါး အေျခအေနတြင္ဒဏ္ရာထပ္မံရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းဟာလာမယ့္ေဖေဖာ္ဝါရီလ၂၄ရက္ေန႔တြင္အတၱလႏၲာႏွင့္ကစားရမယ့္ ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ဟာဇက္ျပန္လည္ပါဝင္လာႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

ဇီဒန္းက “သူကြင္းထဲျပန္ေရာက္ပါၿပီ။ေကာင္းေကာင္းလုပ္ေနတယ္။လာမယ့္အပတ္မွာျပန္လည္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေအဒင္ဟာဇက္ဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္အတြက္လာလီဂါပြဲ၆ပြဲတည္းသာပြဲထြက္ကစားထားႏိုင္ၿပီး တစ္ပြဲမွ်ပြဲခ်ိန္ျပည့္ကစားႏိုင္ျခင္းမရွိပါဘူး။သူဟာခ်ဲလ္ဆီးမွေရာက္လာကတည္းကပြဲခ်ိန္ျပည့္တစ္ပြဲမွ်မကစားႏိုင္ေသးပါဘူး။