
အာဆင်နယ်တိုက်စစ်မှူးလီယန်ဒရိုထရိုဆတ်ဟာလာမယ့်နိုင်ငံတကာပွဲစဉ်များအပြီးအထိ အာဆင်နယ်ရဲ့ပွဲများကိုလွဲချော်လာမှာဖြစ်ကြောင်းသိရပါတယ်။
အသက်၂၈နှစ်ရှိဘယ်လ်ဂျီယံတိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကဘုန်းမောက်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပေါင်ခြံဒဏ်ရာရရှိသွားပြီးနောက်ကြားရက်တုန်းကလစ္စဘွန်းတွင်စပို့တင်းနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲကိုလွဲခဲ့သူလည်းဖြစ်ပါတယ်။
ပွဲအပြီးတွင်အာဆင်နယ်နည်းပြအာတီတာကထရိုဆတ်ရဲ့ဒဏ်ရာအခြေအနေမှာစိုးရိမ်ရတဲ့အနေအထားမှာရှိကြောင်းပြောကြားသွားခဲ့ပါတယ်။
ထရိုဆတ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘရိုက်တန်မှပြောင်းလာခဲ့သူဖြစ်ပြီးအာဆင်နယ်ရဲ့ပွဲအချို့ကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။ထရိုဆတ်ဟာလာမယ့်နိုင်ငံတကာပွဲစဉ်များအထိအာဆင်နယ်အတွက်ကစားနိုင်မှာမဟုတ်ကြောင်းသိရပါတယ်။
ဒါကြောင့်လည်းသူဟာယနေ့ညတွင်ဖူလ်ဟမ်ကိုအဝေးကွင်းသို့သွားရောက်ကစားရမဲ့လန်ဒန်ဒါဘီပွဲစဉ်ကိုလွဲချော်ပါမယ်။ပြီးလျှင်သူဟာကြားရက်တွင်စပို့တင်းနှင့်ရင်ဆိုင်ရမဲ့ယူရိုပါလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်နှင့်နိုင်ငံတကာပွဲစဉ်များမတိုင်မီ နောက်ဆုံးပွဲဖြစ်တဲ့လာမယ့်တနင်္ဂနွေနေ့ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတို့ကိုလွဲပါမယ်။
ထရိုဆတ်ဟာလာမယ့်ဧပြီလ၁ရက်နေ့တွင်လိဒ်ယူနိုက်တက်ကိုအိမ်ကွင်းမှာဧည့်ခံကစားရမဲ့ပွဲစဉ်မှာမှပါဝင်လာပါမယ်။
အာဆင်နယ်ဟာဂါဘရီရယ်ဂျေဆူးမှာဒဏ်ရာကြောင့်အနားယူနေရဆဲဖြစ်သလိုအက်ဒီနကီတာမှာလည်းဒဏ်ရာကြောင့်အနားယူနေရတာကြောင့်တိုက်စစ်အတွက်ရိုက်စ်နယ်ဆင်ကိုသာအားကိုးအသုံးပြုရပါမယ်။
ZawGyi
အဓိကတိုက္စစ္သမား လာမယ့္ပြဲ ၃ ပြဲလြဲမည္ျဖစ္၍ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ႀကဳံေနရတဲ့ အာဆင္နယ္
အာဆင္နယ္တိုက္စစ္မႉးလီယန္ဒ႐ိုထ႐ိုဆတ္ဟာလာမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးအထိ အာဆင္နယ္ရဲ႕ပြဲမ်ားကိုလြဲေခ်ာ္လာမွာျဖစ္ေၾကာင္းသိရပါတယ္။
အသက္၂၈ႏွစ္ရွိဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာၿပီးခဲ့တဲ့အပတ္တုန္းကဘုန္းေမာက္ကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာေပါင္ၿခံဒဏ္ရာရရွိသြားၿပီးေနာက္ၾကားရက္တုန္းကလစၥဘြန္းတြင္စပို႔တင္းႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲကိုလြဲခဲ့သူလည္းျဖစ္ပါတယ္။
ပြဲအၿပီးတြင္အာဆင္နယ္နည္းျပအာတီတာကထ႐ိုဆတ္ရဲ႕ဒဏ္ရာအေျခအေနမွာစိုးရိမ္ရတဲ့အေနအထားမွာရွိေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။
ထ႐ိုဆတ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘ႐ိုက္တန္မွေျပာင္းလာခဲ့သူျဖစ္ၿပီးအာဆင္နယ္ရဲ႕ပြဲအခ်ိဳ႕ကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။ထ႐ိုဆတ္ဟာလာမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားအထိအာဆင္နယ္အတြက္ကစားႏိုင္မွာမဟုတ္ေၾကာင္းသိရပါတယ္။
ဒါေၾကာင့္လည္းသူဟာယေန႔ညတြင္ဖူလ္ဟမ္ကိုအေဝးကြင္းသို႔သြားေရာက္ကစားရမဲ့လန္ဒန္ဒါဘီပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။ၿပီးလွ်င္သူဟာၾကားရက္တြင္စပို႔တင္းႏွင့္ရင္ဆိုင္ရမဲ့ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ဒုတိယအေက်ာ့ပြဲစဥ္ႏွင့္ႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီ ေနာက္ဆုံးပြဲျဖစ္တဲ့လာမယ့္တနဂၤေႏြေန႔ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲတို႔ကိုလြဲပါမယ္။
ထ႐ိုဆတ္ဟာလာမယ့္ဧၿပီလ၁ရက္ေန႔တြင္လိဒ္ယူႏိုက္တက္ကိုအိမ္ကြင္းမွာဧည့္ခံကစားရမဲ့ပြဲစဥ္မွာမွပါဝင္လာပါမယ္။
အာဆင္နယ္ဟာဂါဘရီရယ္ေဂ်ဆူးမွာဒဏ္ရာေၾကာင့္အနားယူေနရဆဲျဖစ္သလိုအက္ဒီနကီတာမွာလည္းဒဏ္ရာေၾကာင့္အနားယူေနရတာေၾကာင့္တိုက္စစ္အတြက္႐ိုက္စ္နယ္ဆင္ကိုသာအားကိုးအသုံးျပဳရပါမယ္။