အနာဂတ်ကို စဉ်းစားနေပြီး ဇန်နဝါရီတွင် ထွက်ခွာဖို့ ရှိနေတဲ့ မန်ယူစတား

အိုလီဂန်းနားဆိုးလ်ရှားဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် သူ့ကစားသမားတွေထဲကတစ်ဦးကိုလက်လွှတ်ရဖို့ရှိနေပါတယ်။

ဆိုးလ်ရှားရဲ့စူပါစတားများပြည့်နှက်နေတဲ့မန်ယူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကထိပ်တန်းစတားများခေါ်ယူခဲ့မှုနဲ့အတူကစားသမားအချို့မှာနေရာရရှိရန်ရုန်းကန်နေရပြီးမပျော်မရွှင်ဖြစ်နေကြပါတယ်။

မန်ချက်စတာညနေခင်းသတင်းရဲ့ဖော်ပြချက်အရဆိုးလ်ရှားဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာမန်ယူကစားသမားများရဲ့ချစ်ခင်လေးစားမှုကိုရရှိနေတဲ့ စံပြကစားသမားတစ်ဦးကိုလက်လွှတ်ရဖို့ရှိနေကြောင်းသိရပါတယ်။

ဂျူအန်မာတာဟာယခုရာသီတွင်ပွဲကစားချိန်အနည်းငယ်သာရရှိမှုနဲ့အတူအနာဂတ်ကိုစဉ်းစားလျက်ရှိကြောင်းသိရပါတယ်။

အသက်၃၃နှစ်ရှိစပိန်ကွင်းလယ်ဖန်တီးရှင်ဟာပရီးမီးယားလိဂ်တွင်တစ်ပွဲမျှကစားရသေးခြင်းမရှိသေးဘဲယခုရာသီတွင်၆၂မိနစ်တည်းသာပွဲကစားခွင့်ရထားပါသေးတယ်။

သူဟာဝက်စ်ဟမ်းကိုရှုံးနိမ့်တဲ့ခါရာဘောင်ဖလားပွဲမှာပွဲထွက်ခွင့်ရရှိခဲ့ပေမယ့်လည်း၆၂မိနစ်မှာလူစားလဲခြင်းခံခဲ့ရပါတယ်။

 

သူဟာပြီးခဲ့တဲ့အပတ်တုန်းကဗီလာအားရှုံးနိမ့်တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်မန်ယူလူစာရင်းတွင်ပင်ပါဝင်ခွင့်မရဘဲချန်လှပ်ခံခဲ့ရပါတယ်။

မာတာဟာနွေရာသီတုန်းကမှမန်ယူနှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုထားတာဖြစ်ပြီးစာချုပ်မှာလာမယ့်နွေမှာကုန်ဆုံးပါမယ်။

ဒါပေမယ့်သူဟာလာမယ့်လများအတွင်းတွင်ပွဲကစားခွင့်များစွာမရရှိလာပါကဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းပြောင်းနိုင်ရေးအတွက်ကြိုးပမ်းလာနိုင်ပါတယ်။

မာတာဟာ၂၀၁၃ခုနှစ်တွင်ချဲလ်ဆီးမှပေါင်၃၇.၁သန်းဖြင့်ပြောင်းလာခဲ့ပြီးနောက်မန်ယူနှင့်အတူအက်ဖ်အေဖလား၊လိဂ်ဖလားနှင့်ယူရိုပါလိဂ်ဖလားတို့ဆွတ်ခူးထားပါတယ်။

တစ်ဖက်တွင်မန်ယူတွင်နေရာရရှိရန်ရုန်းကန်နေရတဲ့ဂျက်စီလင်ဂတ်၊အဲလက်စ်တဲလ်လက်စ်၊ဘိုင်လီ၊ဗန်ဒီဘိခ်၊မာရှယ်တို့ဟာဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းပြောင်းလာနိုင်ပါတယ်။

