အနိုင်ရယူလိုစိတ်ပြင်းပြပြီး ကလဲ့စားချေလိုစိတ်ပြင်းထန်လှတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အတွင်းစိတ်ကို ကစားဖော်ဟောင်းဖွင့်ချလာ

မန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုမှာအသက်၄၀နှစ်အထိထိပ်တန်းအဆင့်တွင်ကစားနိုင်မယ့်သူဖြစ်ကြောင်းကစားဖော်ဟောင်းနူနိုဂိုမက်စ်ကဖွင့်ဟပြောကြားလာပါတယ်။

အသက်၄၅နှစ်ရှိပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟောင်းကရော်နယ်ဒိုမှာဆုံးဖြတ်ချက်ပိုင်နိုင်မှု၊အနိုင်လိုစိတ်ပြင်းပြလွန်းလှသူဖြစ်ပြီးယင်းအချက်ကြောင့်ပင်နောက်နှစ်အနည်းငယ်အထိထိပ်တန်းအဆင့်တွင်ကစားနိုင်ဦးမှာဖြစ်ကြောင်းဆိုသွားပါတယ်။

နူနိုဂိုမက်စ်က “သူကဘောလုံးကွင်းထဲမှာတင်မကသူ့ဘဝမှာကြုံရတဲ့အရာအားလုံးမှာပြိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့သူဖြစ်ပါတယ်။ဖဲရိုက်တဲ့အခါမှာလည်းသူနိုင်ချင်ပါတယ်။အနိုင်မရရင်ဘယ်လိုနည်းကိုမဆိုအသုံးပြုပြီးကလဲ့စားခြေချင်ပါတယ်။သူဟာပြန်အနိုင်ရယူချင်တာကြောင့်နောက်ထပ်ကစားပါဦးမယ်။သူကဖဲရိုက်တာ၊ရေကူးတာ၊စနူကာ၊စားပွဲတင်တင်းနစ်တို့မှာလည်းကောင်းတဲ့သူဖြစ်ပါတယ်။သူ့ကိုအနိုင်ရဖို့ဆိုတာမလွယ်ကူလှပါဘူး။တကယ်လို့ခင်ဗျားကအနိုင်ယူသွားတယ်ဆိုစို့။တစ်နေ့လုံးသူလေ့ကျင့်ပြီးခင်ဗျားနဲ့ပြန်ရင်ဆိုင်ပြီးအနိုင်ယူပါလိမ့်မယ်။သူကသူ့ကိုယ်သူအရမ်းဂရုစိုက်တဲ့သူဆိုတော့အသက်၄၀နှစ်နောက်ပိုင်းအထိတောင်ကစားနိုင်ဦးမယ်ထင်တယ်။သူကသူ့ကိုယ်သူအသက်၂၀နှစ်တုန်းကခရစ္စတီယာနိုလိုမျိုးမဟုတ်တော့တာသိတော့ကလပ်မှာရောနိုင်ငံအသင်းမှာပါနေရာပြောင်းကစားလာတယ်။အခုဆိုရင်ဗဟိုတိုက်စစ်မှူးတစ်ဦးလိုတောင်ပိုကစားနေတယ်။ပြောရမယ်ဆိုရင်သူ့စွမ်းအင်ကိုချွေတာလာတာပါ။သူကသင့်တော်တဲ့အချိန်အခါမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချတယ်၊သူကသတ္တိရှိတယ်။အရေးပါတဲ့ကာလတွေမှာသူ့တုံ့ပြန်မှုကအရမ်းကောင်းတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူပရိသတ်များကလည်းခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုကြောင့်နှစ်များစွာဝေးကွာနေတဲ့ပရီးမီးယားလိဂ်ဖလားအားပြန်လည်ဆွတ်ခူးနိုင်ဖို့မျှော်လင့်နေပါတယ်။

