
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်သို့မပြောင်းရွှေ့မီ အနိုင်ကျင့်ခံရမှု၊အထီးကျန်မှု၊အိမ်လွှမ်းနာကျမှုတို့ကြောင့်ဘောလုံးလောကကိုစွန့်ခွာရန်အလေးအနက်ထားစဉ်းစားခဲ့ပါတယ်။
ဘောလုံးသမိုင်းတစ်လျှောက်တွင်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ရော်နယ်ဒိုဟာစပို့တင်းလစ္စဘွန်းအကယ်ဒမီမှာတုန်းကကစားသမားဘဝမှအနားယူရန်စဉ်းစားခဲ့တာလည်းဖြစ်ပါတယ်။
ချန်ပီယံလိဂဖလား၅ကြိမ်၊ Ballon d’Or ဆု၅ကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအခြားကလေးများနှင့်အသားကျရန်ရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုကိုပေါ်တူဂီရဲ့မြို့တော်လစ္စဘွန်းနှင့်၅၃၅မိုင်ကွာဝေးတဲ့ မာဒိုင်ရန်ကျွန်းတွင်၁၉၈၅ခုနှစ်၊ဖေဖော်ဝါရီလတွင်မွေးဖွားပါတယ်။
သူဟာအသက်၁၂နှစ်အရွယ်တွင်ပင်စပို့တင်းအကယ်ဒမီသို့ရောက်ရှိခဲ့ပါတယ်။
ယခုအခါတွင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အကြောင်းကိုရေးသားထားတဲ့ စာအုပ်သစ်တစ်အုပ်တွင်သူ့ရဲ့ငယ်စဉ်ဘဝအနိုင်ကျင့်ခံရမှုများပါဝင်လာပါတယ်။
ယင်းစာအုပ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုမှာမာဒိုင်ရန်လေသံဖြင့်စကားပြောမှုကြောင့်အခြားလူငယ်များရဲ့အနိုင်ကျင့်ခံခဲ့ရကြောင်း၊ကျောင်းကစားကွင်းတွင်အကြိမ်ကြိမ်ရန်ဖြစ်ခဲ့ရကြောင်းဆိုသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့လေယူလေသိမ်းကိုလှောင်ပြောင်တဲ့ဆရာမတစ်ဦးကို ထိုင်ခုံဖြင့်ပစ်ပေါက်ခဲ့ကြောင်းလည်းပါဝင်ပါတယ်။
သူဟာမိသားစုနှင့်သူငယ်ချင်းများကိုသတိရမှုကြောင့်လအတန်ကြာနေ့စဉ်ရက်ဆက်ငိုနေခဲ့ရပါတယ်။
ဒါ့အပြင်စပို့တင်းလစ္စဘွန်းဒါရိုက်တာများကလည်းရော်နယ်ဒိုကိုသင်ခန်းစာများကိုကောင်းစွာမလုပ်မှု၊ကျောင်းပျက်ကွက်မှုများကြောင့်နေအိမ်ပြန်ပို့မယ်လို့လည်းခြိမ်းခြောက်ခဲ့ပါသေးတယ်။
နောက်ဆုံးတွင်တစ်နှစ်နီးပါးအကြာတွင်ရော်နယ်ဒိုဟာသင်ခန်းစာများကိုကောင်းစွာပြုလုပ်လာသလိုဘောလုံးကိုလည်းအာရုံစိုက်လာခဲ့ကြောင်း Messi vs Ronaldo: One Rivalry, Two GOATs, and the Era That Remade the World’s Game အမည်ရှိစာအုပ်တွင်ဖော်ပြထားပါတယ်။
ZawGyi