ZawGyi

အနာဂတ္ကို စဥ္းစားေနၿပီး ဇန္နဝါရီတြင္ ထြက္ခြာဖို႔ ရွိေနတဲ့ မန္ယူစတား

အိုလီဂန္းနားဆိုးလ္ရွားဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ သူ႔ကစားသမားေတြထဲကတစ္ဦးကိုလက္လႊတ္ရဖို႔ရွိေနပါတယ္။

ဆိုးလ္ရွားရဲ႕စူပါစတားမ်ားျပည့္ႏွက္ေနတဲ့မန္ယူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကထိပ္တန္းစတားမ်ားေခၚယူခဲ့မႈနဲ႔အတူကစားသမားအခ်ိဳ႕မွာေနရာရရွိရန္႐ုန္းကန္ေနရၿပီးမေပ်ာ္မ႐ႊင္ျဖစ္ေနၾကပါတယ္။

မန္ခ်က္စတာညေနခင္းသတင္းရဲ႕ေဖာ္ျပခ်က္အရဆိုးလ္ရွားဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာမန္ယူကစားသမားမ်ားရဲ႕ခ်စ္ခင္ေလးစားမႈကိုရရွိေနတဲ့ စံျပကစားသမားတစ္ဦးကိုလက္လႊတ္ရဖို႔ရွိေနေၾကာင္းသိရပါတယ္။

ဂ်ဴအန္မာတာဟာယခုရာသီတြင္ပြဲကစားခ်ိန္အနည္းငယ္သာရရွိမႈနဲ႔အတူအနာဂတ္ကိုစဥ္းစားလ်က္ရွိေၾကာင္းသိရပါတယ္။

အသက္၃၃ႏွစ္ရွိစပိန္ကြင္းလယ္ဖန္တီးရွင္ဟာပရီးမီးယားလိဂ္တြင္တစ္ပြဲမွ်ကစားရေသးျခင္းမရွိေသးဘဲယခုရာသီတြင္၆၂မိနစ္တည္းသာပြဲကစားခြင့္ရထားပါေသးတယ္။

သူဟာဝက္စ္ဟမ္းကိုရႈံးနိမ့္တဲ့ခါရာေဘာင္ဖလားပြဲမွာပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္လည္း၆၂မိနစ္မွာလူစားလဲျခင္းခံခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့အပတ္တုန္းကဗီလာအားရႈံးနိမ့္တဲ့ပရီးမီးယားလိဂ္ပြဲစဥ္တြင္မန္ယူလူစာရင္းတြင္ပင္ပါဝင္ခြင့္မရဘဲခ်န္လွပ္ခံခဲ့ရပါတယ္။

မာတာဟာေႏြရာသီတုန္းကမွမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုထားတာျဖစ္ၿပီးစာခ်ဳပ္မွာလာမယ့္ေႏြမွာကုန္ဆုံးပါမယ္။

ဒါေပမယ့္သူဟာလာမယ့္လမ်ားအတြင္းတြင္ပြဲကစားခြင့္မ်ားစြာမရရွိလာပါကဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းေျပာင္းႏိုင္ေရးအတြက္ႀကိဳးပမ္းလာႏိုင္ပါတယ္။

မာတာဟာ၂၀၁၃ခုႏွစ္တြင္ခ်ဲလ္ဆီးမွေပါင္၃၇.၁သန္းျဖင့္ေျပာင္းလာခဲ့ၿပီးေနာက္မန္ယူႏွင့္အတူအက္ဖ္ေအဖလား၊လိဂ္ဖလားႏွင့္ယူ႐ိုပါလိဂ္ဖလားတို႔ဆြတ္ခူးထားပါတယ္။

တစ္ဖက္တြင္မန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့ဂ်က္စီလင္ဂတ္၊အဲလက္စ္တဲလ္လက္စ္၊ဘိုင္လီ၊ဗန္ဒီဘိခ္၊မာရွယ္တို႔ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းေျပာင္းလာႏိုင္ပါတယ္။