“အတ္တလန္တာပွဲခြေစွမ်းနဲ့ ကြိုးကြာနီကို သွားရင်ဆိုင်ရင် စုတ်ပြတ်သတ်သွားလိမ့်မယ်”

မန်ယူဂန္ထဝင်ကစားသမားပေါလ်စခိုးကအတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှမန်ယူရဲ့ခြေစွမ်းကြောင့်လီဗာပူးနည်းပြကလော့ပ်မှာလာမယ့်နှစ်သင်းထိပ်တိုက်တွေ့မယ့်ပွဲအတွက်လက်နှစ်ဖက်ကိုပွတ်နေလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကအတ္တလန္တာနှင့်အိုးထရက်ဖို့ဒ်ပွဲစဉ်တွင်လည်း၂-၀ဂိုးဖြင့်ဦးဆောင်ခြင်းခံခဲ့ရပြီးနောက်ကလိုက်ကစားကာ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မန်ယူဟာပထမပိုင်း၄၅မိနစ်ခြေစွမ်းအထူးဆိုးရွားခဲ့ပြီးပြိုင်ဘက်အတ္တလန္တာရဲ့လွှမ်းမိုးခြင်းခံခြင်းခံခဲ့ရကာကံကောင်းထောက်မလို့၂ဂိုးတည်းသာပေးခဲ့ရတာဖြစ်ပါတယ်။

ပေါလ်စခိုးကမန်ယူအနေဖြင့်လာမယ့်တနင်္ဂနွေနေ့တွင်ကစားရမယ့် လီဗာပူးနှင့်ပွဲစဉ်တွင်ယင်းခြေစွမ်းမျိုးဖြင့်ယှဉ်ပြိုင်လို့မရကြောင်းသတိပေးသွားပါတယ်။

ပေါလ်စခိုးက “ပထမပိုင်းခြေစွမ်းကဒုတိယပိုင်းခြေစွမ်းကိုမြှပ်သွားစေတယ်။ဒီလိုခြေစွမ်းမျိုးနဲ့လီဗာပူး(သို့မဟုတ်)မန်စီးတီးကိုယှဉ်လို့ရမယ်ထင်လား။နှစ်တစ်သန်းကြာတောင်နိုင်မှာမဟုတ်ဘူး။အလယ်တန်းကစာသမားနှစ်ဦးကကိုယ့်ဖာသာကိုယ်ကစားနေကြတယ်။အခွင့်အရေးတွေအများကြီးပေးခဲ့တယ်။အရည်အသွေးမြင့်တဲ့ပြိုင်ဘက်နဲ့ဆိုရင်အနိုင်ရဖို့လုံးဝအခွင့်အလမ်းမရှိပါဘူး။ပထမပိုင်းကိုအိမ်ကနေကြည့်နေမယ့်ဂျာဂင်ကလော့ပ်အခြေအနေ ဘယ်လိုဖြစ်နေမလဲတွေးသာကြည့်ပေတော့။လက်နှစ်ဖက်ပွတ်ပြီးကြည့်နေမှာသေချာတယ်။ဂိုးသမားကိုချည်းအားကိုးနေလို့မရပါဘူး။အရည်အချင်းနဲ့ပတ်သက်ပြီးသံသယဖြစ်စရာတော့မရှိပါဘူး။ပထမပိုင်းခြေစွမ်းကအရမ်းကိုစိုးရိမ်စေပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ပေါလ်စခိုးက “အလယ်တန်းကစားသမားနှစ်ဦးအတွက်တော့စိတ်မကောင်းပါဘူး။ဒီအပတ်အကုန်ပွဲမှာ၄-၂-၄ကစားဖို့တော့အခွင့်အရေးမရှိတော့ပါဘူး။တကယ်လို့ကစားလာရတောင့်ဖြိုချခံရမှာကျိန်းသေတယ်။ရှေ့တန်းလေးယောက်ကလည်းရှေ့ကိုရောက်လွန်းတယ်။အသင်းအကြားမှာချိတ်ဆက်မှုမရှိဘူး။မန်စီးတီး၊လီဗာပူးတို့ကိုဒီလိုသွားကစားရင်အားလုံးစုတ်ပြတ်သတ်သွားပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

“အတၱလႏၲာပြဲေျခစြမ္းနဲ႔ ႀကိဳးၾကာနီကို သြားရင္ဆိုင္ရင္ စုတ္ျပတ္သတ္သြားလိမ့္မယ္”

