အနာဂတ်နှင့်ပတ်သက်ပြီး ဥက္ကဌသစ်လာပေါ်တာနှင့် ရော်နယ်ကိုးမန်းဆွေးနွေး

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာအင်္ဂါနေ့တုန်းကသူ့ရဲ့ဘာစီလိုနာအနာဂတ်နဲ့ပတ်သက်ပြီးကလပ်ရဲ့နူးကမ့်ရုံးခန်းမှာဂျိုဟန်လာပေါ်တာနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

Marca သတင်းရဲ့ဖော်ပြချက်အရဆွေးနွေးမှုတွင်ရော်နယ်ကိုးမန်းရဲ့ကိုယ်စားလှယ်ရော့ဘ်ဂျန်ဆင်လည်းပါဝင်ခဲ့ကာဆွေးနွေးမှုမှာနာရီဝက်မျှသာကြာမြင့်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုရဲ့အကျိုးဆက်အဖြစ်ဘာစီလိုနာဟာမကြာမီကာလအတွင်းတွင်ရော်နယ်ကိုးမန်းရဲ့အနာဂတ်ကိုဆုံးဖြတ်သွားတော့မှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာလာလီဂါဖလားဆွတ်ခူးနိုင်တဲ့အခြေအနေမျိုးပိုင်ဆိုင်နိုင်ခဲ့သော်လည်းရာသီနှောင်းပိုင်းပွဲစဉ်များတွင်ရလဒ်ဆိုးရွားမှုနှင့်အတူလာလီဂါဖလားကိုအက်သလက်တီကိုမက်ဒရစ်ဆွတ်ခူးသွားခဲ့ပါတယ်။

ဘာစီလိုနာအတွက်လက်ရှိအချိန်တွင်အကြီးမားဆုံးအကြပ်အတည်းမှာဘဏ္ဍာရေးပြဿနာဖြစ်ပြီးဥက္ကဌလာပေါ်တာမှာနွေရာသီတွင်အပြောင်းအလဲတစ်ချို့ပြုလုပ်သွားဖို့ရှိပါတယ်။

ဒါကြောင့်လည်းရော်နယ်ကိုးမန်းအနေဖြင့်နွေရာသီတွင်ဖြစ်ပျက်လာမယ့်အခြေအနေများနှင့်ပတ်သက်ပြီးသိရှိစေရန်လာပေါ်တာနှင့်ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ဒတ်ချ်လူမျိုးနည်းပြဟာသူ့အနာဂတ်နှင့်ပတ်သက်ပြီးတော့လည်းသိလိုနေပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာဟာဥက္ကဌနှင့်နည်းပြအကြားဆွေးနွေးမှုအားထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ဒါပေမယ့်၎င်းတို့ဟာမဝေးတော့တဲ့ကာလအတွင်းကိုးမန်းရဲ့အနာဂတ်ကိုဆုံးဖြတ်သွားပါမယ်။

ZawGyi

အနာဂတ္ႏွင့္ပတ္သက္ၿပီး ဥကၠဌသစ္လာေပၚတာႏွင့္ ေရာ္နယ္ကိုးမန္းေဆြးေႏြး

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာအဂၤါေန႔တုန္းကသူ႔ရဲ႕ဘာစီလိုနာအနာဂတ္နဲ႔ပတ္သက္ၿပီးကလပ္ရဲ႕ႏူးကမ့္႐ုံးခန္းမွာဂ်ိဳဟန္လာေပၚတာႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

Marca သတင္းရဲ႕ေဖာ္ျပခ်က္အရေဆြးေႏြးမႈတြင္ေရာ္နယ္ကိုးမန္းရဲ႕ကိုယ္စားလွယ္ေရာ့ဘ္ဂ်န္ဆင္လည္းပါဝင္ခဲ့ကာေဆြးေႏြးမႈမွာနာရီဝက္မွ်သာၾကာျမင့္ခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါေတြ႕ဆုံေဆြးေႏြးမႈရဲ႕အက်ိဳးဆက္အျဖစ္ဘာစီလိုနာဟာမၾကာမီကာလအတြင္းတြင္ေရာ္နယ္ကိုးမန္းရဲ႕အနာဂတ္ကိုဆုံးျဖတ္သြားေတာ့မွာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာလာလီဂါဖလားဆြတ္ခူးႏိုင္တဲ့အေျခအေနမ်ိဳးပိုင္ဆိုင္ႏိုင္ခဲ့ေသာ္လည္းရာသီေႏွာင္းပိုင္းပြဲစဥ္မ်ားတြင္ရလဒ္ဆိုး႐ြားမႈႏွင့္အတူလာလီဂါဖလားကိုအက္သလက္တီကိုမက္ဒရစ္ဆြတ္ခူးသြားခဲ့ပါတယ္။

ဘာစီလိုနာအတြက္လက္ရွိအခ်ိန္တြင္အႀကီးမားဆုံးအၾကပ္အတည္းမွာဘ႑ာေရးျပႆနာျဖစ္ၿပီးဥကၠဌလာေပၚတာမွာေႏြရာသီတြင္အေျပာင္းအလဲတစ္ခ်ိဳ႕ျပဳလုပ္သြားဖို႔ရွိပါတယ္။

ဒါေၾကာင့္လည္းေရာ္နယ္ကိုးမန္းအေနျဖင့္ေႏြရာသီတြင္ျဖစ္ပ်က္လာမယ့္အေျခအေနမ်ားႏွင့္ပတ္သက္ၿပီးသိရွိေစရန္လာေပၚတာႏွင့္ေဆြးေႏြးခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္ဒတ္ခ်္လူမ်ိဳးနည္းျပဟာသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးေတာ့လည္းသိလိုေနပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာဟာဥကၠဌႏွင့္နည္းျပအၾကားေဆြးေႏြးမႈအားထုတ္ျပန္ေၾကညာျခင္းမရွိပါဘူး။ဒါေပမယ့္၎တို႔ဟာမေဝးေတာ့တဲ့ကာလအတြင္းကိုးမန္းရဲ႕အနာဂတ္ကိုဆုံးျဖတ္သြားပါမယ္။