အနားယူကြေးအဖြစ် ရရှိတဲ့ ပေါင် ၁၀၀၀၀ ကို ကလေးဂေဟာသို့ လက်စတာဂန္ထဝင်မော်ဂန်လှူဒါန်း

လက်စတာဂန္ထဝင်ဝက်စ်မော်ဂန်ဟာကစားသမားဘဝမှအနားယူကြေးအဖြစ် PFA ထံမှရရှိတဲ့ပေါင်၁၀၀၀၀ကို ဒေသတွင်းကလေးဂေဟတစ်ခုဖြစ်တဲ့ Rainbow သို့လှူဒါန်းလိုက်ပါတယ်။

၂၀၁၆ခုနှစ်တုန်းကပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့လက်စတာအသင်းရဲ့အသင်းခေါင်းဆောင်ဟာပရဟိတလုပ်ငန်းများကိုရှေ့တန်းမှလုပ်ဆောင်လာခဲ့သူလည်းဖြစ်ပြီးကိုဗစ်ကာလအတွင်းအထောက်အပံ့ရရှိရန်နည်းပါးနေတဲ့အဖွဲ့သို့ ပေါင်၁၀၀၀၀လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

ဂျေမေကာအသင်းအတွက်ပွဲ၃၀ကစားခဲ့တဲ့ဝက်စ်မော်ဂန်ဟာလက်စတာတွင်ကစားတဲ့ပထမဆုံးရာသီပြည့်ရာသီတွင်လက်စတာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးအသင်းတွင်သုံးကြိမ်ရွေးချယ်ခြင်းခံခဲ့ရဖူးသလို၂၀၁၆ခုနှစ်တုန်းကပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်းရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာလက်စတာတွင်မကစားမီနော်ဝင်ဟမ်ဖောရက်စ်အသင်းတွင်လည်းဆယ်နှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။

ZawGyi

အနားယူေၾကးအျဖစ္ ရရွိတဲ့ ေပါင္ ၁၀၀၀၀ ကို ကေလးေဂဟာသို႔ လက္စတာဂႏၴဝင္ေမာ္ဂန္လႉဒါန္း

လက္စတာဂႏၴဝင္ဝက္စ္ေမာ္ဂန္ဟာကစားသမားဘဝမွအနားယူေၾကးအျဖစ္ PFA ထံမွရရွိတဲ့ေပါင္၁၀၀၀၀ကို ေဒသတြင္းကေလးေဂဟတစ္ခုျဖစ္တဲ့ Rainbow သို႔လႉဒါန္းလိုက္ပါတယ္။

၂၀၁၆ခုႏွစ္တုန္းကပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့လက္စတာအသင္းရဲ႕အသင္းေခါင္းေဆာင္ဟာပရဟိတလုပ္ငန္းမ်ားကိုေရွ႕တန္းမွလုပ္ေဆာင္လာခဲ့သူလည္းျဖစ္ၿပီးကိုဗစ္ကာလအတြင္းအေထာက္အပံ့ရရွိရန္နည္းပါးေနတဲ့အဖြဲ႕သို႔ ေပါင္၁၀၀၀၀လႉဒါန္းခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ေမကာအသင္းအတြက္ပြဲ၃၀ကစားခဲ့တဲ့ဝက္စ္ေမာ္ဂန္ဟာလက္စတာတြင္ကစားတဲ့ပထမဆုံးရာသီျပည့္ရာသီတြင္လက္စတာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာခ်န္ပီယံရွစ္တစ္ႏွစ္တာအေကာင္းဆုံးအသင္းတြင္သုံးႀကိမ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရဖူးသလို၂၀၁၆ခုႏွစ္တုန္းကပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးအသင္းတြင္လည္းေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

သူဟာလက္စတာတြင္မကစားမီေနာ္ဝင္ဟမ္ေဖာရက္စ္အသင္းတြင္လည္းဆယ္ႏွစ္ၾကာကစားခဲ့သူျဖစ္ပါတယ္။