အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားရန် ရော်နယ်ကိုးမန်းငြင်းဆို

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာမနေ့ညတုန်းကဂရန်နာဒါနှင့်တစ်ဂိုးစီသရေကျပြီးနောက်အနာဂတ်နှင့်ပတ်သက်ပြီးပြောကြားရန်ငြင်းဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာဟာပွဲချိန်၈၈မိနစ်တွင်ရော်နယ်အရူဂျိုရဲ့နောက်ကျချေပဂိုးကြောင့်ဂရန်နာဒါနှင့်သရေကျခဲ့တာလည်းဖြစ်ပါတယ်။

ကိုးမန်းဟာပြီးခဲ့တဲ့ကြားရက်တုန်းကနူးကမ့်တွင်ဘိုင်ယန်မြူးနစ်ကို၃-၀ဂိုးဖြင့်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံရတော့မယ်လို့သတင်းများထွက်ပေါ်လာခဲ့သူလည်းဖြစ်ပါတယ်။

ကိုးမန်းဟာသူ့အနာဂတ်နှင့်ပတ်သက်ပြီးပြောကြားရန်ငြင်းဆိုသွားခဲ့သော်လည်းလက်ရှိ ဘာစီလိုနာမှာလွန်ခဲ့တဲ့ရှစ်နှစ်တုန်းကဘာစီလိုနာနှင့်မတူညီတော့ကြောင်းဝန်ခံသွားပါတယ်။

ကိုးမန်းက “ဒီနေ့ဘာကာကလွန်ခဲ့တဲ့ရှစ်နှစ်ကဘာကာမဟုတ်တော့ပါဘူး။ကျွန်တော်တို့ ဘာကာနည်းလမ်းအတိုင်းကစားတယ်။ဒါပေမယ့်ကော်တင်ဟိုကအတွင်းဝင်ကစားရတော့ကျွန်တော်တို့ဟာထိုးဖောက်နိုင်တဲ့လျှင်မြန်အားမရှိပါဘူး။ဒီမာကလည်းအထဲထိဝင်မကစားဘူး။အန်ဆူးနဲ့ဒမ်ဘီလီတို့ပါရင်တော့ကွဲပြားပါတယ်။မြန်နှုန်းပိုကောင်းလာပါမယ်။ဒါပေမယ့်ရှိတာကိုပဲတွေးရပါမယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာလာမယ့်သောကြာနေ့နံနက်ပိုင်းမှာကာဒစ်ဇ်ကိုအဝေးကွင်းမှာလည်းကောင်း၊တနင်္ဂနွေနေ့မှာလီဗန်တေးကိုအိမ်ကွင်းမှာလည်းကောင်းရင်ဆိုင်ကစားရပါမယ်။

ZawGyi

အနာဂတ္ႏွင့္ပတ္သက္ၿပီး ေျပာၾကားရန္ ေရာ္နယ္ကိုးမန္းျငင္းဆို

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာမေန႔ညတုန္းကဂရန္နာဒါႏွင့္တစ္ဂိုးစီသေရက်ၿပီးေနာက္အနာဂတ္ႏွင့္ပတ္သက္ၿပီးေျပာၾကားရန္ျငင္းဆိုသြားခဲ့ပါတယ္။

ဘာစီလိုနာဟာပြဲခ်ိန္၈၈မိနစ္တြင္ေရာ္နယ္အ႐ူဂ်ိဳရဲ႕ေနာက္က်ေခ်ပဂိုးေၾကာင့္ဂရန္နာဒါႏွင့္သေရက်ခဲ့တာလည္းျဖစ္ပါတယ္။

ကိုးမန္းဟာၿပီးခဲ့တဲ့ၾကားရက္တုန္းကႏူးကမ့္တြင္ဘိုင္ယန္ျမဴးနစ္ကို၃-၀ဂိုးျဖင့္ဂိုးျပတ္ရႈံးနိမ့္ၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံရေတာ့မယ္လို႔သတင္းမ်ားထြက္ေပၚလာခဲ့သူလည္းျဖစ္ပါတယ္။

ကိုးမန္းဟာသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးေျပာၾကားရန္ျငင္းဆိုသြားခဲ့ေသာ္လည္းလက္ရွိ ဘာစီလိုနာမွာလြန္ခဲ့တဲ့ရွစ္ႏွစ္တုန္းကဘာစီလိုနာႏွင့္မတူညီေတာ့ေၾကာင္းဝန္ခံသြားပါတယ္။

ကိုးမန္းက “ဒီေန႔ဘာကာကလြန္ခဲ့တဲ့ရွစ္ႏွစ္ကဘာကာမဟုတ္ေတာ့ပါဘူး။ကြၽန္ေတာ္တို႔ ဘာကာနည္းလမ္းအတိုင္းကစားတယ္။ဒါေပမယ့္ေကာ္တင္ဟိုကအတြင္းဝင္ကစားရေတာ့ကြၽန္ေတာ္တို႔ဟာထိုးေဖာက္ႏိုင္တဲ့လွ်င္ျမန္အားမရွိပါဘူး။ဒီမာကလည္းအထဲထိဝင္မကစားဘူး။အန္ဆူးနဲ႔ဒမ္ဘီလီတို႔ပါရင္ေတာ့ကြဲျပားပါတယ္။ျမန္ႏႈန္းပိုေကာင္းလာပါမယ္။ဒါေပမယ့္ရွိတာကိုပဲေတြးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာလာမယ့္ေသာၾကာေန႔နံနက္ပိုင္းမွာကာဒစ္ဇ္ကိုအေဝးကြင္းမွာလည္းေကာင္း၊တနဂၤေႏြေန႔မွာလီဗန္ေတးကိုအိမ္ကြင္းမွာလည္းေကာင္းရင္ဆိုင္ကစားရပါမယ္။