အထင်ကြီးစရာမရှိတဲ့ ဆိုးလ်ရှားရဲ့လေ့ကျင့်ခန်းများကြောင့် မန်ယူစတားများ စိတ်ဓာတ်ပြိုကွဲကာ နည်းပြအပြောင်းအလဲဖြစ်စေလိုနေ

မန်ယူအသင်းမှစီနီယာကစားသမားများဟာဖိအားများကျရောက်နေတဲ့နည်းပြအိုလီဂန်းနားဆိုးလ်ရှားအပေါ်တွင်လုံးဝအယုံအကြည်မရှိတော့ကာ နည်းပြအပြောင်းအလဲပြုလုပ်စေလိုလျက်ရှိနေကြောင်းသိရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာတနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်လီဗာပူးကို၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ကြုံနေရပါတယ်။

မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင့်မန်ယူဘုတ်အဖွဲ့ဝင်များဟာ နည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့အနာဂတ်နှင့်ပတ်သက်ပြီးအာမခံချက်ပေးထားပေမယ့်လည်းစနေနေ့တွင်စပါးစ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲတွင်ရှုံးပွဲကြုံတွေ့ပါကရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်ထားကြပြီဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းမှစီနီယာကစားသမားများဟာလည်း ရလဒ်ပိုင်းဆိုးရွားနေချိန်တွင်အိုလီဂန်းနားဆိုးလ်ရှားရဲ့လေ့ကျင့်ရေးစနစ်များမှာ အထင်ကြီးစရာလုံးဝမရှိမှုကြောင့် စိတ်ဓာတ်ပိုင်းအကြီးအကျယ်ပြိုပျက်လျက်ရှိနေပြီးနည်းပြအပြောင်းအလဲပြုလုပ်ရန်အသင့်တော်ဆုံးကာလသို့ရောက်နေပြီလို့ယုံကြည်နေပါတယ်။

ဒါ့အပြင်မန်ယူကစားသမားများဟာဆိုးလ်ရှားရဲ့ပွဲအတွက်ပြင်ဆင်တဲ့နည်းဗျူးဟာပိုင်းများတွင်အသင်းလိုက်ကစားရမယ့်နည်းဗျူဟာပိုင်းမပါဝင်ဘဲ တစ်ဦးချင်းလုပ်ဆောင်ရမယ့်အပိုင်းကိုသာအဓိကထားရှင်းလင်းမှုနဲ့အတူ နည်းဗျူဟာပိုင်းအပေါ်တွင်အယုံအကြည်ကင်းမဲ့နေကြပါတယ်။

ZawGyi

အထင္ႀကီးစရာမရွိတဲ့ ဆိုးလ္ရွားရဲ႕ေလ့က်င့္ခန္းမ်ားေၾကာင့္ မန္ယူစတားမ်ား စိတ္ဓာတ္ၿပိဳကြဲကာ နည္းျပအေျပာင္းအလဲျဖစ္ေစလိုေန

မန္ယူအသင္းမွစီနီယာကစားသမားမ်ားဟာဖိအားမ်ားက်ေရာက္ေနတဲ့နည္းျပအိုလီဂန္းနားဆိုးလ္ရွားအေပၚတြင္လုံးဝအယုံအၾကည္မရွိေတာ့ကာ နည္းျပအေျပာင္းအလဲျပဳလုပ္ေစလိုလ်က္ရွိေနေၾကာင္းသိရပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာတနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္လီဗာပူးကို၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ႀကဳံေနရပါတယ္။

မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ႏွင့္မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာ နည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးအာမခံခ်က္ေပးထားေပမယ့္လည္းစေနေန႔တြင္စပါးစ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲတြင္ရႈံးပြဲႀကဳံေတြ႕ပါကရာထူးမွထုတ္ပယ္ရန္ဆုံးျဖတ္ထားၾကၿပီျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းမွစီနီယာကစားသမားမ်ားဟာလည္း ရလဒ္ပိုင္းဆိုး႐ြားေနခ်ိန္တြင္အိုလီဂန္းနားဆိုးလ္ရွားရဲ႕ေလ့က်င့္ေရးစနစ္မ်ားမွာ အထင္ႀကီးစရာလုံးဝမရွိမႈေၾကာင့္ စိတ္ဓာတ္ပိုင္းအႀကီးအက်ယ္ၿပိဳပ်က္လ်က္ရွိေနၿပီးနည္းျပအေျပာင္းအလဲျပဳလုပ္ရန္အသင့္ေတာ္ဆုံးကာလသို႔ေရာက္ေနၿပီလို႔ယုံၾကည္ေနပါတယ္။

ဒါ့အျပင္မန္ယူကစားသမားမ်ားဟာဆိုးလ္ရွားရဲ႕ပြဲအတြက္ျပင္ဆင္တဲ့နည္းဗ်ဴးဟာပိုင္းမ်ားတြင္အသင္းလိုက္ကစားရမယ့္နည္းဗ်ဴဟာပိုင္းမပါဝင္ဘဲ တစ္ဦးခ်င္းလုပ္ေဆာင္ရမယ့္အပိုင္းကိုသာအဓိကထားရွင္းလင္းမႈနဲ႔အတူ နည္းဗ်ဴဟာပိုင္းအေပၚတြင္အယုံအၾကည္ကင္းမဲ့ေနၾကပါတယ္။