အႏိုင္က်င့္ခံရမႈ၊ အထီးက်န္မႈတို႔ေၾကာင့္ ယူႏိုက္တက္သို႔ မေျပာင္းမီ ကစားသမားဘဝမွ ခရစၥတီယာႏိုေရာ္နယ္ဒို အနားယူလုနီးပါးျဖစ္ခဲ့
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္သို႔မေျပာင္းေ႐ႊ႕မီ အႏိုင္က်င့္ခံရမႈ၊အထီးက်န္မႈ၊အိမ္လႊမ္းနာက်မႈတို႔ေၾကာင့္ေဘာလုံးေလာကကိုစြန႔္ခြာရန္အေလးအနက္ထားစဥ္းစားခဲ့ပါတယ္။
ေဘာလုံးသမိုင္းတစ္ေလွ်ာက္တြင္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ေရာ္နယ္ဒိုဟာစပို႔တင္းလစၥဘြန္းအကယ္ဒမီမွာတုန္းကကစားသမားဘဝမွအနားယူရန္စဥ္းစားခဲ့တာလည္းျဖစ္ပါတယ္။
ခ်န္ပီယံလိဂဖလား၅ႀကိမ္၊ Ballon d’Or ဆု၅ႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအျခားကေလးမ်ားႏွင့္အသားက်ရန္႐ုန္းကန္ခဲ့ရတာလည္းျဖစ္ပါတယ္။
ေရာ္နယ္ဒိုကိုေပၚတူဂီရဲ႕ၿမိဳ႕ေတာ္လစၥဘြန္းႏွင့္၅၃၅မိုင္ကြာေဝးတဲ့ မာဒိုင္ရန္ကြၽန္းတြင္၁၉၈၅ခုႏွစ္၊ေဖေဖာ္ဝါရီလတြင္ေမြးဖြားပါတယ္။
သူဟာအသက္၁၂ႏွစ္အ႐ြယ္တြင္ပင္စပို႔တင္းအကယ္ဒမီသို႔ေရာက္ရွိခဲ့ပါတယ္။
ယခုအခါတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အေၾကာင္းကိုေရးသားထားတဲ့ စာအုပ္သစ္တစ္အုပ္တြင္သူ႔ရဲ႕ငယ္စဥ္ဘဝအႏိုင္က်င့္ခံရမႈမ်ားပါဝင္လာပါတယ္။
ယင္းစာအုပ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာမာဒိုင္ရန္ေလသံျဖင့္စကားေျပာမႈေၾကာင့္အျခားလူငယ္မ်ားရဲ႕အႏိုင္က်င့္ခံခဲ့ရေၾကာင္း၊ေက်ာင္းကစားကြင္းတြင္အႀကိမ္ႀကိမ္ရန္ျဖစ္ခဲ့ရေၾကာင္းဆိုသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ေလယူေလသိမ္းကိုေလွာင္ေျပာင္တဲ့ဆရာမတစ္ဦးကို ထိုင္ခုံျဖင့္ပစ္ေပါက္ခဲ့ေၾကာင္းလည္းပါဝင္ပါတယ္။
သူဟာမိသားစုႏွင့္သူငယ္ခ်င္းမ်ားကိုသတိရမႈေၾကာင့္လအတန္ၾကာေန႔စဥ္ရက္ဆက္ငိုေနခဲ့ရပါတယ္။
ဒါ့အျပင္စပို႔တင္းလစၥဘြန္းဒါ႐ိုက္တာမ်ားကလည္းေရာ္နယ္ဒိုကိုသင္ခန္းစာမ်ားကိုေကာင္းစြာမလုပ္မႈ၊ေက်ာင္းပ်က္ကြက္မႈမ်ားေၾကာင့္ေနအိမ္ျပန္ပို႔မယ္လို႔လည္းၿခိမ္းေျခာက္ခဲ့ပါေသးတယ္။
ေနာက္ဆုံးတြင္တစ္ႏွစ္နီးပါးအၾကာတြင္ေရာ္နယ္ဒိုဟာသင္ခန္းစာမ်ားကိုေကာင္းစြာျပဳလုပ္လာသလိုေဘာလုံးကိုလည္းအာ႐ုံစိုက္လာခဲ့ေၾကာင္း Messi vs Ronaldo: One Rivalry, Two GOATs, and the Era That Remade the World’s Game အမည္ရွိစာအုပ္တြင္ေဖာ္ျပထားပါတယ္။