မန္ယူဂႏၴဝင္ကစားသမားေပါလ္စခိုးကအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွမန္ယူရဲ႕ေျခစြမ္းေၾကာင့္လီဗာပူးနည္းျပကေလာ့ပ္မွာလာမယ့္ႏွစ္သင္းထိပ္တိုက္ေတြ႕မယ့္ပြဲအတြက္လက္ႏွစ္ဖက္ကိုပြတ္ေနလိမ့္မယ္လို႔ေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကအတၱလႏၲာႏွင့္အိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္လည္း၂-၀ဂိုးျဖင့္ဦးေဆာင္ျခင္းခံခဲ့ရၿပီးေနာက္ကလိုက္ကစားကာ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

မန္ယူဟာပထမပိုင္း၄၅မိနစ္ေျခစြမ္းအထူးဆိုး႐ြားခဲ့ၿပီးၿပိဳင္ဘက္အတၱလႏၲာရဲ႕လႊမ္းမိုးျခင္းခံျခင္းခံခဲ့ရကာကံေကာင္းေထာက္မလို႔၂ဂိုးတည္းသာေပးခဲ့ရတာျဖစ္ပါတယ္။

ေပါလ္စခိုးကမန္ယူအေနျဖင့္လာမယ့္တနဂၤေႏြေန႔တြင္ကစားရမယ့္ လီဗာပူးႏွင့္ပြဲစဥ္တြင္ယင္းေျခစြမ္းမ်ိဳးျဖင့္ယွဥ္ၿပိဳင္လို႔မရေၾကာင္းသတိေပးသြားပါတယ္။

ေပါလ္စခိုးက “ပထမပိုင္းေျခစြမ္းကဒုတိယပိုင္းေျခစြမ္းကိုျမႇပ္သြားေစတယ္။ဒီလိုေျခစြမ္းမ်ိဳးနဲ႔လီဗာပူး(သို႔မဟုတ္)မန္စီးတီးကိုယွဥ္လို႔ရမယ္ထင္လား။ႏွစ္တစ္သန္းၾကာေတာင္ႏိုင္မွာမဟုတ္ဘူး။အလယ္တန္းကစာသမားႏွစ္ဦးကကိုယ့္ဖာသာကိုယ္ကစားေနၾကတယ္။အခြင့္အေရးေတြအမ်ားႀကီးေပးခဲ့တယ္။အရည္အေသြးျမင့္တဲ့ၿပိဳင္ဘက္နဲ႔ဆိုရင္အႏိုင္ရဖို႔လုံးဝအခြင့္အလမ္းမရွိပါဘူး။ပထမပိုင္းကိုအိမ္ကေနၾကည့္ေနမယ့္ဂ်ာဂင္ကေလာ့ပ္အေျခအေန ဘယ္လိုျဖစ္ေနမလဲေတြးသာၾကည့္ေပေတာ့။လက္ႏွစ္ဖက္ပြတ္ၿပီးၾကည့္ေနမွာေသခ်ာတယ္။ဂိုးသမားကိုခ်ည္းအားကိုးေနလို႔မရပါဘူး။အရည္အခ်င္းနဲ႔ပတ္သက္ၿပီးသံသယျဖစ္စရာေတာ့မရွိပါဘူး။ပထမပိုင္းေျခစြမ္းကအရမ္းကိုစိုးရိမ္ေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေပါလ္စခိုးက “အလယ္တန္းကစားသမားႏွစ္ဦးအတြက္ေတာ့စိတ္မေကာင္းပါဘူး။ဒီအပတ္အကုန္ပြဲမွာ၄-၂-၄ကစားဖို႔ေတာ့အခြင့္အေရးမရွိေတာ့ပါဘူး။တကယ္လို႔ကစားလာရေတာင့္ၿဖိဳခ်ခံရမွာက်ိန္းေသတယ္။ေရွ႕တန္းေလးေယာက္ကလည္းေရွ႕ကိုေရာက္လြန္းတယ္။အသင္းအၾကားမွာခ်ိတ္ဆက္မႈမရွိဘူး။မန္စီးတီး၊လီဗာပူးတို႔ကိုဒီလိုသြားကစားရင္အားလုံးစုတ္ျပတ္သတ္သြားပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။