အနားယူပြီးတော့မှ အသက် ၇၅ နှစ်အရွယ်တွင် ပဲလေ့စ်ကို ပြန်ကိုင်တွယ်မှုကို ရွိုင်းဟော့ဆန်ဖွင့်ဟလာ

ရွိုင်းဟော့ဆန်ဟာနည်းပြဘဝမှအနားယူထားပြီးဖြစ်ပေမဲ့လည်းသူငယ်စဉ်ကတည်းကအားပေးလာခဲ့တဲ့ခရစ္စတယ်ပဲလေ့စ်ကိုပရီးမီးယားလိဂ်တွင်ဆက်လက်ရှင်သန်ရေးအတွက် ပြန်လည်ကိုင်တွယ်လာပါတယ်။

အသက်၇၅နှစ်ရှိဟော့ဆန်ဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကခရစ္စတယ်ပဲလေ့စ်ကိုလေးနှစ်ကြာကိုင်တွယ်ပြီးနောက်အနားယူခဲ့ပေမဲ့လည်းသူ့နေရာကိုအစားထိုးခန့်အပ်ခံရတဲ့ပက်ထရစ်ဗီအဲရာနေရာတွင်အစားထိုးတာဝန်ယူရန်ပဲလေ့စ်သို့ပြန်ရောက်လာပြီဖြစ်ပါတယ်။

ဟော့ဆန်ဟာပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းကဝက်ဖို့ဒ်ကိုကာလတိုကိုင်တွယ်ပြီးနောက်နည်းပြလောကသို့နောက်ထပ်ပြန်ဝင်လာတော့မှာမဟုတ်ကြောင်းပြောကြားခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာသူငယ်စဉ်ကတည်းကအားပေးလာခဲ့တဲ့ခရစ္စတယ်ပဲလေ့စ်အသင်း အကြပ်အတည်းကြားထဲသို့ရောက်နေချိန်မှာတော့အငြင်းနိုင်ခဲ့ပါတယ်။

ဟော့ဆန်က “ကလပ်သို့ပြန်လာဖို့တောင်းဆိုခံရတာတကယ့်အခွင့်အရေးတစ်ခုရလာတာပါ။ဒီကလပ်ကကျွန်တော့်အတွက်အရာရာပါ။ကလပ်ရဲ့ကံကြမ္မာကိုအပြောင်းအလဲဖြစ်အောင်လုပ်နိုင်ဖို့ကအကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။အခုကျွန်တော်တို့ရဲ့ပစ်မှတ်ကပရီးမီးယားလိဂ်မှာဆက်လက်ရပ်တည်ဖို့နိုင်ပွဲတွေရယူဖို့၊ရမှတ်တွေယူဖို့ဖြစ်ပါတယ်။ခရစ္စတယ်ပဲလေ့စ်မှာတိုက်ပွဲဝင်စိတ်ဓာတ်ရှိပြီးသားပါ။ပရိသတ်တွေလည်းကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်မယ်ဆိုတာယုံကြည်ပြီးသားပါ။နောက်တစ်ပတ်အကြာမှာလာကစားတဲ့လက်စတာစီးတီးနဲ့ပွဲကနေတိုက်ပွဲစတင်ပါမယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာပက်ထရစ်ဗီအဲရာကိုခန့်အပ်ပြီးငယ်ရွယ်တဲ့အသင်းကိုတည်ဆောက်ပြီးစီမံကိန်းစတင်ခဲ့ရာပထမဆုံးရာသီမှာအက်ဖ်အေဖလားဆီမီးသို့တက်ပြီးပရီးမီးယားလိဂ်မှာအဆင့်၁၂နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ယခုရာသီတွင်နွေရာသီနှင့်ဆောင်းရာသီတုန်းက ကစားသမားဝယ်ယူအားဖြည့်မှုနည်းပါးမှုနဲ့အတူ နောက်ဆုံး၁၂ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက်ဗီအဲရာမှာအထုတ်ခံခဲ့ရပါတယ်။

ဟော့ဆန်ဟာပဲလေ့စ်အတွက်ပထမဆုံးပွဲအဖြစ်ဧပြီလ၁ရက်နေ့မှာလက်စတာကိုဧည့်ခံကစားရမဲ့ပွဲအားကိုင်တွယ်ရပါမယ်။

ZawGyi

အနားယူၿပီးေတာ့မွ အသက္ ၇၅ ႏွစ္အ႐ြယ္တြင္ ပဲေလ့စ္ကို ျပန္ကိုင္တြယ္မႈကို ႐ြိဳင္းေဟာ့ဆန္ဖြင့္ဟလာ

