အတ္တလန္တာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ရန် ဘန်ဇီးမားမရေမရာဖြစ်နေ

ကာရမ်ဘန်ဇီးမားဟာသောကြာနေ့တုန်းကရီးရဲလ်မက်ဒရစ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင်ပါဝင်နိုင်ခြင်းမရှိရာဗုဒ္ဓဟူးနေ့တွင်ကစားမယ့်အတ္တလန္တာနှင့်ပွဲစဉ်တွင်ပါဝင်ကစားနိုင်ရန်မရေမရာဖြစ်နေကြောင်းသိရပါတယ်။

ဘန်ဇီးမားဟာယနေ့ညတွင်ကစားရမယ့်ဗယ်လာဒိုးလစ်နှင့်ပွဲစဉ်ကိုသေချာပေါက်လွဲချော်ဖွယ်ရှိနေပြီးအတ္တလန္တာနှင့်ပွဲစဉ်ကိုပါလွဲချော်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်အသင်းမှာဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီးကာဗာဂျယ်၊အီဒါမီလီတာအို၊ဆာဂျီယိုရာမို့စ်၊မာဆယ်လို၊ဖီဒီရီကိုဗယ်ဗာဒီ၊အယ်လ်ဗာရိုအိုဒရီယိုဇိုလာ၊အေဒင်ဟာဇက်နှင့်ရိုဒရီဂိုတို့မှလည်းဒဏ် ရာကြောင့်အနားယူနေရရာဗယ်လာဒိုးလစ်နှင့်ပွဲစဉ်ကိုလွဲချော်ကြပါမယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်မှာယနေ့ညဗယ်လာဒိုးလစ်နှင့်ပွဲစဉ်ကိုသာမကဗုဒ္ဓဟူးနေ့တွင် ကစားမယ့်အတ္တလန္တာနှင့်ချန်ပီယံလိဂ်ပွဲကိုလည်းလွဲချော်ရန်သေချာနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ် အတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။ ၎င်းတို့ဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကိုမတ်လ၁၆ ရက်နေ့မှာမှကစားသွားရပါမယ်။

ZawGyi

အတၱလႏၲာႏွင့္ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ ပါဝင္ရန္ ဘန္ဇီးမားမေရမရာျဖစ္ေန

ကာရမ္ဘန္ဇီးမားဟာေသာၾကာေန႔တုန္းကရီးရဲလ္မက္ဒရစ္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္တြင္ပါဝင္ႏိုင္ျခင္းမရွိရာဗုဒၶဟူးေန႔တြင္ကစားမယ့္အတၱလႏၲာႏွင့္ပြဲစဥ္တြင္ပါဝင္ကစားႏိုင္ရန္မေရမရာျဖစ္ေနေၾကာင္းသိရပါတယ္။

ဘန္ဇီးမားဟာယေန႔ညတြင္ကစားရမယ့္ဗယ္လာဒိုးလစ္ႏွင့္ပြဲစဥ္ကိုေသခ်ာေပါက္လြဲေခ်ာ္ဖြယ္ရွိေနၿပီးအတၱလႏၲာႏွင့္ပြဲစဥ္ကိုပါလြဲေခ်ာ္ႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္အသင္းမွာဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရၿပီးကာဗာဂ်ယ္၊အီဒါမီလီတာအို၊ဆာဂ်ီယိုရာမို႔စ္၊မာဆယ္လို၊ဖီဒီရီကိုဗယ္ဗာဒီ၊အယ္လ္ဗာ႐ိုအိုဒရီယိုဇိုလာ၊ေအဒင္ဟာဇက္ႏွင့္႐ိုဒရီဂိုတို႔မွလည္းဒဏ္ ရာေၾကာင့္အနားယူေနရရာဗယ္လာဒိုးလစ္ႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္ၾကပါမယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္မွာယေန႔ညဗယ္လာဒိုးလစ္ႏွင့္ပြဲစဥ္ကိုသာမကဗုဒၶဟူးေန႔တြင္ ကစားမယ့္အတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္ပြဲကိုလည္းလြဲေခ်ာ္ရန္ေသခ်ာေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ဗုဒၶဟူးေန႔မွာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္ အတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။ ၎တို႔ဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ကိုမတ္လ၁၆ ရက္ေန႔မွာမွကစားသြားရပါမယ္။