အနာဂတ်နှင့်ပတ်သက်ပြီး ဆိုးလ်ရှားနှင့် ဆွေးနွေးမှုပြုလုပ်သွားမယ့် ဗန်ဒီဘိခ်

ဒွန်နီဗန်ဒီဘိခ်ဟာလာမယ့်ရာသီသူ့ရဲ့ပွဲကစားခွင့်ရနိုင်တဲ့အခြေအနေနှင့်ပတ်သက်ပြီးမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိဒတ်ချ်လက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအေဂျက်စ်မှပေါင်၃၉သန်းဖြင့်အိုးထရက်ဖို့ဒ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာပရီးမီးယားလိဂ်မှာ၄ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးပွဲတွင်လည်းအရန်အဖြစ်တောင်ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

သူဟာနွေရာသီတုန်းကမြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာခဲ့သော်လည်းပွဲကစားချိန်အနည်းငယ်သာရရှိမှုအပေါ်စိတ်ပျက်နေပါတယ်။

ယနေ့မှာ The Telegraph ရဲ့ဖော်ပြချက်အရဗန်ဒီဘိခ်ဟာလာမယ့်ရာသီသူ့အခြေအနေနှင့်ပတ်သက်ပြီးအတိအကျသိနိုင်ရန်ဆိုးလ်ရှားနှင့်ဆွေးနွေးသွားတော့မှာဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၆ပွဲကစားခွင့်ရရှိခဲ့ပေမယ့်ပွဲအများကအရန်အဖြစ်ကစားခွင့်ရရှိခဲ့ပါတယ်။သူဟာတစ်ဂိုးတည်းသာသွင်းနိုင်ပြီးနှစ်ကြိမ်တည်းသာဖန်တီးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဗန်ဒီဘိခ်က “ကျွန်တော်ကစိတ်ရှည်တဲ့သူပါ။ဒါပေမယ့်လူတိုင်းကတော့ပွဲတွေအတတ်နိုင်ဆုံးအများကြီးကစားချင်ပါတယ်။ဒီကိုရောက်လာပြီးနောက်ကျွန်တော်ကစားခဲ့တဲ့အချိန်တွေမှာလုပ်ပြခဲ့တာကိုကြည့်ရင်ဒီအသင်းအတွက်တစ်ခုခုလုပ်နိုင်တယ်လို့ထင်မိပါတယ်”လို့ပြောကြားသွားပါတယ်။

အခြားတစ်ဖက်တွင်မန်ယူဟာအက်သလက်တီကိုမက်ဒရစ်မှကွင်းလယ်ကစားသမားဆောလ်နီဂွက်ဇ်ကိုခေါ်ယူရန်ကြိုးပမ်းနေပါတယ်။အက်သလက်တီကိုဟာကွင်းလယ်ကစားသမားဆောလ်နီဂွက်ဇ်ကိုပေါင်သန်း၄၀ဖြင့်ရောင်းချသွားပါမယ်။

ဒါကြောင့်လည်းမန်ယူနည်းပြဆိုးလ်ရှားဟာဆောလ်နီဂွက်ဇ်ကိုခေါ်ယူနိုင်မည်ဆိုပါကဗန်ဒီဘိခ်ကိုရောင်းခြင်း(သို့မဟုတ်)အငှားချခြင်းတို့ပြုလုပ်သွားနိုင်ပါတယ်။

ZawGyi

အနာဂတ္ႏွင့္ပတ္သက္ၿပီး ဆိုးလ္ရွားႏွင့္ ေဆြးေႏြးမႈျပဳလုပ္သြားမယ့္ ဗန္ဒီဘိခ္

ဒြန္နီဗန္ဒီဘိခ္ဟာလာမယ့္ရာသီသူ႔ရဲ႕ပြဲကစားခြင့္ရႏိုင္တဲ့အေျခအေနႏွင့္ပတ္သက္ၿပီးမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္ရွိဒတ္ခ်္လက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေအဂ်က္စ္မွေပါင္၃၉သန္းျဖင့္အိုးထရက္ဖို႔ဒ္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာပရီးမီးယားလိဂ္မွာ၄ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိခဲ့ၿပီးယူ႐ိုပါလိဂ္ဗိုလ္လုပြဲရႈံးပြဲတြင္လည္းအရန္အျဖစ္ေတာင္ပါဝင္ကစားခြင့္မရခဲ့ပါဘူး။

သူဟာေႏြရာသီတုန္းကျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာခဲ့ေသာ္လည္းပြဲကစားခ်ိန္အနည္းငယ္သာရရွိမႈအေပၚစိတ္ပ်က္ေနပါတယ္။

ယေန႔မွာ The Telegraph ရဲ႕ေဖာ္ျပခ်က္အရဗန္ဒီဘိခ္ဟာလာမယ့္ရာသီသူ႔အေျခအေနႏွင့္ပတ္သက္ၿပီးအတိအက်သိႏိုင္ရန္ဆိုးလ္ရွားႏွင့္ေဆြးေႏြးသြားေတာ့မွာျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၆ပြဲကစားခြင့္ရရွိခဲ့ေပမယ့္ပြဲအမ်ားကအရန္အျဖစ္ကစားခြင့္ရရွိခဲ့ပါတယ္။သူဟာတစ္ဂိုးတည္းသာသြင္းႏိုင္ၿပီးႏွစ္ႀကိမ္တည္းသာဖန္တီးႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းကဗန္ဒီဘိခ္က “ကြၽန္ေတာ္ကစိတ္ရွည္တဲ့သူပါ။ဒါေပမယ့္လူတိုင္းကေတာ့ပြဲေတြအတတ္ႏိုင္ဆုံးအမ်ားႀကီးကစားခ်င္ပါတယ္။ဒီကိုေရာက္လာၿပီးေနာက္ကြၽန္ေတာ္ကစားခဲ့တဲ့အခ်ိန္ေတြမွာလုပ္ျပခဲ့တာကိုၾကည့္ရင္ဒီအသင္းအတြက္တစ္ခုခုလုပ္ႏိုင္တယ္လို႔ထင္မိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အျခားတစ္ဖက္တြင္မန္ယူဟာအက္သလက္တီကိုမက္ဒရစ္မွကြင္းလယ္ကစားသမားေဆာလ္နီဂြက္ဇ္ကိုေခၚယူရန္ႀကိဳးပမ္းေနပါတယ္။အက္သလက္တီကိုဟာကြင္းလယ္ကစားသမားေဆာလ္နီဂြက္ဇ္ကိုေပါင္သန္း၄၀ျဖင့္ေရာင္းခ်သြားပါမယ္။

ဒါေၾကာင့္လည္းမန္ယူနည္းျပဆိုးလ္ရွားဟာေဆာလ္နီဂြက္ဇ္ကိုေခၚယူႏိုင္မည္ဆိုပါကဗန္ဒီဘိခ္ကိုေရာင္းျခင္း(သို႔မဟုတ္)အငွားခ်ျခင္းတို႔ျပဳလုပ္သြားႏိုင္ပါတယ္။