႐ြိဳင္းေဟာ့ဆန္ဟာနည္းျပဘဝမွအနားယူထားၿပီးျဖစ္ေပမဲ့လည္းသူငယ္စဥ္ကတည္းကအားေပးလာခဲ့တဲ့ခရစၥတယ္ပဲေလ့စ္ကိုပရီးမီးယားလိဂ္တြင္ဆက္လက္ရွင္သန္ေရးအတြက္ ျပန္လည္ကိုင္တြယ္လာပါတယ္။

အသက္၇၅ႏွစ္ရွိေဟာ့ဆန္ဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကခရစၥတယ္ပဲေလ့စ္ကိုေလးႏွစ္ၾကာကိုင္တြယ္ၿပီးေနာက္အနားယူခဲ့ေပမဲ့လည္းသူ႔ေနရာကိုအစားထိုးခန႔္အပ္ခံရတဲ့ပက္ထရစ္ဗီအဲရာေနရာတြင္အစားထိုးတာဝန္ယူရန္ပဲေလ့စ္သို႔ျပန္ေရာက္လာၿပီျဖစ္ပါတယ္။

ေဟာ့ဆန္ဟာၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းတုန္းကဝက္ဖို႔ဒ္ကိုကာလတိုကိုင္တြယ္ၿပီးေနာက္နည္းျပေလာကသို႔ေနာက္ထပ္ျပန္ဝင္လာေတာ့မွာမဟုတ္ေၾကာင္းေျပာၾကားခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာသူငယ္စဥ္ကတည္းကအားေပးလာခဲ့တဲ့ခရစၥတယ္ပဲေလ့စ္အသင္း အၾကပ္အတည္းၾကားထဲသို႔ေရာက္ေနခ်ိန္မွာေတာ့အျငင္းႏိုင္ခဲ့ပါတယ္။

ေဟာ့ဆန္က “ကလပ္သို႔ျပန္လာဖို႔ေတာင္းဆိုခံရတာတကယ့္အခြင့္အေရးတစ္ခုရလာတာပါ။ဒီကလပ္ကကြၽန္ေတာ့္အတြက္အရာရာပါ။ကလပ္ရဲ႕ကံၾကမၼာကိုအေျပာင္းအလဲျဖစ္ေအာင္လုပ္ႏိုင္ဖို႔ကအႀကီးမားဆုံးစိန္ေခၚမႈျဖစ္ပါတယ္။အခုကြၽန္ေတာ္တို႔ရဲ႕ပစ္မွတ္ကပရီးမီးယားလိဂ္မွာဆက္လက္ရပ္တည္ဖို႔ႏိုင္ပြဲေတြရယူဖို႔၊ရမွတ္ေတြယူဖို႔ျဖစ္ပါတယ္။ခရစၥတယ္ပဲေလ့စ္မွာတိုက္ပြဲဝင္စိတ္ဓာတ္ရွိၿပီးသားပါ။ပရိသတ္ေတြလည္းကြၽန္ေတာ္တို႔နဲ႔အတူတိုက္ပြဲဝင္မယ္ဆိုတာယုံၾကည္ၿပီးသားပါ။ေနာက္တစ္ပတ္အၾကာမွာလာကစားတဲ့လက္စတာစီးတီးနဲ႔ပြဲကေနတိုက္ပြဲစတင္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာပက္ထရစ္ဗီအဲရာကိုခန႔္အပ္ၿပီးငယ္႐ြယ္တဲ့အသင္းကိုတည္ေဆာက္ၿပီးစီမံကိန္းစတင္ခဲ့ရာပထမဆုံးရာသီမွာအက္ဖ္ေအဖလားဆီမီးသို႔တက္ၿပီးပရီးမီးယားလိဂ္မွာအဆင့္၁၂ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ယခုရာသီတြင္ေႏြရာသီႏွင့္ေဆာင္းရာသီတုန္းက ကစားသမားဝယ္ယူအားျဖည့္မႈနည္းပါးမႈနဲ႔အတူ ေနာက္ဆုံး၁၂ပြဲဆက္ႏိုင္ပြဲေပ်ာက္ၿပီးေနာက္ဗီအဲရာမွာအထုတ္ခံခဲ့ရပါတယ္။

ေဟာ့ဆန္ဟာပဲေလ့စ္အတြက္ပထမဆုံးပြဲအျဖစ္ဧၿပီလ၁ရက္ေန႔မွာလက္စတာကိုဧည့္ခံကစားရမဲ့ပြဲအားကိုင္တြယ္ရပါမယ္။