ZawGyi

အႏိုင္ရယူလိုစိတ္ျပင္းျပၿပီး ကလဲ့စားေခ်လိုစိတ္ျပင္းထန္လွတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အတြင္းစိတ္ကို ကစားေဖာ္ေဟာင္းဖြင့္ခ်လာ

မန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုမွာအသက္၄၀ႏွစ္အထိထိပ္တန္းအဆင့္တြင္ကစားႏိုင္မယ့္သူျဖစ္ေၾကာင္းကစားေဖာ္ေဟာင္းႏူႏိုဂိုမက္စ္ကဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၄၅ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းကေရာ္နယ္ဒိုမွာဆုံးျဖတ္ခ်က္ပိုင္ႏိုင္မႈ၊အႏိုင္လိုစိတ္ျပင္းျပလြန္းလွသူျဖစ္ၿပီးယင္းအခ်က္ေၾကာင့္ပင္ေနာက္ႏွစ္အနည္းငယ္အထိထိပ္တန္းအဆင့္တြင္ကစားႏိုင္ဦးမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ႏူႏိုဂိုမက္စ္က “သူကေဘာလုံးကြင္းထဲမွာတင္မကသူ႔ဘဝမွာႀကဳံရတဲ့အရာအားလုံးမွာၿပိဳင္ဆိုင္လိုစိတ္ျပင္းျပတဲ့သူျဖစ္ပါတယ္။ဖဲ႐ိုက္တဲ့အခါမွာလည္းသူႏိုင္ခ်င္ပါတယ္။အႏိုင္မရရင္ဘယ္လိုနည္းကိုမဆိုအသုံးျပဳၿပီးကလဲ့စားေျခခ်င္ပါတယ္။သူဟာျပန္အႏိုင္ရယူခ်င္တာေၾကာင့္ေနာက္ထပ္ကစားပါဦးမယ္။သူကဖဲ႐ိုက္တာ၊ေရကူးတာ၊စႏူကာ၊စားပြဲတင္တင္းနစ္တို႔မွာလည္းေကာင္းတဲ့သူျဖစ္ပါတယ္။သူ႔ကိုအႏိုင္ရဖို႔ဆိုတာမလြယ္ကူလွပါဘူး။တကယ္လို႔ခင္ဗ်ားကအႏိုင္ယူသြားတယ္ဆိုစို႔။တစ္ေန႔လုံးသူေလ့က်င့္ၿပီးခင္ဗ်ားနဲ႔ျပန္ရင္ဆိုင္ၿပီးအႏိုင္ယူပါလိမ့္မယ္။သူကသူ႔ကိုယ္သူအရမ္းဂ႐ုစိုက္တဲ့သူဆိုေတာ့အသက္၄၀ႏွစ္ေနာက္ပိုင္းအထိေတာင္ကစားႏိုင္ဦးမယ္ထင္တယ္။သူကသူ႔ကိုယ္သူအသက္၂၀ႏွစ္တုန္းကခရစၥတီယာႏိုလိုမ်ိဳးမဟုတ္ေတာ့တာသိေတာ့ကလပ္မွာေရာႏိုင္ငံအသင္းမွာပါေနရာေျပာင္းကစားလာတယ္။အခုဆိုရင္ဗဟိုတိုက္စစ္မႉးတစ္ဦးလိုေတာင္ပိုကစားေနတယ္။ေျပာရမယ္ဆိုရင္သူ႔စြမ္းအင္ကိုေခြၽတာလာတာပါ။သူကသင့္ေတာ္တဲ့အခ်ိန္အခါမွာအေရးပါတဲ့ဆုံးျဖတ္ခ်က္ေတြခ်တယ္၊သူကသတၱိရွိတယ္။အေရးပါတဲ့ကာလေတြမွာသူ႔တုံ႔ျပန္မႈကအရမ္းေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူပရိသတ္မ်ားကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈေၾကာင့္ႏွစ္မ်ားစြာေဝးကြာေနတဲ့ပရီးမီးယားလိဂ္ဖလားအားျပန္လည္ဆြတ္ခူးႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။