အနားယူရန်စဉ်းစားနေကြောင်း ပြောကြားပြီး ရက်အနည်းငယ်အကြာတွင် ကမ်းလှမ်းမှုရလာတဲ့ ဂျက်ဝီရှိုင်းယား

ဂျက်ဝီရှိုင်းယားဟာကမ်းလှမ်းလာတဲ့ကလပ်တစ်ခုမှမရှိမှုကြောင့် ကစားသမားဘဝမှအနားယူရန်စဉ်းစားနေကြောင်းပြောကြားပြီးရက်အနည်းငယ်အကြာမှာဘဲလိဂ်၁ကလပ်ဝီဂန်ရဲ့လူသိရှင်ကြားကမ်းလှမ်းမှုရရှိလာပါတယ်။

အသက်၂၉နှစ်ရှိအာဆင်နယ်နှင့်အင်္ဂလန်လက်ရွေးစင်ဟာယခုအပတ်အစောပိုင်းတုန်းက The Athletic နှင့်အင်တာဗျူးတွင်မည်သည့်ကလပ်ကမှကမ်းလှမ်းမှုမရှိမှုကြောင့်ကစားသမားဘဝမှအနားယူရန်အလေးအနက်ထားရန်စဉ်းစားနေကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ဘုန်းမောက်မှထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့ပြီးရာသီကြိုလေ့ကျင့်ခန်းဆင်းမှုကိုဒါဘီကောင်တီနှင့်အတူပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်သူဟာအပြောင်းအရွှေ့ပိတ်ရန်ရက်အနည်းငယ်လိုတဲ့အထိမည်သည့်ကလပ်ရဲ့ကမ်းလှမ်းမှုမရမှုနဲ့အတူအနားယူရန်စဉ်းစားနေပါတယ်။

ယခုအခါဝီဂန်ဥက္ကဌတာတဲလ်အယ်ဟမ်မက်ကဂျက်ဝီရှိုင်းယားအတွက်၎င်းတို့ကလပ်ရဲ့တံခါးဖွင့်ထားကြောင်းအွန်လိုင်းတွင်ရေးသားလာပါတယ်။ဝီဂန်ဟာလိဂ်၁တွင်အဆင့်၉နေရာမှာရပ်တည်နေတဲ့ကလပ်ဖြစ်ပါတယ်။

ZawGyi

အနားယူရန္စဥ္းစားေနေၾကာင္း ေျပာၾကားၿပီး ရက္အနည္းငယ္အၾကာတြင္ ကမ္းလွမ္းမႈရလာတဲ့ ဂ်က္ဝီရႈိင္းယား

ဂ်က္ဝီရႈိင္းယားဟာကမ္းလွမ္းလာတဲ့ကလပ္တစ္ခုမွမရွိမႈေၾကာင့္ ကစားသမားဘဝမွအနားယူရန္စဥ္းစားေနေၾကာင္းေျပာၾကားၿပီးရက္အနည္းငယ္အၾကာမွာဘဲလိဂ္၁ကလပ္ဝီဂန္ရဲ႕လူသိရွင္ၾကားကမ္းလွမ္းမႈရရွိလာပါတယ္။

အသက္၂၉ႏွစ္ရွိအာဆင္နယ္ႏွင့္အဂၤလန္လက္ေ႐ြးစင္ဟာယခုအပတ္အေစာပိုင္းတုန္းက The Athletic ႏွင့္အင္တာဗ်ဴးတြင္မည္သည့္ကလပ္ကမွကမ္းလွမ္းမႈမရွိမႈေၾကာင့္ကစားသမားဘဝမွအနားယူရန္အေလးအနက္ထားရန္စဥ္းစားေနေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ဘုန္းေမာက္မွထြက္ခြာလာၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနခဲ့ၿပီးရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈကိုဒါဘီေကာင္တီႏွင့္အတူျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္သူဟာအေျပာင္းအေ႐ႊ႕ပိတ္ရန္ရက္အနည္းငယ္လိုတဲ့အထိမည္သည့္ကလပ္ရဲ႕ကမ္းလွမ္းမႈမရမႈနဲ႔အတူအနားယူရန္စဥ္းစားေနပါတယ္။

ယခုအခါဝီဂန္ဥကၠဌတာတဲလ္အယ္ဟမ္မက္ကဂ်က္ဝီရႈိင္းယားအတြက္၎တို႔ကလပ္ရဲ႕တံခါးဖြင့္ထားေၾကာင္းအြန္လိုင္းတြင္ေရးသားလာပါတယ္။ဝီဂန္ဟာလိဂ္၁တြင္အဆင့္၉ေနရာမွာရပ္တည္ေနတဲ့ကလပ္ျဖစ္ပါတယ္။