အနားယူပြီးနောက် ပထမဆုံး အင်တာဗျူးမှာ ဂျာမနီပရိသတ်များနှင့်ပတ်သက်ပြီး ရိုးသားစွာဖွင့်ဟလာတဲ့ ခရူးစ်

ဂျာမနီအလယ်တန်းကစားသမားတိုနီခရူးစ်ဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူပြီးနောက်ပထမဆုံးအကြိမ်အဖြစ်အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

တိုနီခရူးစ်ဟာပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှာအင်္ဂလန်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ရက်အနည်းငယ်အကြာမှာဂျာမနီလက်ရွေးစင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာဂျာမနီလက်ရွေးစင်ကစားသမားဘဝ၁၁နှစ်တာကာလအတွင်းမှာ၁၀၆ပွဲကစားခဲ့ပြီး၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်တိုနီခရူးစ်ကအင်တာဗျူးမှာဂျာမနီပရိသတ်အချို့တို့ဟာသူ့ဘယ်လောက်ကောင်းတယ်ဆိုတာအသိအမှတ်မပြုဘူးလို့ဆိုသွားပါတယ်။

တိုနီခရူးစ်က “ဂျာမနီကပရိသတ်တွေအားလုံးကျွန်တော့်အပေါ်သဘောမကျဘူးလို့မစွပ်စွဲချင်ပါဘူး။ဒါပေမယ့်တစ်ခါတစ်လေကျွန်တော်ကစားတဲ့၁၁နှစ်အတွင်းမှာကျွန်တော့်အပေါ်ကျေနပ်မှုမရှိဘူးလို့ခံစားရပါတယ်။စပိန်မှာတော့လုံးဝကွဲပြားပါတယ်။ပြီးခဲ့တဲ့၇နှစ်အတွင်းမှာပထမဆုံးကစားတဲ့ပွဲကနေစပြီးသဘောကျကြပါတယ်”လို့ပြောကြားသွားပါတယ်။

တိုနီခရူးစ်ဟာရီးရဲလ်မက်ဒရစ်မှာကစားတဲ့ကာလအတွင်းမှာချန်ပီယံလိဂ်ဖလား၃ကြိမ်နှင့်လာလီဂါဖလား၂ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်ကစားဖော်များဖြစ်တဲ့ကက်စ်မီရို၊လူကာမိုဒရစ်နဲ့အတူကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

အနားယူၿပီးေနာက္ ပထမဆုံး အင္တာဗ်ဴးမွာ ဂ်ာမနီပရိသတ္မ်ားႏွင့္ပတ္သက္ၿပီး ႐ိုးသားစြာဖြင့္ဟလာတဲ့ ခ႐ူးစ္

ဂ်ာမနီအလယ္တန္းကစားသမားတိုနီခ႐ူးစ္ဟာလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္အင္တာဗ်ဴးျပဳလုပ္ခဲ့ပါတယ္။

တိုနီခ႐ူးစ္ဟာၿပီးခဲ့တဲ့အဂၤါေန႔တုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွာအဂၤလန္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ရက္အနည္းငယ္အၾကာမွာဂ်ာမနီလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာဂ်ာမနီလက္ေ႐ြးစင္ကစားသမားဘဝ၁၁ႏွစ္တာကာလအတြင္းမွာ၁၀၆ပြဲကစားခဲ့ၿပီး၂၀၁၄ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္တိုနီခ႐ူးစ္ကအင္တာဗ်ဴးမွာဂ်ာမနီပရိသတ္အခ်ိဳ႕တို႔ဟာသူ႔ဘယ္ေလာက္ေကာင္းတယ္ဆိုတာအသိအမွတ္မျပဳဘူးလို႔ဆိုသြားပါတယ္။

တိုနီခ႐ူးစ္က “ဂ်ာမနီကပရိသတ္ေတြအားလုံးကြၽန္ေတာ့္အေပၚသေဘာမက်ဘူးလို႔မစြပ္စြဲခ်င္ပါဘူး။ဒါေပမယ့္တစ္ခါတစ္ေလကြၽန္ေတာ္ကစားတဲ့၁၁ႏွစ္အတြင္းမွာကြၽန္ေတာ့္အေပၚေက်နပ္မႈမရွိဘူးလို႔ခံစားရပါတယ္။စပိန္မွာေတာ့လုံးဝကြဲျပားပါတယ္။ၿပီးခဲ့တဲ့၇ႏွစ္အတြင္းမွာပထမဆုံးကစားတဲ့ပြဲကေနစၿပီးသေဘာက်ၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။

တိုနီခ႐ူးစ္ဟာရီးရဲလ္မက္ဒရစ္မွာကစားတဲ့ကာလအတြင္းမွာခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ႏွင့္လာလီဂါဖလား၂ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္ကစားေဖာ္မ်ားျဖစ္တဲ့ကက္စ္မီ႐ို၊လူကာမိုဒရစ္နဲ႔အတူကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။