အထုတ်ခံရမယ့်ပရီးမီးယားလိဂ်နည်းပြအဖြစ်‌ မော်ရင်ဟိုထိပ်ဆုံးမှရေပန်းစားလာ

ဟိုဆေးမော်ရင်ဟိုဟာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်မှစပါးစ်အသင်းမထင်မှတ်ထွက်ခွာခဲ့ရပြီးနောက် အထုတ်ခံရမယ့်ပရီးမီးယားလိဂ်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားလာခဲ့ပါတယ်။

စပါးစ်ဟာပထမအကျော့တုန်းကဒိုင်နမိုဇာဂရက်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်းမနေ့ညတုန်းက ကစားခဲ့တဲ့ဒုတိယအကျော့ပွဲစဉ်မှာ၃-၀ဂိုးဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။အဆိုပါပွဲစဉ်တွင်ဒိုင် နမိုဇာဂရက်တိုက်စစ်မှူးမီဆလပ်ဗ်အော်ဆစ်ကဟက်ထရစ်သွင်းယူသွားခဲ့ပါတယ်။

စပါးစ်ဟာပြီးခဲ့တဲ့နှစ်တုန်းကလည်းချန်ပီယံလိဂ်၁၆သင်းအဆင့်မှလိုက်ဇစ်ကိုရှုံးနိမ့်ကာထွက်ခဲ့ရဖူးရာ ဥရောပတွင်၁၆သင်းအဆင့်မှနှစ်နှစ်ဆက်ထွက်ခဲ့ရမှုဖြစ်လာပါတယ်။

စပါးစ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအဆင့်၈နေရာတွင်ရပ်တည်နေပြီးဥရောပဝင်ခွင့်ရရှိရန် မရေမရာဖြစ်နေပါတယ်။၎င်းတို့ဟာကာရာဘောင်းဖလားဗိုလ်လုပွဲသို့တက်ရောက်ထားနိုင်မှုကြောင့်ယခုရာသီဆုဖလားမျှော်လင့်ချက်နှင့်ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်တော့အပြည့်အဝရှိပါသေးတယ်။

အခြားတစ်ဖက်မှာစပါးစ်ပရိသတ်များဟာမော်ရင်ဟိုလက်ထက်အသင်းရဲ့ရလဒ်အပေါ်အားမရတဲ့အပြင် ခံစစ်အသားပေးကစားဟန်ကိုလည်းစိတ်ပျက်နေပါတယ်။

မော်ရင်ဟိုဟာပရီးမီးယားလိဂ်တွင်အထုတ်ခံရမယ့်နည်းပြအဖြစ်၁၃/၁၀ဖြင့်ထိပ်ဆုံးမှရေပန်းစားနေပြီးနယူးကာဆယ်နည်းပြစတိဗ်ဘရုစ်က၇/၂ဖြင့်ဒုတိယနေရာတွင်လည်းကောင်း၊ဝက်စ်ဘရွန်းနည်းပြဆမ်အလာဒွိုက်က၁၅/၁ဖြင့်တတိယနေရာတွင်လည်းကောင်းရေပန်းစားလျက်ရှိပါတယ်။

ZawGyi

အထုတ္ခံရမယ့္ပရီးမီးယားလိဂ္နည္းျပအျဖစ္‌ ေမာ္ရင္ဟိုထိပ္ဆုံးမွေရပန္းစားလာ

ဟိုေဆးေမာ္ရင္ဟိုဟာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္မွစပါးစ္အသင္းမထင္မွတ္ထြက္ခြာခဲ့ရၿပီးေနာက္ အထုတ္ခံရမယ့္ပရီးမီးယားလိဂ္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားလာခဲ့ပါတယ္။

စပါးစ္ဟာပထမအေက်ာ့တုန္းကဒိုင္နမိုဇာဂရက္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ေသာ္လည္းမေန႔ညတုန္းက ကစားခဲ့တဲ့ဒုတိယအေက်ာ့ပြဲစဥ္မွာ၃-၀ဂိုးျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။အဆိုပါပြဲစဥ္တြင္ဒိုင္ နမိုဇာဂရက္တိုက္စစ္မႉးမီဆလပ္ဗ္ေအာ္ဆစ္ကဟက္ထရစ္သြင္းယူသြားခဲ့ပါတယ္။

စပါးစ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကလည္းခ်န္ပီယံလိဂ္၁၆သင္းအဆင့္မွလိုက္ဇစ္ကိုရႈံးနိမ့္ကာထြက္ခဲ့ရဖူးရာ ဥေရာပတြင္၁၆သင္းအဆင့္မွႏွစ္ႏွစ္ဆက္ထြက္ခဲ့ရမႈျဖစ္လာပါတယ္။

စပါးစ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာအဆင့္၈ေနရာတြင္ရပ္တည္ေနၿပီးဥေရာပဝင္ခြင့္ရရွိရန္ မေရမရာျဖစ္ေနပါတယ္။၎တို႔ဟာကာရာေဘာင္းဖလားဗိုလ္လုပြဲသို႔တက္ေရာက္ထားႏိုင္မႈေၾကာင့္ယခုရာသီဆုဖလားေမွ်ာ္လင့္ခ်က္ႏွင့္ယူ႐ိုပါလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ေတာ့အျပည့္အဝရွိပါေသးတယ္။

အျခားတစ္ဖက္မွာစပါးစ္ပရိသတ္မ်ားဟာေမာ္ရင္ဟိုလက္ထက္အသင္းရဲ႕ရလဒ္အေပၚအားမရတဲ့အျပင္ ခံစစ္အသားေပးကစားဟန္ကိုလည္းစိတ္ပ်က္ေနပါတယ္။

ေမာ္ရင္ဟိုဟာပရီးမီးယားလိဂ္တြင္အထုတ္ခံရမယ့္နည္းျပအျဖစ္၁၃/၁၀ျဖင့္ထိပ္ဆုံးမွေရပန္းစားေနၿပီးနယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္က၇/၂ျဖင့္ဒုတိယေနရာတြင္လည္းေကာင္း၊ဝက္စ္ဘ႐ြန္းနည္းျပဆမ္အလာဒြိဳက္က၁၅/၁ျဖင့္တတိယေနရာတြင္လည္းေကာင္းေရပန္းစားလ်က္ရွိပါတယ္။