အနာဂတ်နှင့်ပတ်သက်ပြီး လာပေါ်တာနှင့် ပြတ်သားစွာ ဆွေးနွေးထားကြောင်း လာပေါ်တာဖွင့်ဟ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကသူ့ကိုရာထူးမှထုတ်ပယ်မှာမဟုတ်ကြောင်းပြောကြားလိုက်တဲ့ဘာစီလိုနာဥက္ကဌလာပေါ်တာရဲ့ပြောကြားမှုကိုကြိုဆိုလိုက်ပြီး၎င်းတို့အကြားတွင်စကားပြောဆိုကာအနာဂတ်နှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဆောင်ထားကြောင်းဆိုသွားပါတယ်။

ဘာစီလိုနာဟာမနေ့ညတုန်းကအက်သလက်တီကိုမက်ဒရစ်ကိုအဝေးကွင်းမှာ၂-၀ဂိုးဖြင့်ရှုံနိမ့်ခဲ့ပြီးနည်းပြကိုးမန်းမှာဖိအားများနှင့်ကြုံခဲ့ရပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာကအက်သလက်တီကိုနှင့်ပွဲမတိုင်မီကတည်းကဒတ်ချ်လူမျိုးနည်းပြအားအချိန်ပေးရန်ထိုက်တန်ကြောင်းပြောကြားခဲ့ပါတယ်။

ယခုအခါကိုးမန်းက “ပြီးခဲ့တဲ့ညကရောဒီနေ့မနက်ပါသူနဲ့စကားပြောဖြစ်ပါတယ်။အသင်းနဲ့ပတ်သက်ပြီးစကားပြောခဲ့ကြပါတယ်။အားလုံးလည်းရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ”လို့ပြောကြားသွားပါတယ်။

ကိုးမန်းဟာပွဲပယ်ပြစ်ဒဏ်ကြောင့်အက်သလက်တီကိုမက်ဒရစ်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲကိုကိုယ်တိုင်ကြီးကြပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ယင်းပွဲစဉ်တွင်ကိုးမန်းရဲ့ဘာစီလိုနာမှကန်ထုတ်ခြင်းခံခဲ့ရတဲ့လူးဝစ်ဆွာရက်ဇ်ဟာအက်သလက်တီကိုအတွက်ဒုတိယဂိုးကိုသွင်းယူပြီးနောက်ဖုန်းဆက်တဲ့ပုံစံမျိုးပြုလုပ်ခဲ့ကာ ကိုးမန်းကိုလှောင်ပြောင်ခဲ့ပါတယ်။ကိုးမန်းဟာဆွာရက်ဇ်အားဖုန်းဖြင့်စက္ကန့်၆၀ခန့်စကားပြောကာသူ့အစီအစဉ်တွင်မပါဝင်ကြောင်းပြောကြားကာအသင်းမှထွက်ခွာစေခဲ့တာဖြစ်ပါတယ်။

ZawGyi

အနာဂတ္ႏွင့္ပတ္သက္ၿပီး လာေပၚတာႏွင့္ ျပတ္သားစြာ ေဆြးေႏြးထားေၾကာင္း လာေပၚတာဖြင့္ဟ

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကသူ႔ကိုရာထူးမွထုတ္ပယ္မွာမဟုတ္ေၾကာင္းေျပာၾကားလိုက္တဲ့ဘာစီလိုနာဥကၠဌလာေပၚတာရဲ႕ေျပာၾကားမႈကိုႀကိဳဆိုလိုက္ၿပီး၎တို႔အၾကားတြင္စကားေျပာဆိုကာအနာဂတ္ႏွင့္ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းျဖစ္ေအာင္လုပ္ေဆာင္ထားေၾကာင္းဆိုသြားပါတယ္။

ဘာစီလိုနာဟာမေန႔ညတုန္းကအက္သလက္တီကိုမက္ဒရစ္ကိုအေဝးကြင္းမွာ၂-၀ဂိုးျဖင့္ရႈံနိမ့္ခဲ့ၿပီးနည္းျပကိုးမန္းမွာဖိအားမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာကအက္သလက္တီကိုႏွင့္ပြဲမတိုင္မီကတည္းကဒတ္ခ်္လူမ်ိဳးနည္းျပအားအခ်ိန္ေပးရန္ထိုက္တန္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ယခုအခါကိုးမန္းက “ၿပီးခဲ့တဲ့ညကေရာဒီေန႔မနက္ပါသူနဲ႔စကားေျပာျဖစ္ပါတယ္။အသင္းနဲ႔ပတ္သက္ၿပီးစကားေျပာခဲ့ၾကပါတယ္။အားလုံးလည္းရွင္းရွင္းလင္းလင္းျဖစ္သြားပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ကိုးမန္းဟာပြဲပယ္ျပစ္ဒဏ္ေၾကာင့္အက္သလက္တီကိုမက္ဒရစ္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲကိုကိုယ္တိုင္ႀကီးၾကပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ယင္းပြဲစဥ္တြင္ကိုးမန္းရဲ႕ဘာစီလိုနာမွကန္ထုတ္ျခင္းခံခဲ့ရတဲ့လူးဝစ္ဆြာရက္ဇ္ဟာအက္သလက္တီကိုအတြက္ဒုတိယဂိုးကိုသြင္းယူၿပီးေနာက္ဖုန္းဆက္တဲ့ပုံစံမ်ိဳးျပဳလုပ္ခဲ့ကာ ကိုးမန္းကိုေလွာင္ေျပာင္ခဲ့ပါတယ္။ကိုးမန္းဟာဆြာရက္ဇ္အားဖုန္းျဖင့္စကၠန႔္၆၀ခန႔္စကားေျပာကာသူ႔အစီအစဥ္တြင္မပါဝင္ေၾကာင္းေျပာၾကားကာအသင္းမွထြက္ခြာေစခဲ့တာျဖစ္ပါတယ္။